Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ရာသီသွေးဆင်းလွန်ခြင်းအတွက် အိမ်တွင်းကုထုံး

အမျိုးသမီးတွေရဲ ့ ဓမ္မတာရာသီစက်ဝန်းဟာ တဦးနဲ တဦးမတူညီကြပါဘူး။ အများစုက ၂၈-ရက် တကြိမ်ရာသီသွေးပေါ်လေ့ရှိပြီး၊ တချို့က ၂၁-ရက်တကြိမ်၊ တချို့က ၃၅-ရက်တကြိမ် သွေးပေါ်တတ်ကြပါတယ်။ ရာသီသွေးဆင်းကာလမှာ အများဆုံး ၄-ရက်မျှ ကြာမြင့်လေ့ရှိပြီး၊ တလမှာ အနည်းဆုံး လ္ဘက်ရည်ဇွန်း(၃)ဇွန်းခန် ့သွေးဆင်းကြပါတယ်။ အပျိုဖော်ဝင်စမြီးကောင်ပေါက်အရွယ် များနဲ့ သွေးဆုံးခါနီး အမျိုးသမီးကြီးတွေမှာ ဟိုမုန်းမျှှတမှုမရှိလို့ ဓမ္မတာရာသီကာလ ကြာမြင့်တတ်ပြီး၊ သွေးဆင်းတဲ့ပမာဏ လည်းပိုများပါတယ်။ အကယ်၍ လစဉ်သွေးဆင်းမှုပမာဏထက် သိသိသာသာပိုများလာခြင်းက သားအိမ်မှာပြဿနာတခုခုရှိနိုင် တာကြောင့် အမျိုးသမီးဆရာဝန်နဲ ့ဆွေးနွေးသင့်ပါတယ်။

ဘယ်လိုအကြောင်းများက ရာသီသွေးဆင်းလွန်တတ်ပါသလဲ ?

(၁) ဟိုမုန်းမညီမျှှခြင်း

(၂) သားအိမ်ထဲမှာအသားလုံးတည်ခြင်း

(၃)သားအိမ်ထူခြင်း

(၄) သားအိမ်အတွင်းမြှေးရောဂါ

(၅) မမျိုးဥအိမ်အလုပ်မလုပ်နိုင်ခြင်း

(၆) အိမ်ထောင်ဆက်များခြင်း(သို့မဟုတ်)လိင်ဆက်ဆံမှုများခြင်း

(၇) ကိုယ်ဝန်ကစဉ့်ကလျားဖြစ်ခြင်း

(၈)ကိုယ်ဝန်ဆောင်တားဆေးသောက်သုံးမှီးဝဲသူများ

(၉) ကိုယ်ဝန်မရှိအောင် သားအိမ်ထဲ IUD ပစ္စည်းထဲ့ထားသူများ

(၁၀) တင်ပါးဆုံရိုးမှာ ပြဿနာရှိခြင်း

(၁၁) လည်ပင်းကြီးသိုင်းရွိုက်ဝေနာရှိသူများ

(၁၂) စိတ်ဖိစီးမှုများခြင်း

(၁၃) သားအိမ်အတွင်းမြှေး ကင်ဆာ

(၁၄) လေ့ကျင့်ခဏ်းပြင်းပြင်းလုပ်သူများ

(၁၅) ကိုယ်အလေးချိန် အတက်-အကျ မြန်ဆန်သူများ …စသည်တို့ကြောင့် သွေးဆင်းလွန်တတ်ပါတယ်။

ရာသီသွေးဆင်းလွန်ခြင်းအတွက် အိမ်တွင်းကုထုံး။

(၁) သွေးဆင်းလွန်ခြင်းအတွက် ဌက်ပျောပန်းခိုင်းက အကောင်းဆုံးဆေးပါဘဲ။ ဌက်ပျောပန်းတခိုင်ကိုပြုတ်ပြီး၊ ဒိန်ချဉ်တစ်ခွက်နဲ့ ရောစားပါ။ ဟိုမုန်းထွက်ရှိမှုပမာဏကို ထိန်းပေးတဲ့အပြင် ရာသီးသွေးလွန်ခြင်းကိုပါ လျော့ပါးသက်သာစေပါတယ်။

(၂) နံနံပင်(မြန်မာနံနံပင်) အစေ့ ၆-ဂရမ်ကို ရေ ၁/၂လီတာ(လီတာဝက်)နဲ့ပြုတ်ပါ။ ရေတဝက်တိတိခမ်းအောင်တည်ပြီး ခပ်နွေး နွေးသောက်ပါ။ (အရသာကောင်းစေရန်အတွက် သကြားလ္ဘက်ရည်ဇွန်း ၁-ဇွန်းထဲ့ဖျော်သောက်နိုင်ပါတယ်)

