Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။

(၁) ချက်ပြုတ်ခြင်း

ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။

(၂) အသားအေရ

ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။

(၃) ဆံပင်သား၊ လက်သည်းခြေသည်း

ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပါတယ်။ ခေါင်းမလျှော်ခင်မှာ ညကတည်းက သံလွင်ဆီကို တစ်ခေါင်းလုံးအနှံ့ လိမ်းပေးပါ။ နောက်တစ်နေ့ နံနက်ခေါင်းလျှော်ပြီးချိန်မှာ ဆံပင်သား နူးညံ့ တောက်ပြောင်ပြီး သန်စွမ်းကျန်းမာ နေပါလိမ့်မယ်။ ဒါမှမဟုတ် သံလွင်ဆီ ထည့်သွင်း ပြုလုပ်ထားတဲ့ ခေါင်းလျှော်ရည်ကို သုံးပြီး ခေါင်းလျှော်ပါ။ သံလွင်ဆီကို ဆံပင်သားနဲ့ ဦးရေပြားပေါ် လိမ်းပေးတဲ့အခါ ကွန်ဒီရှင်နာလို အာနိသင် ပေးနိုင်ရုံသာမက ဗောက်ပျောက်စေတဲ့ အစွမ်းလည်း ရှိပါတယ်။ ဒါကြောင့် သံလွင်ဆီပါတဲ့ ခေါင်းလျှော်ရည်ကို သုံးသင့်သလို ခေါင်းလျှော်ပြီးချိန်မှာလည်း သံလွင်ဆီနဲ့ရေကို ဆတူရောပြီး ဆံပင်သားပေါ် လိမ်းပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးတာကြောင့် ဆံပင်သားက ပိုတောက်ပြောင်သန်စွမ်းကာ လှပကြည့်ကောင်း နေပါလိမ့်မယ်။ လက်သည်း၊ ခြေသည်းတွေကို သံလွင်ဆီ လိမ်းပေးပါက သဘာဝကျကျ ကြည်လင် တောက်ပစေပါတယ်။

(၄) ချောင်းဆိုးခြင်းနှင့် လည်ချောင်းနာခြင်း

သံလွင်ဆီ ထမင်းစားဇွန်း တစ်ဇွန်း စားပေးပါက ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်းနာတာတို့ကို သက်သာစေပါတယ်။

(၅) ဟင်းချက်အိုးများ

သံလွင်ဆီဟာ ဟင်းချက်အိုးတွေ အစင်းထင်တာ၊ ပွန်းပဲ့တာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

(၆) နှုတ်ခမ်းဆိုးဆေး

သံလွင်ဆီဟာ ခြောက်သွေ့ကွဲအက်နေတဲ့ နှုတ်ခမ်းသားတွေအတွက် အကောင်းဆုံး နှုတ်ခမ်းဆိုးဆေး ဖြစ်ပါတယ်။ အေးမြတဲ့ ရာသီမှာ လက်လိမ်းလိုးရှင်းအဖြစ် အသုံးပြုနိုင်ပါတယ်။

(၇) ရေချိုးဆီ

ရေထဲကို သံလွင်ဆီ အစက်အနည်းငယ် ထည့်ပြီး ရေချိုးပေးပါ။ အသားအရေက သိသိသာသာ တောက်ပြောင် လာပါလိမ့်မယ်။

Tip!

၁၊သံလွင်ဆီဟာ သွေးဖိအားကို လျော့ကျစေပါတယ်။
၂။ကင်ဆာရောဂါ တချို့ရဲ့ ကြီးထွားမှုကို တားဆီးပေးနိုင်ပါတယ်။
၃။ဆီးချိုသွေးချို ဖြစ်နိုင်ခြေ များသူတွေအတွက် သင့်တော်ပါတယ်။
၄။ပန်းနာရင်ကျပ်ရောဂါနဲ့ အဆစ်ရောင်နာ ရောဂါပြင်းအားကို လျော့ကျစေပါတယ်။
၅။ကိုယ်အလေးချိန် လျော့ကျအောင် ထိန်းထားနိုင်ပါတယ်။


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...