Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ခေါင်းတစ်ခြမ်းကိုက် ဝေဒနာ နှင့် ကုသကာကွယ်ဖို့

နှစ်စဉ် ကမ္ဘာ့လူဦးရေရဲ့ ၇၀ရာခိုင်နှုန်းခန့်ဟာ ခေါင်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHOက ကြေငြာချက် ထုတ်ပြန်ပြီး သတိပေးထားပါတယ်။ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ရောဂါတွေထဲမှာ အဖြစ်များဆုံး ရောဂါဝေဒနာ တစ်ခုလည်း ဖြစ်ပါတယ်။ ခေါင်းကိုက်တယ်လို့ အလွယ်ပြောကြပေမယ့် ခေါင်းကိုက်စေတဲ့ အကြောင်းရင်းတွေကို လေ့လာကြည့်ရင် မနည်းလှပါဘူး။ ဖြစ်စေတဲ့အကြောင်းအရင်းတွေအများအပြား ရှိပါတယ်။ ခေါင်းကိုက်တဲ့ အမျိုးအစားတွေကိုလည်း ထပ်မံ ခွဲခြားထားသေးတယ်။

ခေါင်းကိုက်ဝေဒနာတွေထဲမှာ ဒုတိယအဖြစ်များဆုံးက migraine လို့ခေါ်တဲ့ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာမျိုးပဲ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေ သန်းတစ်ထောင်ကျော်ဟာ မိုက်ဂရိန်းခေါ်တဲ့ ခေါင်းကိုက်ဝေဒနာကို ခံစားနေရပါတယ်။ အချိုးချကြည့်ရင် ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်နှုန်းလောက် ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ၃ဆလောက် ပိုအဖြစ်များတယ်။ အမျိုးသမီး ၄ယောက်မှာ တစ်ယောက်နှုန်းဖြစ်ပြီး အမျိုးသား ၁၂ယောက်မှာ တစ်ယောက်သာ ဖြစ်ကြတယ်။ ဟော်မုန်းအပြောင်းအလဲကလည်း အမျိုးသမီးတွေမှာ ပိုဖြစ်စေတဲ့ အကြောင်းတစ်ချက်အဖြစ် ပါဝင်ပါတယ်။ လေ့လာချက်တွေအရ မျိုးရိုးနဲ့လည်း သက်ဆိုင်မှုရှိတယ်လို့ ဆိုပါတယ်။ ဆွေမျိုးထဲမှာ တစ်ယောက်မက ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင်အနေအထားက မိုက်ဂရိန်းဖြစ်စေတဲ့ အခြေခံအကြောင်းအချက်အဖြစ် ပါဝင်နေပါတယ်။ လှုပ်ရှားမှုကလည်း ခေါင်းကိုက်ခြင်းကို ပိုဆိုးစေနိုင်တယ်လို့ ဆိုထားပါတယ်။

Migraine မိုက်ဂရိန်းဆိုတာ Migraine ဆိုတဲ့ ဝေါဟာရက "hemikrania"ဆိုတဲ့ ဂရိစကားလုံးက ဆင်းသက်လာပါတယ်။ hemi ဆိုတာ တစ်ခြမ်း၊ kranionဆိုတာက ဦးခေါင်းခွံ ဆိုတဲ့အဓိပ္ပါယ်ရှိပါတယ်။ မြန်မာလို အလျဉ်းသင့်အောင် ဘာသာပြန်ရင် ခေါင်းတစ်ခြမ်းမှာ နာကျင်ကိုက်ခဲတယ် ဆိုတဲ့ အဓိပ္ပါယ်မျိုးသက်ရောက်ပါတယ်။ BC 3000ကျော်လောက်ကတည်းက ကျောက်ဂူနံရံပန်းချီတွေမှာ ရောဂါခံစားရပုံတွေကို မှတ်တမ်းတင်ခဲ့ကြတယ်။ ခေါင်းကိုက်တဲ့ဖြစ်စဉ်ကို လေ့လာကြည့်တဲ့အခါ သွေးကြောတွေရဲ့ လှုပ်ရှားမှုသာမက အာရုံခံနာ့ဗ်တွေရဲ့ တုံ့ပြန်မှုကြောင့် အဓိကဖြစ်စေတယ်။ နောက်ပိုင်းလေ့လာချက်တွေအရ ဦးနှောက်မှာရှိတဲ့ ဓာတ်ပစ္စည်း ပြောင်းလဲမှုကလည်း အရေးကြီးတဲ့အချက်ဖြစ်တာ သိလာရတယ်။ သို့သော် ယနေ့ထက်ထိ ဖြစ်စေတဲ့အကြောင်းရင်းမှန်ကို တိတိကျကျမရှင်းပြနိုင်သေးဘဲ သီအိုရီလောက်သာ ခန့်မှန်းကြပါတယ်။

