လူ၊ တိရိစၦာန်၊ သစ်ပင် စတဲ့ သက်ရှိအရာအားလုံး အသက်အရွယ်ကြီးလာခြင်းနဲ ့အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို တားဆီးလို့မရနိုင် တာ လောကဓမ္မတာပါ။ အသက် ၁-နှစ်ပိုကြီးလာတာနဲ့အမျှှ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်တွေပြောင်းလဲလာပြီး၊ အရေပြားမှာ အစို ဓာတ်ဆုံးရှုံးကာ၊ အသားအရေတွေထိခိုက် ပျက်စီးလွယ်လာပါတော့တယ်။ ကောင်းမွန်မှန်ကန်တဲ့ အနေအထိုင်အစားအသောက် နဲ့ အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားများက အိုမင်းခြင်းနိယာမကိုအတန်ငယ်နှောင့်နှေးစေတာမို့ ရိုးရှင်းတဲ့အောက်ပါ သဘာဝနည်းလမ်း(၆)သွယ်ဖြင့် ကြိုးစားအားထုတ်ကြည့်စေလိုပါတယ်။
နည်းလမ်း ၁ (ရေဝဝ သောက်ပါ)
လူ ့ခန္ဓာကိုယ် တစ်ခုလုံးကို ရေဓာတ် ၆၀% နဲ့ဖွဲ့စည်းထားပါတယ်။ အိပ်ပျော်နေချိန်မှလွဲ၍ ကျန်တဲ့တချိန်လုံး သွားလာလှုပ်ရှား နေရတာကြောင့် အဲဒီရေဓာတ်တွေ ကုန်ခမ်းသွားတာကို အချိန်မှီပြန်လည်ဖြည့်တင်းနိုင်ဖို့ အရွယ်ရောက်ပြီးသူတိုင်း တနေ့ကို ရေဖန်ခွက် ၈-ခွက်(အနည်းဆုံး)သောက်ပေးသင့်ပါတယ်။ ဒိ့ထက်ပိုသောက်နိုင်လေကောင်းလေပါဘဲ။ ခန္ဓာကိုယ်တွင်းအင်္ဂါ အစိပ် အပိုင်းတွေထဲမှာ ရေအလုံအလောက်ရှိနေမှသာ အစာတွေချောမွေ့စွာချေဖျက်နိုင်ပြီး ဝမ်းမှန်စေခြင်း၊ ကိုယ်ထဲကအဆိပ်အ တောက်တွေကို ဆီး၊ ချွေး အဖြစ်စွန့်ထုတ်နိုင်ခြင်း ..စတဲ့ ဓာတ်ကြီး ၄-ပါး မျှတစေတာကြောင့် အသားအရေစိုပြေကောင်းမွန်ကာ အရွယ်တင်နုပျိုလာစေမှာ ဖြစ်ပါတယ်။
နည်းလမ်း ၂ (အိပ်ရေးဝဝ အိပ်ပါ)
ကျန်းမာရေးသုတေသီများရဲ ့အဆိုအမိန့်အရ လူတယောက်အတွက် အကောင်းဆုံးအိပ်ယာဝင်ချိန်ဟာ ည ၉-နာရီဖြစ်ပြီး၊ တည တာလုံးအတွက် အိပ်စက်အနားယူကြာမြင့်ချိန်ဟာ အနည်းဆုံး ၇-နာရီ မှ ၈-နာရီဖြစ်သင့်ပါတယ်တဲ့။ အိပ်ရေးမဝတဲ့အခါ အက်စထရိုဂျင်ဟိုမုန်းများ ထွက်ရှိလာပြီး အစားများများစာကာ အဝလွန်ခြင်း၊ အိပ်ရေးပျက်လို့ စိတ်မရွှင်လန်းခြင်း၊ စိတ်သွား တိုင်းကိုယ်မပါခြင်း၊ အသားအရေပျော့တွဲလာခြင်း၊ အသားအရေပေါ်မှာ အမဲစက်ပြောက်များပေါ်လာကာ အရေအကြောင်းများ ဖြစ်လွယ်ခြင်း … စတဲ့ အကြိုဇရာရောဂါတွေ နှိပ်စက်လာပါတော့တယ်။
