ပန်းနာရင်ကျပ်ရောဂါ အတွက် ဆေးမြီးတိုများ။ Asthma ဆိုသော ဝေါဟာရမှာ ရှေးဂရိဘာသာစကားဖြစ်ပြီး၊ Panting or Short drawn breath(ခေါ်)တိုတောင်းလျှင်ြ မန်စွာ အ သက်ရှုခြင်းလို့အဓိပ္ပါယ်ရပါတယ်။ ပန်းနာရင်ကျပ်ရောဂါဆိုတာ ဓာတ်မတဲ့ရောဂါတစ်မျိုးဖြစ်ြ ပီး၊ ခနာကိုယ်ရဲ့တုန့်ပြန်မှုက အ သက်ရှုလမ်းကြောင်းမှာ ပြသနာအကြီးကြီးဖြစ်စေပါတော့ တယ်။
ကလေး/လူကြီး၊ ကျား/ မ မရွေးဖြစ်တတ်ကာ၊ အများအားဖြင့် မိဘမျိုးရိုးဗီဇကြောင့် ဖြစ်လေ့ရှိပါတယ်။ ညသန်းခေါင်(သို့မဟုတ်)နံက်လင်းအားကြီး အချိန်တွေမှာ ရောဂါထလေ့ရှိပြီး၊ ချွေးစေး များထွက်ကာ တရွှီရွှီမြည်အသက်ရှူကျပ်ခြင်းကြောင
့် အလွန်ပင်ပန်းလှသလို၊ ရောဂါခံစားနေရသူကိုကြည့်၍ ဘေးမှမြင်ရ/ကြားရ သူအဖို့လည်း စိတ်မသက်သာလှပေ။
သတိပြုရှောင်ကြဉ်ရန်။
(၁) ရနံ ့စူးရွေသာ အစားအေသာက္/ေရေမႊး/ ပန်း ့ရနံ တို့က ဓာတ်မတည့်မှုဖြစ်ကာ ပန်းနာရင်ကျပ်ထလာစေလို့သတိနဲ့ဆင် ခြင်နေထိုင်ပါ။
(၂) အေးမြတဲ့လေကို ရှူရှိုက်ရတဲ့အခါ ရောဂါပိုစေနိုင်၍ အေးတဲ့ရာသီမှာ နှာခေါင်း နှင့် ပါးစပ်တို့ကို ခေါင်းစည်း ပဝါနှင့် စည်းပတ်ထားပါ။
(၃) အမှိုက်ရွက်များမီးရှို့ခြင်း(သို ့မဟုတ်)ထင်းနှင့်ချက်တဲ့ မီးဖိုဘေးမှာ မနေပါနှင့်။
(၄) စီးက ရက်အငွေ့က အသက်ရှူလမ်းကြောင်းများကို လှုံ့ဆွပေးလို ့ဆေးလိပ်မသောက်ပါနှင့်(သို ့မဟုတ်)ဆေးလိပ်သောက်သူများနှင့် ဝေးဝေးနေပါ။
(၅) ထမင်းကို ပမာဏနည်းနည်းနှင့် အကြိမ်များများ ခွဲစားပါ။ အစာအိမ်အက်စစ်အပေါ်ဆန် တက်လာခြင်းက ရင်ပူနာဖြစ်ကာ ပန်းနာရင်ကျပ်ထခြင်းကို အစပျိုးပေးနိုင်၍ အိပ်ရာမဝင်ခင် ထမင်းမစားပါနှင့်။
(၆) ပန်းနာရင်ကျပ်ရှိသူ၏ ၅% ခန့်မှာ အကိုက်အခဲပျောက်ဆေး(NSAIDS) များနှင့် ဓာတ်မတည့်ကြ၍ ထိုသူများအတွက် အက်စ်ပရင်မပါတဲ့ အကိုက်အခဲ ပျောက်ဆေးတစ်မျိုးဖြစ်သော Acetaminophen (Tyneno)ကိုသာ သုံးပါ။
အိမ်တွင်းကုထုံးများ။