မိုက်ဂရိန်းမှန်ရင် Migraine ကို တခြားခေါင်းကိုက်ဝေဒနာ အမျိုးအစားတွေနဲ့ မှားယွင်းတတ်ပါတယ်။ မိုက်ဂရိန်းတစ်ခါဖြစ်ဖူးသူဟာ နောက်တစ်ကြိမ် ပြန်ဖြစ်တတ်ပါတယ်။ကြားထဲမှာ ခံစားရတဲ့ ဝေဒနာအားလုံး ပြန်လည် သက်သာရတယ်။ဝေဒနာ ပျောက်ကင်းပြီးနောက်ပိုင်းမှာ တစ်ခါပြန်ပေါ်လာပြန်တယ်။ ဒီသဘောအတိုင်းဖြစ်မှ မိုက်ဂရိန်းသေချာတယ်လို့ ဆိုပါတယ်။မိုက်ဂရိန်းဝေဒနာသည်အများစုဟာ ခေါင်းတစ်ခြမ်းတည်းမှာသာ ကိုက်ကြတယ်။ သွေးခုန်သလို တဒိတ်ဒိတ်နဲ့ ထိုးထိုးပြီး ကိုက်တယ်။ခေါင်း ရှေ့ဖက်(သို့) နားထင်ကြော တစ်လျှောက် ကိုက်တတ်တယ်။ ခေါင်းနောက်ဖက်က ထိုးပြီး ကိုက်တာမျိုးလည်း တွေ့ခဲ့ဖူးတယ်။ တခါတရံ ဦးရေပြားတင်းပြီး နာတာမျိုး ရှိတတ်တယ်။ နောက်စေ့ကနေ လည်းပင်းထိ တင်းပြီးနာနေတတ်တယ်။ အထူးသဖြင့် မနက်ပိုင်းတွေမှာ စဖြစ်တတ်တယ်။ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ တခါဖြစ်ရင် နာရီပိုင်းမှ ရက်ပိုင်းထိ ကြာနိုင်တယ်။ သီအိုရီအရ ခေါင်းကိုက်ဝေဒနာဟာ ၄နာရီ-၃ရက် အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။တချို့အလုပ်အကိုင်ပျက်တာမျိုးထိ တွေ့ရတတ်တယ်။

မိုက်ဂရိန်းသဘောနဲ့ အဆင့်လေးဆင့် ယေဘုယျအားဖြင့် အဆင့်လေးဆင့် ခွဲထားတယ်။

-မဖြစ်ခင် ကြိုတင် လက္ခဏာ ပေါ်ပေါက်တဲ့အဆင့်(Prodrome)
-ရှေ့ပြေး နိမိတ်ပြတဲ့အဆင့်(Aura)
-ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့အဆင့်(migraine Pain)
-ခေါင်းကိုက်ပြီးနောက် တခြားလက္ခဏာရပ်တွေ ခံစားရတဲ့အဆင့်(Postdrome) စသည်ဖြင့် လေးမျိုးခွဲခြားထားတယ်။

သို့သော် လူတိုင်းဟာ ဒီအဆင့်တွေအားလုံး ခံစားရတာမျိုး မဟုတ်ပါဘူး။

၁။ခေါင်းမကိုက်ခင် တစ်ရက်လောက်အလိုမှာ prodrome ရှေ့ပြေးလက္ခဏာတွေ စတင်ခံစားရတယ်။ ဒီအဆင့်မှာ ခံစားမှု စတင်ပြောင်းလဲလာသလို စိတ်အပြောင်းအလဲများလာတတ်တယ်။ စိတ်ဆတ်လာတယ်။ စိတ်ဓာတ်ကျလွယ် ဖြစ်လာတယ်။ အာရုံစူးစိုက်မရ ဖြစ်တတ်တယ်။ အနံ့၊အသံ စတာတွေကို ခံစားလွယ်လာတယ်။ လှုပ်ရှားချင်စိတ်မရှိပဲ လေးလံထိုင်းမှိုင်းနေတယ်။