နည်းလမ်း ၃ (စိတ်ဖိစီးမှုတွေလျော့ချပါ)
လူသားတိုင်း အနည်းနဲ့အများဆိုသလို စိတ်ဖိစီးမှုတွေရှိကြစမြဲပါ။ စိတ်ဖိစီးခြင်းက အရွယ်မတိုင်မှီ စောစောစီးစီးအိုမင်းခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ စိတ်ဖိစီးမှုများပြားလာတာနဲ့အမျှ ခန္ဓာကိုယ်မှ ဟိုမုန်းထွက်ရှိမှုမမှန်တော့ဘဲ ဟိုမုန်းမညီမျှခြင်း၊ ဆဲလ်တွေကောင်းစွာမတည်ဆောက်နိုင်တော့ခြင်း၊ ကော်လာဂျင်ဓာတ်တွေဖောက်ပြန်ခြင်း တို့ကြောင့် အချိန်တိုအတွင်းမှာဘဲ အရွယ်ကျလာစေပါတယ်။ မိမိရဲ့ပျော်ရွှင်မှု/အားငယ်မှု/ဝမ်းနည်းမှုတွေကို မိမိရဲ ့စိတ်ကသာ မိမိဖာသာခံယူဖြစ်တည်နေတာ ကြောင့် စိတ်ဖိစီးမှုလျော့ပါးသက်သာအောင် ကာယကံရှင်ကိုယ်တိုင်သာ ကြိုးစားဖြေလျော့ပေးရမှာပါ။ သီချင်းဖွင့်လိုက်ဆိုရင်း ကခုန်ခြင်း၊ လေ့ကျင့်ခဏ်းလုပ်ခြင်း၊ ယောဂကျင့်ခြင်း၊ အသက်ပြင်းပြင်းရှုခြင်း၊ တရားမှတ်/တရားထိုင်ခြင်း စတဲ့နည်းလမ်းကောင်း များက သွေးလည်ပတ်မှုအားကောင်းစေသလို စိတ်ဖိစီးမှုတွေလျော့ကျစေတဲ့ပြင်၊ မမြင်နိုင်တဲ့စိတ်စွမ်းအားကို ရရှိစေမှာအမှန်ပါ။
နည်းလမ်း ၄ (မျက်နှာကို အစာကျွေးပါ)
ဗီတာမင်အေ၊ ဗီတာမင်ဘီ၊ ဗီတာမင်စီ၊ ဗီတာမင်အီး တို့က အသားအရေကို တင်းရင်းစေကာ၊ ကြည်လင်ချောမွေ့စေတာကြောင့် ထိုဓာတ်များပါတဲ့ လိုးရှှင်း၊ ကရင်မ်၊ မိတ်ကပ်တို့လိမ်းပေးနိုင်ပါတယ်။ သိကြတဲ့အတိုင်းပါဘဲ အလှပြင်ပစ္စည်းတွေကို တာရှည်ခံ အောင် ဓာတုပစ္စည်းတွေနဲ့ပြုပြင်ထားကြပါတယ်။ သို့သော်လည်း လက်တကမ်းမှာအလွယ်တကူ ဝယ်ယူရရှိနိုင်တာကြောင့် လူတိုင်းသုံးစွဲနေကြရတာပါဘဲ။ အမျိုးသမီး ၁၀ ဦးမှာ ၈ ဦးလောက်က နံက်မိတ်ကပ်လိမ်းပြီးနောက်၊ ညနေရေချိုးတဲ့အခါ မျက်နှာ သစ်ဆပ်ပြာနဲ့ ရေချိုးသန့်စင်ရုံလောက်သာ ပြုလေ့ရှိပါတယ်။ ပုံမှန်မျက်နှာဆေးကြောရုံလောက်နဲ့တော့ မိတ်ကပ်ချေးညှော်တွေ ၁၀၀% မစင်ကြယ်နိုင်ပါဘူး။ အဲဒီလိုအလေ့အကျင့်ဆိုးဖြင့် ရက်ရှည်လများကြာတဲ့အခါ မိတ်ကပ်အဆိပ်တက်ပြီး မျက်နှာပေါ် အမဲစက် နဲ ့အရေးကြောင်းတွေ ပေါ်လာပါတော့တယ်။ ဖြစ်နိုင်ရင် ရက်သတ္တ ၁-ပတ်မှာ ၁-ကြိမ်လောက် သဘာဝလတ်ဆတ် သစ်သီးလေးတွေဖြင့် မျက်နှာပေါင်းတင်ပေးပါ။ ဥပမာ သင်္ဘောသီးထဲရှိ ပက်ပင်အင်ဇိုင်းဓာတ်က အသားအရည်ခြောက်သွေ့ခြင်း နဲ့ အမဲရောင်အစက်အပြောက်တွေကိုဖယ်ရှားပေးပါတယ်။ စတော်ဘယ်ရီးသီးထဲရှိ ဘီတာကယ်ရိုတင်းနဲ့ဗီတာမင်အေတို့က အ သားအရေကို ပြန်လည်ကောင်းမွန်အောင်ပြုပြင်ပေးပါတယ်။ ရှားစောင်းလက်ပပ်ပင်ရဲ ့ဂျယ်လီအနှစ်တွေက မျက်နှာပေါ်က အ ရေးအကြောင်းတွေကို လျော့ပါးသက်သာကာ အသားအရေကိုနုပျိုစေပါတယ်။
နည်းလမ်း ၅ (လေ့ကျင့်ခဏ်းမှန်မှန်လုပ်ဖို့မပျင်းပါနဲ့)
ပုံမှန် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခဏ်းလုပ်းခြင်းက မှန်ကန်တဲ့ ဘဝနေထိုင်နည်းဖြစ်သလို၊ ကျမ္မာရေးအတွက် အကောင်းဆုံး ဓာတ်စာဖြစ်ပါတယ်။ လေ့ကျင့်ခဏ်းလုပ်ခြင်းဖြင့် သွေးလည်ပတ်မှုအားကောင်းစေကာ၊ ဦးနှောက်/နှလုံး တို့ပုံမှန်အလုပ်လုပ်စေ တဲ့အပြင် အသားအရေကျစ်လစ်ပြီး သက်လုံကောင်းတာကြောင့် အရွယ်တင်နုပျိုလာစေပါတယ်။ (စက်ပစ္စည်းအကူအညီများဖြင့် အထူးတလည်လေ့ကျင့်ခဏ်း မယူနိုင်သူများ၊ လမ်မြန်မြှန်လျှောက်ခြင်း(သို ့မဟုတ်)နေ့စဉ်လှုပ်ရှားသွားလာမှုကို လေ့ကျင့်ခဏ်း ဆန်ဆန် ခပ်သွက်သွကလှုပ်ရှားသွားလာ်ခြင်း စတဲ့ အလေ့အကျင့်ကောင်းကိုမွေးမြူပါ)
နည်းလမ်း ၆ (အစာလဲဆေး၊ ဆေးလဲအစာပါ)
အသားစား မကျူးပါနဲ့။ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတို့ကို မျှှတစွာ တလှည့်စီစားပေးပါ။ အထူးသဖြင့် အမျှှင် ဓာတ်များများပါကာ၊ အရည်ရွှမ်းသော အော်ဂဲနစ် ဟင်းရွက်များနဲ့သစ်သီးတွေက ရောဂါတော်တော်များများကို ဘေးဥပါသ်ကင်း ဝေးစွာဖြင့် သဘာဝကျကျတိုက်ထုတ်ပေးနိုင်ပြီး၊ သက်ရှည်ကျန်းမာစေတဲ့ ဓာတ်တိုးဆန် ့ကျင်ပစ္စည်းများ အလုံအလောက်ပါရှိ နေပါတယ်။
ပေါက်ပေါက်
မှီငြမ်း Useful Info and Health Tips on 4th September 2013
credit to >>Promise Pauk
Comments
Post a Comment