(၁) ဝိတ်ချပါ၊ ဗိုက်မရွှဲပါစေနဲ့
သွေးပေါင်တက်ခြင်းဟာ ဝိတ်တက်တာနဲ့ တွဲနေတတ်ပါတယ်။ ၁၀ ပေါင်ချတာနဲ့တင် သွေးပေါင်က စပြီး ကျတာပါ။ လွယ်လွယ်ပြောရရင် ဝိတ်ကျလေ သွေးပေါင်ကျလေပါပဲ။ ဆေးသောက်နေရရင်လည်း ဝိတ်ကျရင်ဆေးလျှော့လို့ ရနိုင်ပါတယ်။ ဝိတ်ချရုံတင်မကဘူး ဗိုက်မရွှဲဖို့လည်း အရေးကြီးပါတယ်။ မြန်မာလူမျိုးတွေ အပါအဝင် အာရှတိုက်သားတွေမှာ ယောက်ကျ်ားတွေက ခါး ၃၆ လက်မ၊ အမျိုးသမီးတွေက ခါး ၃၂ လက်မထက်များရင် သွေးပေါင်တက်နိုင်ပါတယ်။
(၂) လေ့ကျင့်ခဏ်း ပုံမှန်လုပ်ပါ
တစ်နေ့ကို မိနစ် ၃၀ ကနေ ၆၀ တစ်ပါတ်ကို ၄-၅ ရက်လုပ်ရင်ကို သွေးပေါင်ချိန် ၄ မီလီမီတာ ကနေ ၉ မီလီမီတာအထိကျနိုင်ပါတယ်။ သိပ်မကြာခင် ရက်သတ္တပါတ် အနည်းငယ်အတွင်းမှာတင် ထိရောက်မှုကို တွေ့နိုင်ပါတယ်။ တကယ်လို့ သွေးတက်တာကအစပဲရှိပြီး အထက်သွေးပေါင်ချိန်က ၁၂၀-၁၃၉၊ အောက်သွေးက ၈၀-၈၉ ဆိုရင်လေ့ကျင့်ခဏ်းလုပ်ရင် သွေးမတက်တော့ဘူး။သွေးတိုးရှ ိုပြီးသား ဆိုရင်လည်း အန္တရယ်ရှိအောင်သွေးမတက်တော့ ဘူးပေါ့။ တစ်ခါတစ်လေ စနေ၊တနင်္ဂနွေမှ လေ့ကျင့်ခဏ်းလုပ်တာထက် တစ်နေ့ခြားလောက်ပုံမှန်လုပ် တာက ပိုကောင်းပါတယ်။
(၃)ကျန်းမာတဲ့အစားသောက်တွေစာ းပါ
အသီးအရွက်တွေ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေစာသုံးပြီ း ကိုလက်စတီရောတွေ လျော့ချရုံနဲ့တင် သွေးပေါင် ၁၄ မီလီမီတာအထိကျနိုင်ပါတယ်။ ပိုတက်စီယမ်ဓာတ်ပါတဲ့ အစားအသောက်တွေစားပါ။ ပိုတက်စီယမ်ဓာတ်က ဆိုဒီယမ်ဆားဓာတ်ကိုလျော့စြေ ပီး သွေးပေါင်ကို ကျစေပါတယ်။ ပိုတက်စီယမ်များတဲ့ အစာတွေကတာ့ပဲအမျိုးမျိုး၊ အစိမ်းရင့်ရောင်အရွက်များ၊၊ အာလူး၊ မက်မွန်သီး၊ ဒိန်ချဉ်၊ ဆော်လ်မွန်ပါး၊ ထောပတ်သီး၊ မှို၊ ငှက်ပျောသီးတွေ ဖြစ်ပါတယ်။ အချိုကဲတဲ့ အစာတွေကိုလည်းလျှော့ပါ။ စျေးဝယ်တဲ့အခါလည်း ကျန်းမာတဲ့ အစားအသောက်တွေကိုပဲဝယ်ပါ။
(၄)ဆားဓာတ္ကို ေလွ်ာ့ပါ
