Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

၃-ရက်အတွင်း အဆုပ်သန့်နည်း

၃-ရက်အတွင်း အဆုပ်သန့်နည်း သင့်အဆုပ် ကျန်းမာချင်ပါသလား? အောက်ပါနည်းလမ်း (၇)သွယ်တို့ဖြင့် လိုက်နာကျင့်သုံးပါ။

(၁) ဂရိတ်ဖရုသီး (သို့မဟုတ်) နာနတ်သီးတို့ထဲတွင် အသက်ရှုလမ်းကြောင်းစံနစ်ကို တိုးတက်ကောင်းမွန်စေသော သဘာဝ ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများ အလုံအလောက်ပါရှိသဖြင့်၊ ထိုသစ်သီးဖျော်ရည်တို့ကို တစ်နေ ့လျှင် ၃၀၀မီလီ လီတာခန့် သောက်ပါ။

(၂) နံက်ထမင်းစားပြီးချိန်နှင့် နေ ့လည်စာမစားမီ် ကြားကာလအတွင်း မုန်လာဥနီဖျော်ရည် ၃၀၀မီလီ
လီတာ သောက်ပေးခြင်း ဖြင့် ၃-ရက်အတွင်း သွေးထဲရှိ အယ်လ်ကာလီဓာတ်ကို မျှတစေသည်။

(၃) ပိုတက်စီယမ် သည် အဆိပ်အတောက်များကို ပြေစေသော အစွမ်းရှိသဖြင့်၊ ပိုတက်စီယမ်ဓာတ်ကြွယ်ဝသော တရုပ်နံနံပင် (သို့မဟုတ်) ဟင်းနုနယ် (သို ့မဟုတ်) ဌက်ပျောသီးဖျော်ရည် ၄၀၀ မီလီ လီတာခန့်ကို နေ့လည် ထမင်းစားပြီးတိုင်း သောက် သုံးပေးပါ။ အစာလည်း ကျေညက်စေပါသည်။

(၄) ဘလူးဘယ်ရီးသီးများတွင်ပါရှိသော အစွမ်းထက်မြက်ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများသည် အဆုပ်ရောဂါ ဗက်တီးရီးယားပိုး များကို တိုက်ထုတ်နိုင်စွမ်းရှိသည့်အတွက် ညအိပ်ယာမဝင်ခင် ဘယ်ရီသီး (သို့မဟုတ်) အနက်ရောင်စပျစ်သီးဖျော်ရည် ၄၀၀ မီလီ လီတာခန့်သောက်သုံးပါ။

(၅) ခန္ဒာကိုယ်မှ အဆိပ်အတောက်များ လျော့ချရန် ချွေးများများထွက်ဘို ့လိုပါသည်။ ထို့ကြောင့် ခပ်မြန်မြန်လမ်းလျှောက်ခြင်း၊ ပြေးခြင်း၊ ခုန်ပေါက်ခြင်း စသည့် ကိုယ်ကာယလေ့ကျင့်ခဏ်း ခပ်ပြင်းပြင်းကို နေ့စဉ် မိနစ် ၂၀ ခန့် မရပ်မနား လုပ်ပေးသင့်ပါ သည်။

(၆) လေဝင်လေထွက် ခပ်ပြင်းပြင်းရှိုက်၍ အသက်မှန်မှန်ရှုခြင်းက အဆုပ်အတွက် အကောင်းဆုံး လေ့ကျင့်ခဏ်း တစ်ခုပါ။

(၇) ယူကလစ်ပင်အဆီ ၅-စက်မှ ၁၀-စက်ခန့်ကို ရေနွေးပူပူထဲထဲ့ကာ ရေအေးလာသည်အထိ ရေနွေးငွေ့ကို ရှုရှိုက်ပါ။ ထို ရှုဆေးရနံ့က ချွဲသလိပ် နှင့် နှာရည်တို ေ့ပျာ်ကျစေပြီး အသက်ရှုလမ်းကြောင်း ပွင့်လန်းလာပါလိမ့်မည်။

ပေါက်ပေါက်
မှီငြမ်း (Daily Health Tips)
credit to >>Promise Pauk


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...