ဆေးသိပ္ပံပညာရှင်များရဲ ့ သုတေသနပြုချက်များအရ၊ သဘာဝပင်လယ်ရေမှ ချက်လုပ်သောဆားဟာ စားပွဲတင်ဆားထက် ပိုမိုဆေးဘက်ဝင်တယ်လို့ ဆိုပါတယ်။ crystal salt (ခေါ်) အိုင်အိုးဒင်းဆား ကတော့ အိုင်အိုဒင်းဓာတ်ချို့တဲ့သူများ အတွက်အထူးသင့်တော်ပါတယ်။ ကျွန်မတို ့ခန္ဓာကိုယ်မှာ ရေဓာတ်နဲ့ အငန်ဓာတ်မရှိရင် အသက်မရှင်နိုင်ပါဘူး။ ဥပမာ သွေး၊ ချွေး၊ မျက်ရည်တွေဟာ အငန်ဓာတ်ရှိနေလို့၊ လူတစ်ဦးအနေဖြင့် တစ်နေ့တာ လိုအပ်တဲ့ ဆားပမာဏဟာ အသက်အရွယ်အလိုက် ၁၅၀ဝ မီလီဂရမ်မှ ၂၃၀ဝ မီလီဂရမ်မျှလိုအပ်ပါတယ်။
ကဲ….ဆားပွင့်လေး မှ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်မလဲ ? အောက်ပါအတိုင်းလေ့လာကြည့်လိ ုက်ကြရအောင်။
1. ဆားဟာ အပူဓာတ်အနေနဲ့လူတွေကိုကောင်းကျိုးပြုနို င်လို့၊ ဥပမာ မိုးမိ၍ခိုက်ခိုက်တုန်ချမ ်း နေသူများကို ဆားဖျော်ရည် တိုက်ခြင်းဖြင့် ချက်ချင်းဆိုသလို ခန္ဓာကိုယ် အနွေးဓာတ်ရရှိလာစေပါတယ်။
2. ဆားဟာ ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေလို့၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စတဲ့ ရာသီးဖျားများကို အလွယ်တကူ မကူးစက်စေနိုင်ပါဘူး။
3. ခေါင်းလျှော်တဲ့အခါ ရေထဲမှာ ဆားနည်းနည်း ထည့်လျှော်ပေးပါက၊ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်သလို၊ ဗောက်များ လဲ သေစေပါတယ်။
4. ခန္ဓာကိုယ်ထဲမှာ ဆားဓါတ်နည်းရင် အားအင်ကုန်ခမ်းပြီးမူးဝေတတ် တာကြောင့်၊ ချွေးထွက်များသောကာယလုပ်သား များ၊ ဝမ်းလျှောသူများ၊ အာဟာရနည်းပြီးအားပြတ်သောလူမ မာများနှင့် နွေရာသီလို အပူဓာတ်ပြင်းကာ ချွေးထွက်လွန်သူများ ဓာတ်ဆားရည်ကို သောက်ပေးသင့်ပါတယ်။
5. မြွေကိုက်ခံရပါက၊ ဆေးရုံ/ဆေးခန်းသို့ မသွားခင် အဆိပ်ရဲ့စုဖွဲ ့မှုကိုအပူနဲ့တိုက်ထုတ်သည့် အနေဖြင့် ဆားရည်ပျစ်ပျစ် ဖျော်သောက်ပေးရပါတယ်။ ဒါမှသာ အဆိပ်များပြန့်မလာတော့ဘဲ၊ အသက်ချမ်းသာရာ ရစေမှာပါ။
6. သွားကိုဆားနဲ့ပုံမှန်တိုက်ပေးပါက၊ သွားပိုးမစာ/ သွားခိုင်စေသည့်အပြင်၊ ခံတွင်းရနံ့လဲ ရှင်းသန့်စေမှာပါ။ အာခံတွင်းနံ့ ဆိုးသူများ နှင့် တံတွေးမကြာခဏထွက်တတ်သူများသ ည် ဆားငံရည်ပလုပ်ကျင်းပေးခြင်း ဖြင့် သက်သာရာရစေပါတယ်။
7.ယားနာရှိသူများ၊ အသားရည်ခြောက်သွေ့သူများ၊ ၀ဲနှင်းခူဝေဒနာသည်များ၊ သွေးမသန် ့၍အရေပြားယားယံကာ အဖု အပိမ့်ထွက်သူများသည် ဆားငံရည်ဖြင့် ရေချိုးသန် ့စင်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။
