ဆေးအောင့်ရတဲ့အကြောင်းရင်းများစွာရှိတဲ့အနက် ဆီးအိမ်တုံ့ပြန်မှု လွန်ကဲခြင်း (overactive bladde) ကြောင့် ဆီးသွားချင်စိတ်ပိုဖြစ်ခြင်း၊ ဆီးအောင့်ခြင်း၊ ဆီးသွားချင်စိတ် စတင်ဖြစ်ပေါ်သည်နှင့် မအောင့်နိုင်ဘဲ ဆီးအမြန်သွားနိုင်ရန်အားထုတ်ရ ခြင်း၊ဆီးမသွားနိုင်ခင်အောင့်ထားသော်လည်း စိမ့်၍ထွက်ကျခြင်း စသည်တို့ဖြစ်တတ်ပါတယ်။ ဆီးထဲမှာပါလာတဲ့ ဓါတ်တွေကို ဆီးအိမ်ကတုံ့ပြန်မှုလွန်ကဲပြီး ကြာကြာသိမ်းမထားနိုင်ဘဲ အမြန်စွန့်ထုတ်နိုင်အောင် ဆီးအိမ်နံရံကြွက်သားတွေညှစ်တာကြောင့် ဆီးအောင့် ရတာဖြစ်ပါတယ်။ အထူးသဖြင့် ကဖင်း၊အချဉ်ဓါတ်တွေ ဆီးထဲပြန်ပါလာတဲ့အခါ ဆီးအိမ်ကလက်သင့်မခံဘဲ ညှစ်ထုတ်တတ်ပါတယ်။ ဆီးအောင့်တတ်သူများ ဂရုပြုရမည့် အစားအစာတွေကတော့
ဆန်၊ ဂျုံ၊ ပြောင်း
ဆန်၊ ဂျုံ၊ ဖွဲနု၊ ပြောင်းတို့မှ ထုတ်လုပ်ထားသည့် အစားအစာများဟာ ဆီးအိမ်ကိုဒုက္ခမပေးနိုင်ပါ ဘူး။ ကော်ဖီ၊ လက်ဖက်ရည် သောက်တာထက်စာလျှင် ကွေကာအုတ်၊ ပဲ နို့၊ ခေါက်ဆွဲ၊ ကြာဆံစာတာတွေ စားသုံးနိုင်ပါတယ်။အခွံမာသီးအစေ့များ
အရေးကြီးတဲ့အချက်က အစားအသောက်ထဲမှာ ပဲ၊ ဂျုံ၊ သစ်သီး၊ အစေ့၊ အဆံတွေများများပါဝင်ဖို့လိုပါ တယ်။ ပဲခြမ်း၊ ပဲနီကလေး၊ ဗိုလ် စားပဲ၊ စားတော်ပဲ၊ ပဲစင်းငုံ စတဲ့ပဲ မျိုးစုံအလျှင်းသင့်သလို စားပေးသင့် ပါတယ်။
သစ္သီး
အချဉ်ဓါတ်မပါတဲ့ သစ်သီးတွေ ဦးစားပေးပါ။ သံပရာသီး၊ ရှောက်သီး စတာတွေကလွဲပြီး ကျန်အသီးတွေ စားနိုင်ပါတယ်။
ေရ
ရေသောက်လျှင်ဆီးများများ သွားတတ်တယ်ဆိုတဲ့ အကြောင်းပြချက်နှင့် ဆီးအောင့် ပြဿနာကို ဖြေရှင်းတဲ့အခါ ရေသောက်နည်းတာသာ အဖတ်တင်ပြီး ဆီးအောင့် သက်သာမှာ မဟုတ်ပါဘူး။ တစ်နေ့ မှာ ရေရှစ်ခွက်ခန့် သောက်သင့်ပါ တယ်။
သီဟ
Source:health-central

Comments
Post a Comment