၂။Aura အဆင့်ကို မိုက်ဂရိန်းလူနာ ၄ယောက်မှာ တစ်ယောက်နှုန်း တွေ့ရတယ်။ ဦခေါင်းပိုင်းကို ထောက်ပံ့နေတဲ့ သွေးကြောတွေ ကျဉ်းလာ၊ကျုံ့လာတာကြောင့် ဒီလို လက္ခဏာတွေ ခံစားရပါတယ်။နောက်ဆုံးတွေ့ရှိချက်တွေအရ aura ရှေ့ပြေး နိမိတ်ခံစားရသူအများစုဟာ လေဖြတ်နိုင်ချေ မြင့်မားသူများအဖြစ် သတ်မှတ်လာကြပါတယ်။ဒီအဆင့်မှာ စက္ခုအမြင်အာရုံမှာ နေရာကွက်ပြီး ဝါးလာကြတယ်။ပုံမှန်အားဖြင့် မြင်ကွင်းအလယ်ပိုင်းကစပြီး ကွက်ဖြစ်လာတယ်။ တခါတရံ ပုံမှန်မရှိတဲ့ လိုင်းအစင်းကြောင်းတွေ တွေ့လာ၊မြင်လာရတယ်။ လက် သို့ ခြေထောက်တခြမ်းမှာ တစစ်စစ်၊စပ်ဖျဉ်းဖျဉ်း ထုံကျဉ်ကိုက်ခဲတတ်တယ်။ တခါတရံ ဖြစ်တဲ့ဖက်ခြမ်းက ခြေ၊လက်တွေမှာ အားယုတ်သလို၊အားပျော့သလို ခံစားလာရတယ်။ ဒီလို ရှေ့ပြေးနိမိတ်တွေခံစားရပြီး မကြာခင် မိုက်ဂရိန်းခေါင်းကိုက်ဝေဒနာ ခံစားရတော့မယ်ဆိုတာ သိထားသင့်ပါတယ်။

၃။ကျဉ်းနေတဲ့သွေးကြောက တဖန်ကျယ်လာတဲ့အခါ ခေါင်းကိုက်ဝေဒနာ စတင်ခံစားရပါတယ်။ဒီအဆင့်ဟာ migraine ခေါင်းကိုက်ဝေဒနာ အမှန်တကယ် ခံစားရတဲ့ အဆင့်ဖြစ်ပါတယ်။ ခေါင်းကိုက်တဲ့အခါ နာရီပိုင်းမှ ရက်ပိုင်းအထိ ကြာတတ်ပါတယ်။အများစုဟာ နာရီပိုင်းလောက် ဝေဒနာခံစားရပြီး ပုံမှန်အားဖြင့် ၃ရက်အတွင်း ပြန်လည်သက်သာကြတယ်။ ၆၀ရာခိုင်နှုန်းဟာ ခေါင်းတစ်ခြမ်းထဲမှာသာ ထိုးပြီး ကိုက်တယ်။ ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပျို့ချင်အန်ချင် အဖြစ်များတယ်။ ဆူညံသံတွေ၊အလင်းစူးစူးတွေက ဝေဒနာကို ပိုဆိုးလာစေတယ်။ မျက်လုံးတွေဝေဝါးလာတတ်သလို ဆီးသွားများတာ၊ချွေးထွက်များတာ ဖြစ်လာတယ်။ ခေါင်း၊ဂုတ်စတဲ့အကြောတွေ တင်းလာ၊မာလာတယ်။နားထင်ကြောတွေ ကိုက်လာတယ်။ တချို့ဟာ နေ့စဉ်အလုပ်တွေ မလုပ်နိုင်အောင် ဝေဒနာခံစားရတယ်။ လှုပ်ရှားမှုများရင် မသက်သာပဲ ပိုဆိုးလာဦးမယ်။ ဒီလိုဖြစ်လာရင် အကောင်းဆုံးက တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာသာ အနားယူပေးသင့်တယ်။
၄။ခေါင်းကိုက်ဝေဒနာသက်သာတဲ့အခါ အချို့ဟာ အရက်နာကျသလို ဝေဒနာတွေ ဆက်လက်ခံစားရတတ်ပါတယ်။ ဒီအဆင့်ကို postdrome လို့ ခေါ်ပါတယ်။အာရုံစူးစိုက်လို့မရသလို အားယုတ်သလိုမျိုး ခံစားရတယ်။ နေလို့ထိုင်လို့ မကောင်းသလို အရှင်းမပျောက်သေးဘူး။ အများစုဟာ ဒီလိုခံစားရပြီး နာရီပိုင်းအတွင်းမှာပဲ လုံးဝ သက်သာပျောက်ကင်းသွားကြတယ်။ ဝေဒနာပျောက်သွားတဲ့အခါ လူကောင်းအတိုင်း ပုံမှန်ပြန်ဖြစ်ကြပါတယ်။

