Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

စပါးလင် ၏ ကျန်းမာရေးအာနိသင်များ

မြက်မျိုးနွယ်ဝင် စပါးလင် သည် စပါးလင်မွှေးနှင့် ဟင်းစားစပါးလင် ဟု နှစ်မျိုး ရှိကြောင်း၊ စပါးလင်မွှေး သည် ဟင်းစားစပါးလင်ထက် ပို ၍ ရွက်ပြားကြီးကာ ပို၍ရှည်လျား ကြောင်း၊ အချို့သော စီးပွားရေးစျေး ကွက်များတွင် မျက်နှာပန်း လှ စျေး ကွက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တို့ကို လေ့လာ သိရှိရပါသည်။ နည်း  ပညာများ ဘက်စုံတိုးတက် နေသော ယနေ့ခေတ်တွင် ကမ္ဘာ့ဆေးဝါးကုမ္ပ ဏီကြီးများသည် စပါးလင်ဆီကို စား ဆေး၊ သောက်ဆေး၊ လိမ်းဆေး တို့ ထုတ်လုပ် ရောင်းချလျက်ရှိကြလေ သည်။ စပါးလင်၏ အရွက်နှင့်အဆီ ကို တိုင်းရင်းဆေးဝါး များ ထုတ်လုပ် ရာတွင် လည်းကောင်း၊ ရောဂါကုသ ရာတွင် လည်းကောင်း၊ ပရဆေးအ ဖြစ် အသုံးပြုကြ၏။ မြန်မာနိုင်ငံ အ နေဖြင့်မူ လူမျိုးပေါင်းစုံတို့၏ ဟင်း လျာ တွဲဖက်ချက်ပြုတ်ပစ္စည်းတစ်မျိုး အဖြစ် လူသုံးများ လှပေသည်။


မြန်မာ့ ဆေးကျမ်းဖွင့်ဆိုချက်အ ရ စပါးလင်သည် ဖန်၏။ ခါး၏။

နှ လုံး၊ လည်ချောင်းနှင့် ပတ်သက်သော ရောဂါများ၊ ကာလဝမ်း၊ သွေးအန်၊ ချောင်းဆိုး၊ သလိပ်တို့ကိုနိုင်၏။ လေ သလိပ်ကိုကြေစေ၏။ သွေးကို ကြည် စေ၏။ အစာကို ကြေစေ၏။ သည်း ခြေကို မျက်စေ၏။ အိန္ဒိယပရဆေး ကျမ်းကြီး တွင် စပါးလင်သည် ကလေး များအတွက် ဗိုက်နာ ပျောက်ဆေး အကောင်းဆုံးဟု ဆိုထား ၏။ အဖျား ရောဂါများအတွက် ချင်း၊ သကြားတို့ ရောစပ်၍ ချွေးထွက်စေရန် ပြုလုပ် ပေးရလေသည်။

စပါးလင်သည် အစာအိမ်၊ အူ သိမ်အူနုတစ်လျှောက် အလုပ်လုပ် သော ဆေးပင်ဖြစ်သည်။ ခန္ဓာကိုယ် အတွင်းပိုင်း အစာလမ်းကြောင်းတွင် တည်ရှိသော အူအကာ၊ အမြှေးများ ကို အားပေးနိုင်သော အစွမ်းသတ္တိ ပြည့်စုံသောကြောင့် ရိုးရိုးဝမ်းနာခြင်း၊ လေပွ ဝမ်းနာခြင်း၊ ဝမ်းပျက်ဝမ်းလျှော ခြင်းနှင့် ပျို့အန်ခြင်း တို့အတွက် လွန် စွာထက်မြက်သည့် ဆေးတစ် မျိုးဖြစ် သည်။

အမြီးနှင့် ခေါင်းဖြတ်၍ရသော စပါးလင်ရွက် တစ်ဆကို ရေသုံးဆနှင့် ကျိုပြီး ထိုကျိုသည့် တစ်ဆ ကျန်ချိန် တွင် ဆေးအဖြစ် အသုံးပြုနိုင်လေ သည်။ လူကြီးများ အတွက် ဟင်းစား စတီးဇွန်းတစ်ဇွန်းစာကို တစ်နေ့သုံး ကြိမ်နှင့် သုံးရက် ဆက်တိုက် သောက် ပေးပါက ဆီးရောဂါနှင့် ပတ်သက်၍ ဖြစ်ပေါ်ခံစားရသော အသားဝါရော ဂါ အတွက် အကောင်းဆုံးဆေးတစ် လက်ဖြစ်၏။

