Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

    ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့်ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်        ခြင်းထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။
၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကိုဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင်
မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများအညစ်အကြေးနှင့် အတူပါသွား      တော့သည်။
၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီးဝမ်းနှုတ်ပေး၍လည်း မလိုလား     အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။
    ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍
    ဆေးအမျိုးမျိုး သောက်သော်လည်း မပျောက်ကင်းနိုင်ခဲ့ပါ။နောက်ဆုံးသပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ    နှင့်အတူ ဆံပင်ထွေးများကျသွားသည်ဟု ဆိုပါသည်။
သပြေသီး
  
    ၂၀၀၇ ခုနှစ်က အိန္ဒိယနိုင်ငံထုတ် ဆေးပညာ ဂျာနယ်တွင်သပြေသီးမှည့်သည် ရင်သားကင်ဆာ မဖြစ်ပွားစေအောင်
    ကာကွယ်ပေးနိုင်သည့်အပြင်,ရင်သားကင်ဆာ ဝေဒနာရှင်တို့သပြေသီး စားသုံးခြင်းဖြင့် ကင်ဆာဆဲလ်များ မပြန့်ပွား        အောင်ထိန်းထားနိုင်သည်ဟု ဆိုပါသည်။
    ၂၀၀၉ ခုနှစ်တွင်လည်း အမေရီကန်ပြည်ထောင်စဆေးဝါးတက္ကသိုလ်မှ သပြေသီးသည် ရင်သားကင်ဆာမဖြစ်ပွား            အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ကြောင်းအဖြေထွက်ရှိပါသည်။

    ဦးရေပြားဗောက်ထခြင်း
    သပြေသီး သတ္တုရည်ကို လိမ်းပေးပါကဗောက်ထ ဦးရေပြားမှိုစွဲခြင်းရောဂါ ပျောက်ကင်းစေသည်။
    
    ဆီးလွန်ရောဂါနှင့်သပြေသီး
    သပြေသီးတွင် ချိုဖန်သော အရသာရှိသည်။သပြေသီးချိန်တွင် သပြေသီးမှည့်ကို စားပေးခြင်းသပြေခေါက်ကို အမှုန့်        ပြုပြီး နေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနံနက်ည စားပေးခြင်းဖြင့်လည်း ဆီးလွန်ရောဂါကိုသက်သာ ပျောက်ကင်း        စေ ပါသည်။
    သပြေစေ့
    ဆီးချိုရောဂါအတွက်အပင်တွင် ဆေးစွမ်းအကြီးဆုံးကသပြေသီးမှည့်၏ အစေ့ဖြစ်ပါသည်။ထိုအစေ့ကို စနစ်တကျ
    အခြောက်လှန်း အမှုန့်ပြုပြီးနေ့စဉ် လက်ဖက်စားဇွန်း(၁)ဇွန်းနှုန်း နံက်ည သောက်ပေးပါကဆီးချို တကယ်                ပျောက်သည် ဆိုပါသည်။
    အိန္ဒိယ ဆေးကျမ်းများတွင်သပြေရွက်ပြုတ်ရည်ကို အသည်းအားဆေးအဖြစ်တိုက်ကျွေးသည့်အပြင်, မှတ်,
    ခြင်,တို့ မကိုက်စေရန်သပြေရွက်ကို ကိုယ်ခန္ဓာတွင် ပွတ်တိုက် လိမ်းကျံကြသည်။

    အစာမကြေသူများကိုယ်ဝန်ဆောင်သူများနှင့် မတည့်ပါ။ဆေးဖက်ဝင်သည် ဆိုသော်လည်း လွန်လွန်ကျွံကျွံ မစား        သုံး သင့်ပါ။


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...