မိုက်ဂရိန်းဝေဒနာနဲ့ အမျိုးအစားများ ပုံမှန်အားဖြင့် migraine without auraနဲ့ migraine with auraဆိုပြီး နှစ်မျိုးခွဲထားတယ်။ ကြိုတင် နိမိတ်ပြလက္ခဏာမရှိပဲ ရုတ်တရက်ဖြစ်တဲ့ migraine without aura ဟာ ပိုမိုအဖြစ်များတယ်။ ဝေဒနာခံစားရသူ အများစုဟာ တစ်လအတွင်း တစ်ကြိမ်၊နှစ်ကြိမ်ထက် ပိုဖြစ်လေ့ မရှိကြဘူး။ တစ်လအတွင်း ၁၅ရက်ထက် ပိုဖြစ်တတ်သူတွေကို chronic migraine နာတာရှည် မိုက်ဂရိန်းလို့ ခေါ်ပါတယ်။ အနည်းဆုံး ၃လဆက်တိုက်ဖြစ်ကြတယ်။ ရာသီသွေးဆင်းတဲ့ရက်တွေမှာ မိုက်ဂရိန်းလက္ခဏတွေ ခံစားရသူကို menstrual migraineလို့ ခေါ်ပါတယ်။ ဗိုက်မှာ ဖြစ်ရင် abdominal migraineလို့ ခေါ်ပါတယ်။ ကလေးတွေမှာ အဓိကတွေ့ရတယ်။ basilar migraine ဆိုတာ ဦးနှောက်အခြေမှာရှိတဲ့ သွေးကြောမှာ သက်ရောက်မှုရှိတဲ့အခါမျိုးကို ခေါ်ပါတယ်။ နောက်စေ့ဖက်မှာ ထိုးကိုက်တာမျိုး၊ နားထဲမှာ အသံကြားရသလို ဖြစ်တတ်တယ်။ချာချာလည်မူးတာလည်း ရှိတတ်ကြတယ်။occular migraineဆိုတာ မျက်စိကိုက်ပြီး နာတာမျိုးကို ခေါ်ပါတယ်။ hemiplegic migraineဆိုတာ ကိုယ်တခြမ်း အားယုတ်ပြီး မိုက်ဂရိန်းလက္ခဏာတွေ ခံစားရတယ်။ တချို့က ရက်ပိုင်းထိ ကြာတတ်တယ်။ကံကောင်းတဲ့အချက်က အဖြစ်များတဲ့အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ကာလတွေမှာ မိုက်ဂရိန်းဝေဒနာ မခံစားကြရဘူး။

မိုက်ဂရိန်းဖြစ်တဲ့အခါ အိမ်မှာ ဘာတွေလုပ်နိုင်လဲ။

-ဖြစ်တဲ့ဖက်ကို ရေခဲဝတ် ကပ်ပေးထားသင့်တယ်။
-ပါရာစီတမော၊ အက်စ်ပရင် အကိုက်အခဲပျောက်ဆေးတမျိုးမျိုး သောက်ပေးနိုင်တယ်။
-ရေများများ သောက်ပေးပါ။
-ပူရှိန်းပါတဲ့ ဆေးတမျိုးမျိုးလိမ်းပြီး နှိပ်ပေးနိုင်တယ်။
-ကြက်ပြုတ်ရေ ပူပူနွေးနွေး သောက်ပေးနိုင်တယ်။တချို့က ဂျင်းထဲ့ပြီး သောက်ခိုင်းတယ်။
-ဂျင်းထဲမှာပါတဲ့ ဓာတ်တမျိုးက ပျို့အန်တာကို သက်သာစေတယ်။
-ကဖိန်းဓာတ်က သွေးကြောတွေကို ကျဉ်းစေတဲ့သဘောရှိလို့ ဝေဒနာသက်သာစေမယ်။
-လေ့လာမှုတချို့အရ ပူစပ်တဲ့ အစားအသောက်တွေက ခံစားရတဲ့ ဝေဒနာကို ယာယီသက်သာစေတယ်။
-ဗီတာမင် B2၊B6၊ B12၊ မဂ္ဂနီစီယမ်၊ coenzyme Q10ပါတဲ့ အားဆေးတွေ သောက်ပေးနိုင်တယ်။
-အာယုဗေဒ ဆေးကျမ်းမှာ စပျစ်ရည်(သို့) ခါကျက်ဥ ဖျော်ရည် တမျိုးမျိုး သောက်ပေးနိုင်တယ်လို့ ဆိုထားပါတယ်။
-အရေးကြီးဆုံးအချက်က တိတ်ဆိတ်ပြီး မှောင်မိုက်တဲ့ အခန်းထဲမှာ လဲလျှောင်းအိပ်စက် အနားယူပေးပါ။