ဆားနည်းနည်းလေးလျှော့တာနဲ့တ င် သွေးပေါင်က ၂ မီလီမီတာကနေ ၈ မီလီမီတာလောက်အထိ ကျနိုင်ပါတယ်။ လူတစ်ယောက်အတွက် တစ်နေ့တာ ဆားလိုအပ်ချက်က လက်ဘက်စားဇွန်းတစ်ဇွန်းပဲ ရှိပါတယ်။ ဒါတောင် တခြားဆားကဲတဲ့ ငံပြာရည်၊ ငါးပိ၊ ငါးခြောက်၊ ပုစွန်ခြောက်တွေမပါပါဘူး။ အိမ်ရှင်မတွေက သုံးတဲ့ဆားပမာဏနဲ့ အိမ်သားဦးရေကို တွက်ကြည့်ရင် သိနိုင်ပါတယ်။ အငံကြိုက်သူတွေအနေနဲ့ တဖြည်းဖြည်းလျှော့တာ၊ စားတဲ့ပမာဏလျှော့တာတွေ လုပ်နိုင်ပါတယ်။
(၅) အရက်ကိုများများမသောက်ပါနဲ့
အမျိုးသား တွေက တစ်ပါတ်ကို ၂၁ ယူနစ်နဲ့၊ အမျိုးသမီးတွေက ၁၄ ယူနစ်ထက်ပိုပြီး မသောက်ပါနဲ့။ အရက်များများသောက်ရင် သွေးကျဆေးတွေရဲ့ အာနိသင်လည်း နည်းနိုင်ပါတယ်။
(၆)ကွမ်းယာနဲ့ ဆေးလိပ်ဖြတ်ပါ
ကွမ်းယာနဲ့ ဆေးလိပ်ထဲမှာပါတဲ့ နီကိုတင်းဓာတ်က ကိုယ်ထဲရောက်ပြီးရင် သွေးပေါင်ကို ၁၀ မီလီမီတာနဲ့အထက် တစ်နာရီလောက်တက်စေပါတယ်။ တစ်နေကုန်သာ ဆိုရင်တော့ သွေးပေါင်ချိန်က တောက်လျှောက်တက်နေမှာပေါ့။ ကိုယ်တိုက် ဆေးလိမ်မသောက်ရင်တောင် ဆေးလိပ်ခိုးတွေရှိတဲ့ လက်ဘက်ရည်ဆိုင်တွေကို ရှောင်ပါ။
(ရ) ကော်ဖီလျှော့သောက်ဖို့လိုရင ်လျှော့ပါ
တချို့လူတွေက ကော်ဖီသောက်ပြီးရင် သွေးပေါင်တက်တတ်ပါတယ်။ကော်ဖ ီသောက်ပြီး နာရီဝက်နေရင် သွေးပေါင်တိုင်းပြီး သွေးပေါင်ချိန်တက်မတက် သိနိုင်ပါတယ်။
(၈)စိတ်သောကတွေလျှော့ပါ
သောကတွေက သွေးပေါင်ချိန်ကို တက်စေပါတယ်။ တရားမှတ်ခြင်းက သောကတွေကိုနည်းစေပြီး သွေးပေါင်ချိန်တက်တာကို ထိန်းနိုင်ပါတယ်။ အပြောလွယ်သလောက် လုပ်ဖြစ်ဖို့ခက်ပါတယ်။
(၉ )သွေးပေါင်ချိန်ပုံမှန်ပြီး ဆရာဝန်နဲ့ မှန်မှန်ပြပါ
သွေးတိုးရှိရင် သွေးပေါင်ချိန်မှန်မှန်ချိန ်ပြီး ဆရာဝန်နဲ့ပုံမှန်ပြသင့်ပါတယ ်။ အထူးသဖြင့် သွေးပေါင်ချိန်က တက်တယ်ဆိုရင် တခြားဆေးစစ်မှုတွေလိုအပ်နိုင ်ပါတယ်။
(၁၀)မိသားစုနဲ့မိတ်ဆွေတွေကို တိုင်ပင်ပါ
မိသားစုနဲ့ မိတ်ဆွေတွေက ကိုယ့်အတွက် အကောင်းဆုံးအကြံဉာဏ်တွေကို ပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုတွေကို ပုံမှန်လုပ်နိုင်ဖို့ကလည်း အဖော်ကောင်းလိုအပ်ပါတယ်။
ကျန်းမာရွှင်လန်းကြပါစေ
မြန်မာနှလုံးဖောင်ဒေးရှင်း
Comments
Post a Comment