(၁) ပျားရည်က ချွဲများကိုပျော်ကျစေပြီး၊ အသက်ရှုလမ်းကြောင်းကို ပွင့်စေလို့ ပျားရည်ရနံ့ကိုရှုရှိုက်ပါ။ ရေနွေးပူပူ ၁-ခွက်ထဲမှာ ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းရောဖျော်၍ တနေ့ ၃-ကြိမ်ကျ စုစုပေါင်း၃-ခွက်သောက်ပါ။
(၂) သဖန်းသီးအခြောက်များကို ရေ နွေးစိမ်၍ တညသိပ်ထားပါ။ နံက်အိပ်ယာထ ထိုစိမ်ထားသောရေကို သောက်ပေးခြင်းဖြင့် ချွဲသလိပ်များပျော်ဆင်းသွား စေ ပါ တယ်(ထိုနည်းအတိုင်း ၂-လ တိတိဆက်သောက်ပါ)
(၃) ပန်းနာရင်ကျပ်ထနေချိန် သံပုရာရည်သောက်ပေးခြင်းကလည် း ထူးခြား သက်သာစေပါတယ်။
(၄) ဂျင်း နှင့် ပဲနံ့သာပင်ပြုှတ်ရည်ထဲကို ပျားရည်ခပ်၍ နံက်တကြိမ်/ ညနေတကြိမ်သောက်ပါ။
(၅) ကြက် သွန်ဖြူက ပန်းနာရင်ကျပ်အတွက် အကောင်းဆုံးမီးဖိုချောင်ဆေး ၀ါးဖြစ်ပါတယ်။ ကြက်သွန်ဖြူ ၁၀-မွှာကို နွားနို့ ၃၀ မီလီ လီတာ ဖြင့်ပြုတ်၍ တနေ ့တကြိမ်သောက်ပါ(သို့မဟုတ်)ရေနွေးဆူဆူမှာ ကြက်သွန်ဖြူ ၄-မွှာခပ်၍ ၅-မိနစ်လောက်အအေးခံပါ။ နံက်တ ကြိမ်/ ညနေတကြိမ်သောက်ပေးခြင်းဖြင့် ပန်းနာရောဂါသိသိသာသာလျော့ကျ စေပါတယ်။
(၆) ပန်းနာရောဂါထနေချိန်မှာ မုန်ညင်း ဆီကို ပရုတ်ဆီ်နှင့်ရော၍ ကျော နှင့် ရင်ဘတ်အနှံ့စိမ့်ဝင်သွားအောင် ပွတ်နယ်လိမ်းပေးပါ။ အသက်ရှုလမ်းကြောင်း ပုံမှန်အတိုင်း ပွင့်လာပါလိမ့်မယ်။
(ရ) အစေ့ထုတ်ထားသော ဆီးဖြူသီး ၅-ဂရမ်ကို ပျားရည် လ္ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် တို့စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် ရောဂါသက်သာသည့်အပြင် အားပြန်ပြည့်လာစေပါတယ်။
(၈) ဒ န် ့ဒလွန် ရွက် လက်တဆုပ်စာပမာဏကို ရေ ၁၈၀ မီလီလီတာဖြင့် ၅-မိနစ်မျှှပြုတ်ကာ ခပ်နွေးနွေးသောက်ပြီး အရွက်များလဲဝါးစားပါ။
(၉) အိုမီဂါ-၃ ဖက်တီးအက်ဆစ် ပါရှိသော ဆယ်လ်မွန်ငါးများက ပန်းနာရင်ကျပ်ကို သိသိသာသာ လျော့ကျစေပါတယ်။
မြန်မာဆေးမြီးတိုများ။
(၁) ပင်စိမ်းရွက်အခြောက်ကိုမြီး မှိုက်၍ ရှုရှိုက်ပေးပါ။ ထိုရနံ့က လူကို လန်းဆန်း ပေါ့ပါးစေကာ၊ အာရုံစူးစိုက်မှုအား ကောင်းလာ စေပါတယ်။