(၃) သရက်ပင်စည် (သရက်ပင်အခေါက်) အလေးချိန် ၁-ဆ ကို ရေ ၁၀-ဆ ရောပြုတ်ပြီး၊ တနာရီတစ်ကြိမ်ကျ လ္ဘက်ရည်ဇွန်း (၁)ဇွန်းနှုန်းဖြင့် မကုန်မချင်း သောက်ပေးပါ။

(၄) လ္ဘက်ရည်ကြမ်းခါးခါး သောက်ပါ။

(၅) မဂနီစီယမ်ဓာတ်က သွေးဆင်းလွန်ခြင်းကိုသက်သာစေလို့၊ ထိုဓာတ်ကြွယ်ဝသော အစားအစာများဖြစ်ကြတဲ့ နှမ်းစေ့၊ ဖရဲသီး အစေ့၊ ကွေကာအုတ်၊ ကိုကိုးမှုန့်၊ ပန်းဂျုံ၊ ရွှေဖရုံသီးစေ့ များများစားပေးပါ။

(၆) ထမင်းစားပြီးတိုင်း ချင်းစိမ်းပြုတ်ရည်သောက်ပါ။ (အရသာကောင်းစေရန် သကြား(သို့မဟုတ်)ပျားရည်ထဲ့သောက် ပေးနိုင် ပါတယ်)

(၇) ရာသီမလာခင်နဲ့ရာသီလာနေစဉ်ကာလမှာ မုန်ညင်းစေ့ကို နွားနို့နဲ့ပြုတ်၍ တနေ့ ၂-ကြိမ် သောက်ပါ။

(၈) သစ်ကြပိုးခေါက်အမှုန့် လ္ဘက်ရည်ဇွန်း တစ်ဝက်ခန် ့ကို ရေ ၁ခွက်စာ ပမာဏဖြင့်ဆူအောင်တည်ပြီး အအေးခံသောက်ပါ။

(၉) တရုတ္နံနံပင္စားပါ။

(၁၀) ဇီးဖြူသီးစားပါ။ (သို့မဟုတ်) ဇီးဖြူသီးပြုတ်ရည်သောက်ပါ။

(၁၁) ရာသီလာစဉ်ကာလပတ်လုံး နာနတ်သီးကို သံပုရာသီးပွတ်၍စားပါ။ (သို့မဟုတ်) နာနတ်သီးဖျော်ရည်ထဲ သံပုရာရည်များ များညှစ်ထဲ့သောက်ပါ။

ဘယ်လိုနည်းနဲ့ကြိုတင်ကာကွယ်ထားနိုင်သလဲ?

(၁) ခနာကိုယ်ထဲက အဆိပ်အတောက်တွေပြေအောင် သူများတွေထက်ရေပိုသောက်ပေးပါ။

(၂) ပူပူစပ်စပ်အစာတွေမစားပါနဲ့။

(၃) ဘီယာ၊ အရက်မသောက်ရ။

(၄) အကိုက်အခဲဖျားနာပျောက်ဆေးတစ်မျိုးဖြစ်တဲ့ Aspirin ဆေးးဝါးကသွေးကျဲစေလို့၊ ဘယ်လိုအကြောင်းအမျိုးမျိုးကြောင့်ဖြစ် ပါစေ Aspirin ဆေးဝါးမမှီဝဲပါနဲ့။

(၅) အခြားရောဂါတခုခုကြောင့် သွေးကျဲဆေး နဲ့ အော်ဂဲနစ်ဒြပ်ပေါင်းတွေပါတဲ့ ဟိုမုန်းဆေးဝါးများသောက်ရန် ဆရာဝန်ကညွှန် ကြားလာခဲ့ပါလျှှင်၊ မိမိမှာ ရာသီသွေးဆင်းများသူဖြစ်၍ ထိုဆေးတွေ သောက်ခွင့် ရှိ/မရှိဆရာဝန်ကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပါ။

(၆) သွေးဆင်းလွန်ခြင်းကြောင့် ဗီတာမင်ကေ နဲ့ သံဓာတ်တွေများစွာဆုံးရှုံးသွားလို ့ ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပြီး ဗီတာမင် ကေ နဲ့ သံဓာတ်ဖြည့်စွက်ဆေးဝါးမှီဝဲပါ။

ပေါက်ပေါက်
မှီငြမ်း Best Health Tips for Menorrhagia
credit to >>>Promise Pauk


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...