ပဥ္စငါးပါး ပါဝင်သော စပါးလင်တစ်စည်းကို ရေစင်စင်ဆေး ပြီး ပြုတ်၍ ရရှိလာသော ပြုတ်ဆေး ရည်ကို ဆားမီးဖုတ်အနည်းငယ်ခတ် ၍ သောက်သုံးပါက နှာစေး၊ ချောင်း ဆိုးရောဂါ သက်သာ ပျောက်ကင်း စေပါသည်။ တစ်ဖန် စပါး လင်ရွက်၊ ငရုတ်ကောင်း၊ ပူဒီနာနှင့်သကြားတို့ ကို ရောစပ်ပြုတ်ကာ ထိုပြုတ်ဆေး ရည်ကို သောက်ဆေး အဖြစ် သောက် သုံးပါက လေရောဂါ သက်သာစေ သည်။

ဒိုပါလာသကြားအနည်းငယ်ဝယ် ၍ စပါးလင်မွှေး ပဥ္စငါးပါးကိုကျို၍ တစ်နေ့ နှစ်ကြိမ်  သောက်ပေးပါက လည်ချောင်းနာနှင့် လည်ချောင်းတို့ အတွက်လည်းကောင်း၊ ဆီးလမ်း ကြောင်းတွင် ဆီးပုပ်ခြင်း၊ ဆီးပူခြင်း၊ ဆီးလမ်းကြောင်း ကိုက်ခဲခြင်း၊ ဆီး အောင့်ခြင်း ဝေဒနာများ အတွက် ဆေးကောင်းတစ်လက် ဖြစ်သည်။

စပါးလင်သတ္တုရည် တွင် ဆီးဖြူကန့် မှုန့်အနည်းငယ်ထည့်ကာ ရက်ပေါင်း ၄၀ ကြာမျှ စိမ်ထားရမည်။ တစ်ဖန် နေပူတွင် လှန်းပါ။ အမှုန့်ထောင်း၍ ပုလင်းနှင့် ထည့်ထားပါ။ ဆေးညွှန်း အတိုင်း ကွမ်းယာတွင် ထည့်ကာစား  ပေးပါက အစာမကြေ ရောဂါ၊ ခံတွင်း ပျက်ရောဂါ၊ အစာအိမ်  တွင်း ပိုး နှောင့်ယှက်သောရောဂါများအတွက် အကောင်းဆုံး ဆေးတစ်မျိုးဖြစ်သည် ဟု ဟိန္ဒူအာယုဗေဒ ဆေးကျမ်းက ဖော်ပြထား လေသည်။

စပါးလင်ရည် တွင် ငရုတ်ကောင်း အနည်းငယ်ရော စပ် အသုံးပြုပါက အမျိုးသမီးများ မီး ယပ်ဖြစ်ပေါ် စဉ် ကိုယ်လက် နာကျင် တောင့်တင်းခြင်း နှင့်ဆီးခုံနာကျင်ခြင်း များအတွက် အထူး သင့်လျော်လှ၏။

စပါးလင်ကို ထောင်းထု၍ အဝတ်နှင့် ထုပ်ပြီး ကြပ်ထုပ် ဆေးပြုလုပ်၍ ဖော ရောင်ခြင်း တို့တွင် လိမ်းဆေး အဖြစ် အသုံးပြုနိုင်ကြောင်း အိန္ဒိယ အာယု ဗေဒကျမ်းက ဖော်ပြ ထား၏။ ရုတ် တရက် ထိခိုက် ဒဏ်ရာများကြောင့် အကြောတင်း သွားပါက ဒဏ်ကြေ စေသော စပါးလင်ကြပ် ထုပ်နှင့် ပြု လုပ် ကုသ နိုင်လေသည်။ ထမင်းဖြူနှင့် အတူ စပါးလင်၏ ပဥ္စငါးပါးကို ထု ထောင်းကြိတ်၍ အဝတ် နှင့်ထုပ်ကာ ကြပ်ထုပ်ထိုး ပေးနိုင်ပါသည်။