(၂) ပဲစဉ်းငုံ တစ်နေ့နို့ဆီဗူး ၁-ဗူးဆားခတ်၍ပြုတ်စားပါ။ သိသိသာသာ ပန်းနာရင်ကျပ်သက်သာစေပါတယ်။ ထို နည်းအတိုင်း ၄-လကြာ စားပေးပါက၊ လုံးဝပျောက်ကင်းစေပါတယ်။
(၃) အမှုန့်ကြိတ်ထောင်းထားသော နတ်ဆေးဂမုန်း ၂-ကျပ် သားကို ပျားရည် ၁ပုလင်း ရောစပ်မွှေ၍ ၃-ရက်နေလှန်းပါ၊ ထောပတ် ၂၀-ကျပ်သား ရောထည့်ပြီး နာနာမွှေကာ နောက်ထပ် ၄-ရက် နေဆက်လှန်းပေးပါ၊ စုစုပေါင်း ၇-ရက်တိတိနေလှန်းပြီးပါက၊ လ္ဘက်ရည်ဇွန်းနှင့် နံနက်-ည တစ်ဇွန်းကျ တနေ့ နှစ်ကြိမ်စား ပြီး ရေနွေးအဖန်ရည်သောက်ပေးပါ၊
(၄) ရှောက်သီးတစ်လုံးနှင့်အတူ လင်းနေမြစ်/ဒန့်ဒလွန်မြစ်/ သဘောင်္ဖိုမြစ်(ထိုအမြစ် ၃-မျိုး ကို ရှောက်သီးတစ် လုံးအလေးတူ)တို့ကို မြေအိုးထဲထည့် လုံအောင်ပိတ်ပြီး၊ ကျွမ်းအောင်ဖုတ်၍ အမှုန့်ကြိတ်ပါ။ ထိုဆေးမှုန့်ကို တစ်နေ ့အနည်း ဆုံး ၂-ကြိမ် လျှက်စားပါ။
(၅) ဟင်းခတ်မဆလာ နှင့် ပျားရည်ဆတူရောပြီးလျှက်ပေးပ ါ။
(၆) ကြောင်၊ ရှူးပျံသား ကို သင်္ဘောသီးစိမ်းနှင့်ချက်စားပ ါ။
နောက်တစ်နည်းမှာ
(ပထမရက်) သင်္ဘောသီးစိမ်းတစ်လုံးကို အလုံးလိုက်ရေစင်စင်ဆေးပါ။ အပေါ်ခွံကိုလွှာမ ပစ်ဘဲ သင်္ဘောခြစ်နှင့်ခြစ်၍၊ ငရုတ်စိမ်း/ကြက်သွန်နီ/ ပုစွန်ခြောက်/ ငန်ပြာရည် နှင့် သံပုရာရည်ရွှဲရွွှဲဆမ်းပြီးအဝစားပါ (နေ့လည် ထမင်းလျော့စားပါ)။
(ဒုတိယရက်)နောက်တနေ့သင်္ဘောမယ်ဇလီပွင့်ခြောက်ကို လ္ကက်ရည်ကြမ်းသောက်သကဲ့သို့အကြမ်းပုဂံနှင့် ၅-လုံးခန့် သောက်ပါ။ အပွင့်ခြောက်မရရင် အပွင့်အစိုကို ပြုတ်၍ဖြစ်စေ၊ အရွက်နုကိုငပိနှင့်တို ့စား၍ဖြစ်စေ ဝမ်းသွားလောက် အောင်စားပါ(သလိပ်များဝမ်းနဲ ့အတူဆင်းသွားပါလိမ့်မယ်)။
(တတိယရက်) ဝမ်းသွားပြီးနောက်တနေ့မှာ အုန်းနှဲရွက်အစိုဖြစ်စေ၊ အခြောက ဖြစ်စေ ထန်းလျက်နှင့်ဆတူကြိတ်ပါ။ ဆီးဖြူသီးအရွယ်ခန့်လုံးပြီး နံက်-နေ့-ည ၁လုံးစီသောက်ပါ။
(ဖော်ပြပါအစီအစဉ် အတိုင်း ဆေးပတ်လည်အောင် ၃-ရက်သောက်ပါ။ ရောဂါအထူအပါးအေပေါ်မူတည်ကာ တချို့က ၁ကြိမ်/တချို့က ၃ကြိမ် ဆေးပတ်လည် အောင် သောက်ခြင်းဖြင့် ရောဂါအမြစ်ပြတ်ပျောက်သည်)
(ပေါက်ပေါက်….မျှဝေသည်)
Comments
Post a Comment