8.ဆားဟာ ချွေးပေါက်များပွင့်လာကာ၊ အရေပြားထဲရှိ သွေးလည်ပတ်မှု ပုံမှန်ဖြစ်စေလို့ ဝက်ခြံပေါက်သူများ သနပ်ခါး ထဲမှာ ဆားရေကျဲရောစပ်လိမ်းပေးနိုင ်ပါတယ်။ အသားအရေကိုလဲ ချောမွေ့လာစေပါတယ်။
9.လမ်းများများလျှောက်သူများ၊ မတ်တပ်အကြာကြီးရပ်၍အလုပ်လုပ ်ရသောသူများ နှင့် ခရီးရှည်သွားပြီးနောက် ခြေ ထောက်များသွေးကျပြီး ရောင်ရမ်းနာကျင်ပါက ဆားရည်စိမ်ပြီး အသာအယာ နှိပ်နယ်ပေးခြင်းဖြင့် သက်သာလာ စေပါတယ်။
10.မွေးရာပါ မျက်စေ့မှုန်သူများ နှင့် အညောင်းထိုင်ကာ အပူခဲသူများသည် ညအိပ်ယာဝင်ခါနီး ဆားကြမ်းနင်းပေးပြီး၊ ဒူးခေါင်းအထက်မှ ရေလောင်းချကာ ပုံမှန်လုပ်ပေးခြင်းဖြင့် မျက်စေ့အမြင် ကြည်လင်စေပါတယ်။
မျက်သားတက်ကာ၊ မျက်စေ့ယားယံသူများအတွက် ဆားရည်ကြည်အနဲငယ်ကို မျက်စဉ်းခပ်ပေးနိုင်ပါတယ်။
11.သင်တစ်နေ့တာစားလိုက်သော ဆားပမာဏ၏ ၁/ ၄ ပုံဟာ အရိုးထဲရောက်ရှိသွားပြီး၊ အရိုးကိုသန်မာလာစေပါတယ်။ ဒါကြောင့် အရိုးကြွတ်ဆတ်ရောဂါရှိသူများအတ ွက် သင့်တင့်မျှှတသော ဆားငံရည် သောက်သုံးပေးသင့်ပါတယ်။
12.ပင်လယ်ဆားငံရည်ထဲမှာ ခန္ဓာကိုယ်ထဲရှိ serotonin နှင့် melatonin ဟိုမုန်းများကို လှုံ ့ဆော်ပေးသောကြောင့်၊ ပင်လယ်လေ ရှုရိုက်ပေးပါက၊ စိတ်ကျရောဂါမဖြစ်တော့ဘဲ လူကိုလန်းဆန်းတက်ကြွလာစေကာ၊ ညဘက်လဲ ကောင်း ကောင်း အိပ်ပျော်စေပါတယ်။ ဒါ့ပြင် ပင်လယ်လေ ၀၀ရှုရှိုက်ပေးခြင်းဖြင့် အဆုတ်ကိုလည်း ကျန်းမာစေပါတယ်။
13.ထိပ်ကပ်နာရောဂါကိုလဲ ပျောက်စေနိုင်ပါတယ်။
14. ဆား ဟာ ကိုယ်ခန္ဓာအလေးချိန်ကို ကျစေတယ်ဆိုတာကို ယုံမှားသံသယမဖြစ်ပါနှင့်။ အဘယ်ကြောင့်ဆိုသော်၊ ဆားဟာ အစာ ချေဖျက်မှုကို အားပေးပြီး၊ အူလမ်းကြောင်းကို အထောက်အကူပြုကာ ဝမ်းမချုပ်စေတဲ့အတွက် ကိုယ်အလေးချိန် တက်ခြင်းကို ဤနည်းဖြင့် တစ်ဖက်တစ်လမ်းမှ ကာကွယ်ပေးခြင်းပါဘဲ။
15. ဆားဟာ ကိုလက်စထရောပမာဏကို လျော့ချပေးတာကြောင့်၊ နှလုံးသွေးကြောများအဆီမပိတ် ဘဲ ပွင့်လန်းလာကာ နှလူံခုန်နှုန်းကို ပုံမှန်ဖြစ်စေလို့၊ နှလုံးကျန်းမာစေပါတယ်။
16. ပန်းနာဝေဒနာသည်များ အလွန်အမင်းမွန်းကြပ်လာပါက၊ ဆားမှုန်ကို လျှာပေါ်ပွတ်ပေးပြီး၊ ရေတိုက်ပေးသင့်ပါတယ်။
သင့်တင့်မျှှတသော ဆားပမာဏဟာ ခန္ဓာကိုယ်ထဲရှိ အင်ဆူလင်ပမာဏကိုလျော့ချ၍၊ အချိုဓာတ်ပမာဏကို ထိန်းညှိပေး တာကြောင့် ဆီးချိုရောဂါသည်များ အားထားလောက်ပါတယ်။
