Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွက် အမဲစက်

ဝက်ခြံကြောင့်ဖြစ်တဲ့အမာရွက် အမဲစက်တွေအတွက်ဆယ်ကျော်သက်တွေနဲ့ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကို အများဆုံးဒုက္ခပေးနေတဲ့ ပြဿနာပေါ့။ သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ် အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၀က်ခြံက စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။ ဝက်ခြံအဖုက ပေါ်တာခဏပဲ။  ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။ အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။ တစ်ခုပြောပြချင်တာကတော့ အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ဝက်ခြံက ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင် ဝက်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ အားကိုးရမှာပါ သူငယ်ချင်းတို့။   ရှောက်၊ သံပုရာရည်၊ သံပုရို    သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ဝက်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ်ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရမ်းနုတဲ့ အသားအရေတွေတော့ အဲလိုမလုပ်သင့်ဘူးထင်တာပဲ။    စန္ဒကူး    စန္ဒကူးကလည်း ဝက်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။    ခရမ်းချဉ်သီး   ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vit A က ဝက်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီးတာတွေကိုလည်း ပျောက်ကင်းသက်သာစေတယ်လေ။ သံလြင္ဆီ သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။    ပျားရည်    ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ဝက်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။  Vitamin E   Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ဝက်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဝက်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ဝက်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။    သခြားသီး    အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ ဝက်ခြံအမာရွတ်တွေမှာလည်း သုံးနိုင်တယ်လေ။ သခွားသီးရည်လတ်လတ်ဆပ်ဆပ်ကို အမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်နော်။ နေ့တိုင်းလုပ်သွားရင် အမာရွတ်တွေလည်း သက်သာလာမယ့်အပြင် အသားအရေလည်း လှလာမှာဆိုတော့ စမ်းကြည့်သင့်တာပေါ့။ နည်းတွေကတော့ အများကြီးပါပဲ သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။  အားလုံးကတော့ သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ :D စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ် လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့ ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။   credit to >> sai lin

 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...