Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ဖလန်တောင်ဝှေးနှင့်ကုသခြင်း နဲ့ အသုံးဝင်ပုံများ

ဖလန်တောင်ဝှေး၏ ကုသခြင်းပျောက်ကင်းစေခြင်း နှင့် အသုံးဝင်ခြင်း ရုက္ခဗေဒအခေါ်အရ Costus speciosus Smith ဟု ခေါ်ပြီး မျိုးနွယ်မှာ Zingiberaceae အုပ်စုဖြစ်၏။ ဟင်ဒီဘာသာဖြင့် keukand ၊ ဆင်ဟာလာ (သီရိ လင်္ကာဘာသာ) ဖြင့် Thebu ဟုခေါ်ဆိုကြသည်။ Costaceae Family တွင်ပါဝင်သည်။ spiral ginger ဟုလည်းခေါ်သည်။ ကမ္ဘာနှင့်အဝှမ်းတွင်မျိုးစိတ်ပေါင်း (၄၅) ခုခန့်နှင့် မျိုးကွဲပေါင်း (၈၀) ခန့်တွေ့ရှိရသည်။ ပုံမှန်အားဖြင့် အရိပ်ကိုကြိုက်နှစ်သက်ပြီး အချို့မျိုးကွဲ များမှာ နေရောင်ဒဏ်ကိုခံနိုင်ရည်ရှိသည်။

တွေ့ရှိရာဒေသများ

သီရိလင်္ကာ၊ အိန္ဒိယ၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖီဂျီကျွန်းစု၊ ဟာဝိုင်အီကျွန်းစု နှင့် နီကိုဘာကျွန်းစုတို့တွင် အနှံ့ အပြားပါက်ရောက်သည်။ မိုးဥတုတွင်များစွာဖြစ်ထွန်း ပေါက်ရောက်သည်။ ငှက်တို့မှ စားသုံး သယ်ဆောင် ခြင်းကြောင့် ကမ္ဘာ့ Tropical ဒေသအနှံ့အပြားတွင် ပေါက်ရောက်ခြင်းဖြစ်သည်။

အသွင်အပြင်

အပင်သည် လှပတင့်တယ်သော သစ်ပင်ပျော့ဖြစ် သည်။ ပင်စည်မှာ နီညိုရောင် ဖြစ်သည်။ ၄ ပေမှ ၁၀ ပေအထိ မြင့်သည်။ အရွက်မှာ ငှက်တောင်ပုံ ဖြစ်ပြီး ထိပ်ချွန်သည်။ ၉ လက်မခန့် ရှည်သည်။ ပန်းခိုင်ထိပ်ဖျားမှထွက်၍ ကတော့ပုံသဏ္ဍာန်ပန်းခိုင် ဖြစ်သည်။ ၃ လက်မခန့် ရှည်၍နီသောပွင့်ခံရွက်များ ပါရှိသည်။ အပွင့်ပွင့်ရွက် အဖြူဆွတ်ဆွတ်ဖြစ်သည်။ နုနယ်၍ လှိုင်းတွန့်ကဲ့သို့ ဖြစ်သည်။ ကတော့ပုံဖြစ် သည်။ အချင်း ၃ လက်မခွဲခန့်ရှိ၍ ၂ လက်မခန့်အ ရှည်ရှိသည်။ (ပုံတွင်ကြည့်ပါ) သို့သော်အချို့သော မျိုးကွဲများမှာ အဖြူနှင့်အစိမ်းကျား အရောင်ရှိသည်။

အမြစ်

နှာစေး၊ ချောင်းဆိုး၊ အဖျား၊ အစာမကြေ လေနာ၊ အရေပြား ရောဂါ၊ မြွေကိုက်ခြင်း တို့ကို ကုသရာ၌ အမြစ်ကို သုံးသည်။

ကုသခြင်းပျောက်ကင်းစေခြင်း နှင့် အသုံးဝင်ခြင်း

နားပြည်ယို၊ နားကိုက် ရောဂါကို ဖလံတောင်ဝှေး အခွံ့နွှာ မီးကင်ပြီး အတန်ကြာ အေးစေ၍ ရည် ညှစ်ယူ ၎င်းအရည်ကို နားအတွင်းသို့ ၃-၄ စက် ခန့် မကြာမကြာထည့်ပေးရ၏။

ချောင်းဆိုးရောဂါ၊

သာမာန် နှလုံးတုန် ရောဂါ တို့ကို ဖလှံတောင်ဝှေး ဟင်းချက်စားခြင်း၊ နှမ်းဆီ စစ်စစ်ဖြင့်ကြော်စားခြင်း တို့ဖြင့် သက်သာစေနိုင်သည်။ ဒူလာရောဂါကို ဖလှံတောင်ဝှေး သုံးခွက် တစ်ခွက်တင်ကိုသောက် လျှင်ပျောက်၏။

ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ ချင်း၊ သကြားနှင့် စပ်သောက်ပါက ကျောက်ကပ်ရောဂါကို ပျောက်ကင်း၏။