စပါးလင်မှ မွှေးကြိုင်သော(VERVENA)အမည်ရှိ အဆီကို ပေါင်း ခံ ကိရိယာနှင့် ထုတ်ယူခြင်းဖြင့် စပါး လင်ဆီကို ရရှိနိုင်ပါသည်။ စပါးလင် ဆီသည် သွေးကိုကြွစေ၏။ လေတက် ခြင်းကို ကျဆင်း စေ၏။ ချွေးပြိုက် ပြိုက်ထွက် စေ၏။

အစာလမ်းကြောင်း ပေါ်တွင် ဖြစ်ပေါ်သော ရောဂါများ၊ ဝမ်းဗိုက်ရစ်နာခြင်း၊ ဝမ်းထိုးနာခြင်း၊ ရင်ဘတ်နာခြင်း၊ ပျို့အန်ခြင်း တို့ကို ကုသ နိုင်သည်။ စပါးလင်ဆီ သည် ခန္ဓာကိုယ် မကျန်းမာခြင်း အတွက် အတွင်း သောက်ဆေး အဖြစ် အသုံး ဝင်သကဲ့သို့ အပြင် လိမ်းဆေးအဖြစ် လည်း အသုံးဝင် လေသည်။

စပါးလင် ဆီသည် ပူနွေး စေသော သတ္တိများရှိ ရာ ၎င်းအဆီနှင့် နှမ်းဆီ ရောစပ်မှု သည် လင်နမင် နှင့် ပရုတ်ဆီများကဲ့ သို့ အကျိုး အာနိသင်ရရှိစေနိုင်၏။ ခါးနာခါး ကိုက်ခြင်း၊ အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း၊ အကြောဆွဲခြင်း၊ အကြောတုန်ခြင်းတို့အပြင် ပွေးနှင့်ဝဲ ရောဂါ တို့ကိုလည်း စပါးလင် ဆီလိမ်း ပေးခြင်းဖြင့် ကုသနိုင်လေသည်။

အဆစ်ရောင် သောနေရာများ ကို နာနာပွတ်လိမ်း ပေးပါက သက် သာ စေသည်။ ငှက်ဖျား အဖြစ်များ သော ဒေသများတွင် အန္တရာယ်မှ ကာကွယ် နိုင်စေရန် စပါးလင် ဆီပါဝင် သော ဖယောင်းလိမ်း ဆေးကို ခြင် ကိုက်  ခံရသော နေရာတို့ကို လိမ်းပေး ခြင်းဖြင့် ကာကွယ် နိုင်လေသည်။

နှမ်း ဆီ သို့မဟုတ် အုန်းဆီ နှင့် စပါးလင် ဆီကို ရောစပ်ကာ လိမ်းဆေး အဖြစ် အသုံးပြုနိုင်လေသည်။ လေဖြတ် ရောဂါ၊ လေငန်းရောဂါ၊ ကြွက်တက် ရောဂါတို့ကို ဆေးလိမ်း ပေးပြီး နှိပ် နယ်ပေးခြင်းဖြင့် ကုသပေးနိုင်၏။ ကလေးများ သန်ထိုးပါက ဝမ်းဗိုက် ကို ထို အဆီလိမ်းပေးပြီး အဝတ်နှင့် ပတ်ထား ပေးပါက သက်သာ ပျောက် ကင်းသွား လေသည်။

စပါးလင်ဆီနှင့် အုန်းဆီ စစ်စစ်တို့ကို ရောစပ်၍ ဦးရေ ပြားအတွင်း စိမ့်ဝင်သွားအောင် လိမ်း ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းအား အကောင်းဆုံး ကုသပေးနိုင်ပါသည်။

ဖော်ပြပါ နည်းလမ်း အသွယ် သွယ် အသုံးဝင်သော စပါးလင်နှင့် စပါးလင်ဆီ တို့သည် တန်ဖိုး စရိတ် လည်းနည်း၊ ရောဂါ ပျောက်ကင်းမှု တွင်လည်း ကျေးဇူးကြီးမား လှပါသ ဖြင့် မြန်မာ့ ရေမြေမှာ လွယ်လင့်တ ကူ တွေ့ ရှိရယူနိုင်သော စပါးလင် အသုံးဝင်နည်းတို့ကို ကျန်းမာရေးအ တွက် ယနေ့မှစ၍အသုံးပြုနိုင်ကြပါ စေဟု တိုက်တွန်း လိုက်ရပါတော့ သည်။ (ကျော်တင့်ဆွေ)


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...