လှတဲ့သူတိုင်း ဆားဝက်ခြံရှိတယ်လို့ ကြားဖူးတယ်။ ဒါပေမယ့် ဆားဝက်ခြံရှိနေတာတော့ ဘယ်သူမှ ကြိုက်ကြမယ်မထင်ပါဘူး။
ဆားဝက်ခြံတွေဟာ နှာခေါင်း၊ မေးစေ့နှင့် ပါးပြင်တွေမှာ အများဆုံးဖြစ်လေ့ရှိပြီး ညှစ်ရင်လည်း ပွါးတတ်တာကြောင့် အတော်စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။
ဒီထက်ပိုးဆိုးလျှင် အပေါက်အကြီးကြီးတွေဖြစ်ပြီး မျက်နှာမှာ ကြည့်ရဆိုးပါတယ်။ ဆားဝက်ခြံ သက်သာစေတဲ့နည်းတွေကတော့ အများကြီးရှိပါတယ်။
ဒီတစ်ခါ ဖော်ပြပေးမယ့် နည်းလမ်းလေးကတော့ လွယ်ကူပြီး ရိုးရှင်းပါတယ်။ ဆားဝက်ခြံကို ပျောက်ကင်းစေရုံသာမက အသားအရေကို ဖြူဝင်းပြီး စိုပြေလာစေပါတယ်။
ပထမဦးဆုံး လုပ်ရမှာကတော့ သခွားသီး ကို အကွင်းပုံစံ လှီးလိုက်ပါ။ တစ်ခုဆို လုံလောက်ပါပြီ။ ပြီးလျှင် အပေါ်မှ သကြားဖြူးလိုက်ပါ။ ဒါဆိုရင်တော့ နှာခေါင်းပေါ်က ဆားဝက်ခြံတွေကို ဖယ်ရှားဖို့အတွက် အဆင်သင့်ဖြစ်ပါပြီ ။
ပြုလုပ်နည်း
ပထမဦးစွာ လက်ကိုင်ပုဝါ (သို့)အဝတ်သန့်သန့်ကို ရေနွေးနွေးထဲမှာစိမ်ပြီး ဆားဝက်ခြံရှိတဲ့ နှာခေါင်းပေါ်မှာ ဖိကပ်ပေးပါ မိနစ်အနည်းငယ် ဖိကပ်ပေးပါ။ ဒီလိုလုပ်ခြင်းအားဖြင့် ချွေးပေါက်တွေကို ကျယ်စေပြီး
ဆားဝက်ခြံ ဖယ်ရှားနိုင်ဖို့အတွက် ပိုပြီး အထောက်အကူဖြစ်ပါတယ်။ ထို့နောက် သကြားဖြူးထားသော သခွားသီးဖြင့် နှာခေါင်းကို ပွတ်ပေးပါ။ အနည်းဆုံး ၅မိနစ် နှင့်အထက် သကြားများ အရည်ပျော်သည်အထိ ပွတ်ပေးရပါမယ်။
ပွတ်ပြီးသွားလျှင်တော့ ရေအေးဖြင့် ဆေးကြောလိုက်ပါ။ ထို့နောက် ချွေးပေါက်ကျဉ်းသွားအောင် တိုနာ (သို့) နှင်းဆီရည်ဖြင့် နှာခေါင်းကို လိမ်းပေးပါ။
နှင်းဆီရေ ပြုလုပ်ပုံ –
၁။ နှင်းဆီပွင့်ဖက်များကို သန့်ရှင်းသော ဇလုံတစ် လုံးထဲသို့ ခြွေထည့် ပါ။
၂။ ခြွေပြီးသား ပွင့်ဖက်များကို ရေသန့်သန့်နှင့် ဆေးပါ။
၃။ ဆေးပြီးသား ပွင့်ဖက်များထဲသို့ ရေနွေးဆူဆူတစ်ခွက် လောင်းထည့်ပြီး ၅ မိနစ်ခန့်မွှေပါ။
၄။ ပြီးလျှင်အအေးခံပြီး ပွင့်ဖက်များမပါအောင် အငွေ့လုံသော ဘူးသန့်သေးသေး တစ်လုံးထဲသို့ လောင်းထည့်ပါ။
၅။ ဤအရေများကို နှင်းဆီရေအဖြစ် အသုံးပြုနိုင်ပါပြီ။
တစ်ခါလုပ်ရုံဖြင့် သိသိသာသာကို ဆားဝက်ခြံတွေ မရှိတော့တာ မြင်တွေ့ရမှာပါ။ သင့်နှာခေါင်းမှာ ဆားဝက်ခြံတွေ ထူလပျစ်ဖြစ်နေတဲ့ နေ့မျိးဆိုရင် ဒီနည်းလမ်းလေးက ဖြေရှင်းပေးနိုင်မှာပါ။
နေ့စဉ်ပုံမှန် လုပ်ပေးမယ်ဆိုရင်တော့ အသားအရေကို ကြည်လင် သန့်စင်လာစေပြီး ချွေးပေါက်တွေကျဉ်းသွားကာ ဆားဝက်ခြံများ နောက်ထပ် မဖြစ်ပေါ်အောင် ကာကွယ်ပြီးသား ဖြစ်နေမှာပါ။
Zawgyi

Crd:
Comments
Post a Comment