ပိုတက်စီယမ်ဓာတ်ဟာ ကြွက်သားများကို ကောင်းစွာအလုပ်လုပ်နိုင်စေရ န် အထောက်အကူပေးတာကြောင့် ၊ သဘာဝ ပိုတက်စီယမ်ကြွယ်ဝသော ပင်လယ်ဆားကြမ်းရည်ကို သင့်တင့်လျောက်ပတ်စွာ သောက်သုံးခြင်းဖြင့် ကြွက်တက်ခြင်း မဖြစ်စေပါ။
ဒါ့ပြင် ကြွက်သားများကိုလဲ ခွန်အားဖြစ်စေပါတယ်။ အသံဝင်ချွဲသလိပ်ကပ်သူများ နှင့် အာသီးရောင်သူများ ဆားရည်နွေးနွေးဖြင့် အာသီးကိုပလုပ်ကျင်းပေးနိုင် ပါတယ်။
ခန္ဓာကိုယ်ထဲရှိမလိုလားအပ်သေ ာ အက်ဆစ်များကို ဆီးအဖြစ်ထုတ်ပေးစေလို့၊ ကျောက်ကပ်ကို ကျန်းမာစေပါတယ်။ ဒါ့ပြင် လိင်စိတ်ဆန္ဒ ကို တိုးမြှင့်ပေးပါတယ်။
အိုင်အိုဒင်းဆားဟာ ဦးနှောက်ဆဲလ်များကို ကောင်းကျိုးပြုစေလို့၊ ကိုယ်ဝန်ဆောင်မိခင်များ စားသုံးပေးသင့်ပါတယ်။
ကျန်းမာရေးအပြင် အိမ်ရှင်မများအတွက် ဆားရဲ့အကျိုးပြုပုံတွေကတော့
(၁) ရေစိုနေတဲ့ယမ်းမီးခြစ်ကို ဆားပေါ်မှာ တင်ထား ရင် မိနစ်အနည်းငယ်အတွင်း ခြောက်သွေ့လာနိုင်ပါတယ်။
(၂) ဘုရားစင်ပေါ်က ပန်းများကို ကြာကြာခံအောင် ပန်းအိုးထဲကရေ ကို ဆားနဲနဲခပ်ပေးရပါမယ်။
(၃) မီးဖိုချောင်သုံး ဓား ကို ဆားရေနဲ့ သွေးပေးရင် ဓားပိုထက်လာပါတယ်။
(၄) အိပ်ယာတွင် ဂျပိုးတွယ်ပါက၊ ခြင်ထောင် နဲ့ဖျာတို့ကို ဆားငန်ရေ လောင်းပေးနိုင်ပါတယ်။
(၅) အသစ်ဝယ်လာသော ဖန်ခွက်၊ ဖန်ပန်းအိုး၊ ဖန်ကန်းပန်ပြား စသည့်ဖန်ထည်ပစ္စည်းတို့ကို ဆားရည်ထဲမှာ ခေတ္တမျှစိမ်ထားခြင်းဖြင့် အလွယ်ကတူ အက်မကွဲနိုင်တော့ပါ။
ကဲ…ဆားရဲ့အသုံးဝင်ပုံအဖုံဖုံကို အထက်ပါအတိုင်းသိမြင်ကြရပါပြ ီ။ လူတို့အတွက်သာမက၊ သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေ အတွက်လည်း အနည်းအကျဉ်းပမာဏမျှရှိသော ဆားက မရှိမဖြစ်လိုအပ်တဲ့အရာလေးပါ ဘဲ။
ဒါပေမယ့် ဆား အရေအတွက် များများကြီး စားမိပြီဆိုရင်တော့ သွေးတိုးရောဂါအပြင်၊ သွေးတိုးရောဂါနှင့် ပတ်သက်စပ်ဆက်လျှက်ရှိတဲ့ နှလုံးရာဂါ၊ လေငန်း ရောဂါတို့ဖြစ်လာစေမှာ ဧကန်မလွှဲပါ။ ထို့ပြင် ဆားအလွန်အကျွံစားသုံးပါက၊ ကျောက်ကပ်ကိုလဲ ပျက်စီးစေပါတယ်။ သွိုင်းရွိုက် ဝေဒနာသည်များ အိုင်အိုဒင်းဆား ကိုအထူးရှောင်ရှားသင့်ပါတယ် ။
ဆားအလွန်အကျွံသုံးစွဲပါက၊ လူသာမက သက်ရှိတိရစ္ဆာန်များ နှင့် အပင်တွေကိုလဲ ဘေးထွက်ဆိုးကျိုးများဖြစ်စေ နိုင်လို့၊ သင့်တင့်မျှတရုံပမာဏ သုံးစွဲခြင်းဖြင့် ကျန်းမာသုခရနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကား (encyclopedia : health benefits of salt)
Ref; ပေါက်ပေါက် ၏ “ဆား” ပွင့်လေးရဲ့အသုံးဝင်ပုံ ဆောင်းပါးမှ
Comments
Post a Comment