မျက်နှာမှာ အမည်းစက်တွေ၊ နေလောင်တာတွေ၊ မျက်နှာပြင်မှာ အရေပြားအရောင်မညီမညာ ဖြစ်တာ တွေကြောင့် စိတ်ညစ်နေလား။ ဘယ်လို ဖယ်ရှားရမလဲဆိုတာမသိလျှင် ဈေး ကွက်ထဲမှာ အလှပြင်ပစ္စည်းတွေက တော့ အများကြီးပေါ့။
ဒါပေမယ့် သဘာဝဆေးဖက်ဝင်ပစ္စည်းတွေကို မေ့မထားပါနဲ့။ ဒါတွေက ဓာတု ပစ္စည်းတွေ လုံးဝမပါဝင်တဲ့အတွက် သင့်ရဲ့အရေပြားပေါ်မှာ စိတ်ချလက်ချ သုံးနိုင်ပါတယ်။
ဒုတိယအနေနဲ့က တော့ အကုန်အကျလည်း မများတော့ ဘူးပေါ့။ ဟုတ်ပါပြီ။
ကဲ ဘယ်လိုလုပ် ကြမလဲ။
၁။အာလူးကို အခွံခွာလိုက်ပါ။ ပြီး တဲ့နောက် ပါးပါးလှီးပါ။
၂။ဒုတိယအဆင့်အနေနဲ့ ပရဆေး ဆိုင်က ဝယ်ထားတဲ့နှင်းဆီရေ နည်း နည်းထည့်ပါ။
၃။အနှစ်ရအောင် ပြုလုပ်ပါ။ တကယ်လို့ အဆီပြန်တတ်တဲ့အသားအရေရှိရင် တော့ သံပရာ သို့မဟုတ် ပျားရည် ထည့်ပေးနိုင်ပါတယ်။
၄။ပြီးတဲ့နောက် မျက်နှာပေါ်မှာ ၁၅ မိနစ်ခန့်ထားပြီး ရေဖြင့် ဆေးချ လိုက်ပါ။
အဓိကလိုအပ်တာကတော့ အာလူးပါပဲ။ နှင်းဆီရေမရလျင်လည်း အာလူးကို သံပရာ၊ ပျားရည်တို့နဲ့ အနှစ်ရအောင် ပြုလုပ်ပြီး အသုံးပြု နိုင်ပါတယ်။
အာလူးက နူးညံ့တဲ့အစွန်းချွတ်ပေးတဲ့အာနိသင်ရှိပြီး နေ့စဉ် မှန်မှန်အသုံးပြုခြင်းအားဖြင့် မျက်နှာ က အမည်းစက်တွေကို လျော့ကျ စေပါတယ်။
ပျားရည်ကတော့ ပိုးသတ် ပေးတဲ့အာနိသင်ရှိတဲ့အပြင် ကော် လာဂျင်ပိုထွက်စေပြီး အသားအရေ ကို တင်းရင်းစေပါတယ်။
သံပရာက အဆီထွက်ခြင်းကို လျော့ကျစေ ပြီး နှင်းဆီရေကတော့ အသားအရေ အေးစေကာ မျက်နှာကိုပိုမိုဝင်းပစေ နိုင်ပါသည်။
မိုင္ကိ
ref:ANI
Comments
Post a Comment