ဖလံတောင်ဝှေးကိုငါးခူနှင့်ချက်စားပါက ကာမအား ကို ဖြစ်စေသည်။

ငါးသိုင်းသားနှင့်ချက်စားက ပါက သွေးဝမ်းသွားသောရောဂါကိုပျောက်ကင်းစေသည်။

ပုစွန်နှင့်ကြော်ချက်စားလျှင်လည်း သွေးဝမ်းရောဂါ ကိုပျောက်စေသည်။

အမဲသားနှင့် ချက်စားပါက ဆီးရွှင်ပြီး ကျောက်ကပ်ရောဂါကို ကာကွယ်စေနိုင် ပါသည်။

ရေကြက်သားနှင့်ချက်စားလျှင် ဆီးအိမ်၌ ကျောက်တည်ခြင်း၊ ဆီးပူခြင်း၊ ဆီးအောင့်၊ ဆီးအား နည်းခြင်း၊ ဆီးကျန်ခြင်း၊ ဆီးဝါခြင်းတို့ကို ပျောက် ကင်းစေသည်။

ဖလှံတောင်ဝှေးကိုဓါးပြားနှင့်ရိုက်၍ ဟင်းချက်သောက်ပါက အမျိုးသမီးများနို့မထွက် ခြင်း၊ နို့ပူခြင်း၊ ယားယံခြင်း၊ နို့အနာပေါက်ခြင်း၊ နို့ချောင်း ပိတ်ခြင်း၊ သကျည်း ကိုက်ခြင်း တို့ကို ပျောက်စေနိုင်သည်။

ဖလှံတောင်ဝှေးကိုအခြောက်လှန်း အမှုန့်ပြု၍ အုန်းဆီနှင့်ဖျော်ပြီး စအိုနှင့်ဆီးစပ်ကို လိမ်းထား ပါကသားအိမ်လျှောကျခြင်း၊သားအိမ်အောင့်ခြင်း၊ ယောကျာ်းအူကျခြင်း၊ တိုနာဖြစ်ခြင်းတို့ကိုပျောက် စေသည်။

ဖလှံတောင်ဝှေးပဥ္စငါးပါးကို ငရုတ် ကောင်း၂ စေ့ထည့်၍ကျကျ ပြုတ်၍သောက်ပါက ကျောက်ကပ်ရောင်၍ ဖောခြင်း၊ ခါးနာခြင်းတို့ကို သက်သာပျောက်ကင်း စေသည်။

ဖလှံတောင်ဝှေး ကို အမှုန့်ပြု၍ ပျားရည်၊ ထောပတ်နှင့်တေ၍ လက်ဖက်ရည်ဇွန်း တစ်ဇွန်း တစ်နေ့တစ်ကြိမ် စားသုံးခြင်းခြင့် အားအင်ကုန်ခမ်းခြင်းကိုပြန်လည် အားဖြည့်စေသည်။

အမျိုးသမီးများ ရင်သားတွင် ဖြစ်ပေါ်တက်သော သာမာန်အကြိတ်များအား ဖလှံတောင်ဝှေးကိုထုခြေ၍ အကျိတ်ပေါ်အုံပေးပြီး အဝတ်စည်းပေးခြင်းဖြင့်အကျိတ်ကိုကျေစေသည်။

Costus Speciosus တွင် Antidiabetic နှင့် antilipidemic ဓါတ်ပြည့်ဝစွာပါဝင်သည့်အတွက် ဖလှံတောင်ဝှေးဥကို အခြောက်ခံ အမှုန့်ပြုလုပ်၍ နေ့စဉ်ပုံမှန်သောက်သုံးပါက ဆီးချိုရောဂါကို ပျောက်ကင်းစေပြီး ခန္ဓာကိုယ်အတွင်းမှ မလိုအပ် သော အဆီများကိုလည်း ချေဖျက်စေနိုင်သည်။

asthma ပန်းနာရင်ကြပ်ရောဂါကိုပျောက်ကင်းစေ သည်။ ယားနာ rash၊ လည်ချောင်းနာ bronchitis နှင့် intestinal worms အူလမ်းကြောင်းအတွင်းမှ သံကောင် တုပ်ပိုးများကို သေစေနိုင်ပြီး သျှတြရ ကျမ်းအဆိုအရ ကာမအားကိုတိုးစေနိုင်ကြောင်း သိရှိရပါသည်။

Post Script: ယူအက်စ်၊ ကနေဒါ၊ နှင့် ယူရော့ပ် တွင်ရောက်ရှိနေသော မြန်မာလူမျိုးများအတွက်၊ နွေရာသီတွင် - Summer Plant ရောင်းသော ဆိုင်များတွင် ဝယ်ယူ၍ရရှိနိုင်ပါကြောင်း။

မေတ္တာဖြင့် - အရှင်ဇတိလ ..နှင့်. လှိုင်ဘွား/၈၈ (Carleton University)


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...