လိုက်နာရန်အချက်များ

-နေ့စဉ် အချိန်မှန်အိပ်စက်အနားယူသင့်တယ်။
-စိတ္ဖိစီးမႈ တတ္နိုင္သမွ် ေလွ်ာ့ခ်ပါ။
-အစားအသောက် ပုံမှန်စားပါ။ အစာလွန်မခံပါနဲ့။
-အာရုံစိုက်ရတဲ့ အလုပ်မှန်သမျှရှောင်ထားသင့်တယ်။
-လိုအပ်ရင် ခေါင်းကို နှိပ်ပေးနိုင်တယ်။
-ဆေးလိပ်၊အရက်သောက်ခြင်းက ဝေဒနာကို ပိုဆိုးစေတယ်။
-ထောပတ်၊ချီးစ်၊ဝိုင်အနီ၊ချောကလက်၊ အစေ့အဆံ၊ဟင်းချိုမှုန့် စတာတွေက ခေါင်းကိုက်စေတတ်တယ်။
-ဟော်မုန်းဆေး၊ တားဆေး၊ အိပ်ဆေးတချို့ကလည်း ဖြစ်စေတတ်သေးတယ်။
-အလင်းစူးစူးတွေ၊ ဆူညံသံတွေက ဝေဒနာကို ပိုဆိုးလာစေလို့ ရှောင်ရှားသင့်တယ်။
-လှုပ်ရှားမှုကြောင့် ခေါင်းကိုက်ဝေဒနာ ပိုဆိုးလာစေတာ တွေ့ရတယ်။
-အနားယူပြီး မသက်သာရင်(သို့) ပိုဆိုးလာရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

မိုက်ဂရိန်းမှာခံစားရတဲ့ ခေါင်းကိုက်ဝေဒနာဟာ တခါတရံ ပြင်းထန်တတ်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဝေဒနာခံစားရပုံချင်း မတူညီကြဘူး။အထူးသဖြင့် အမျိုးသမီးတွေဟာ ဟော်မုန်းအပြောင်းအလဲဒဏ်ကို အများဆုံးခံစားကြရတယ်။ သို့သော် ဒီလိုဖြစ်တတ်တာကြောင့် စိတ်ဓာတ်မကျစေချင်ပါ။ မိုက်ဂရိန်း ခေါင်းကိုက်ဝေဒနာ ခံစားရသူ တစ်ယောက်က ဒီလိုပြောပါတယ်။

"မနက်စောစော ကျွန်တော် အိပ်ရာက ထခဲ့ပါတယ်။ ကျွန်တော့်ခေါင်းတခြမ်း ထိုးကိုက်နေတယ်။ ကျွန်တော် အလုပ်နှစ်ခု ဆက်လုပ်ခဲ့ပါတယ်။ ဖွင့်ထားတဲ့မီးကို ပိတ်လိုက်ပြီးနောက် ပြန်အိပ်လိုက်ပါတယ်" ။

နောက်ဝေဒနာရှင်တစ်ယောက်က ဒီလိုအကြံပေးပြန်ပါတယ်။ "ခေါင်းကိုက်ဝေဒနာခံစားရတဲ့အခါ အသက်ပြင်းပြင်းလေး တစ်ချက်ရှူရှိုက်လိုက်ပါ၊အနည်းဆုံး စိတ်ငြိမ်သွားအောင် စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်"တဲ့။

အကောင်းမြင်ဝါဒသမားတွေ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တစ်ခုရှိပါတယ်။ "နာကျင်မှုဟာ ကျွန်တော့ကို ဒုက္ခပေးနေသလား ကျွန်တော် မသိပါ။ သို့သော် ပိုမိုသန်စွမ်းလာအောင် စွမ်းဆောင်ပေးနိုင်ပါသတဲ့။"

ဒေါက်တာအေးမင်းထူး


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...