Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ငရုတ်ကောင်း၏ ဆေးဖက်ဝင်အာနိသင်များ

ကျန်းမာရေး ကောင်းဖို့ရာအတွက် “မိုးမှာ ပိတ်ချင်း၊ နွေမှာ ချင်း (ဂျင်း)၊ ဆောင်းတွင်း ငရုတ်ကောင်း”  ဆိုတဲ့ ဆိုရိုးတစ်ခု ရှိပါတယ်။ လူအတော်များများဟာ ငရုတ်ကောင်းရဲ့ ဆေးဖက်ဝင်ပုံကို မေ့လျော့နေတတ်ကြပါတယ်။ တကယ်တော့ ငရုတ်ကောင်းမှာ အစွမ်းထက် အင်တီအောက်ဆီးဒင့်၊ ဘက်တီးရီးယားဆန့်ကျင်တဲ့ ဂုဏ်သတ္တိ၊ ရောင်ရမ်းမှုနဲ့ ကင်ဆာ ဆန့်ကျင်တဲ့အစွမ်းတို့ ပါဝင်နေပါတယ်။ ငရုတ်ကောင်းမှာ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနိစ်၊ ဗီတာမင်စီနဲ့ အမျှင်ဓာတ်တို့ များစွာ ပါဝင်နေတာကြောင့် အောက်ပါအကျိုးကျေးဇူးတို့ကို ရရှိနိုင်ပါတယ်။

(၁) အစာကြေစေပါတယ်

ငရုတ်ကောင်းမှုန့်ကို ဟင်းချိုထဲ ထည့်သောက်ရင် အစာခြေစနစ် ပြဿနာတွေနဲ့ အူလမ်းကြောင်း ပိုးဝင်မှုတို့ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစာအိမ် အူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကိုလည်း ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ ငရုတ်ကောင်းမှုန့်ဟာ အစာအိမ်ကနေ ဟိုက်ဒရိုကလိုရစ် အက်စစ် ထွက်ရှိစေပြီး ဒီအက်စစ်ဟာ အစာတွေကို ကြေညက်ဖို့အတွက် လိုအပ်ပါတယ်။ ငရုတ်ကောင်းဟာ အစာအိမ်ထဲမှာ အစာတွေ ကြာကြာမရှိစေတာကြောင့် လေပွတာနဲ့ အစာအိမ်ဝေဒနာတို့ ကင်းဝေးစေတာပါ။

(၂) အစာစားချင်စိတ် မရှိတာကို လျော့ပါးစေပါတယ်

ငရုတ်ကောင်းဟာ လျှာအရသာခံအဖုတွေကို လှုံ့ဆော်ပေးတာကြောင့် အစာစားချင်စိတ်မရှိဘဲ ခံတွင်းပျက်တဲ့ ဝေဒနာကို သက်သာစေပါတယ်။

(၃) ကိုယ်ပူကျစေပါတယ်

ကိုယ်ပူပြီး ဖျားနေချိန်မှာ ငရုတ်ကောင်းစေ့ အနည်းငယ်ထည့်ကာ ပြုတ်ထားတဲ့ ရေနွေးကြမ်းကို သောက်ပေးရင် ကိုယ်ပူကြီးတာကို သက်သာစေပါတယ်။

(၄) သွားကိုက်တာကို သက်သာစေပါတယ်

သွားကိုက်နေချိန်မှာ ငရုတ်ကောင်းစေ့ ထည့်ပြုတ်ထားတဲ့ ကြက်သီးနွေးရေနဲ့ အာလုတ်ကျင်းပေးပါက သွားကိုက်ဝေဒနာကို သက်သာစေပါတယ်။

(၅) ဝမ်းချုပ်တာကို သက်သာစေပါတယ်

တစ်နေ့ နှစ်ကြိမ်လောက် ငရုတ်ကောင်းခတ်ထားတဲ့ ဟင်းရည်ပူပူကို သောက်ပေးရင် ဝမ်းချုပ်ခြင်း ကင်းစေပါတယ်။

(၆) အအေးမိတာနဲ့ ချောင်းဆိုးတာကို ကင်းဝေးစေပါတယ်

ငရုတ်ကောင်း အနည်းငယ်ငုံပေးတာကြောင့် ချောင်းခြောက်ဆိုးတာနဲ့ လည်ချောင်း ယားယံတာတို့ကို သက်သာစေပါတယ်။ ငရုတ်ကောင်းပါတဲ့ ရေနွေးကြမ်းကို တစ်နေ့နှစ်ကြိမ် သောက်ရင်လည်း အအေးမိဝေဒနာကို သက်သာစေပါတယ်။

(၇) ကိုယ်တွင်းမှ အဆိပ်အတောက်တွေကို ထွက်သွားစေပါတယ်

ငရုတ်ကောင်းပါတဲ့ ဟင်းရည်ကိုသောက်တာကြောင့် ချွေးထွက်များစေပြီး ဆီးသွားစေတာကြောင့် ကိုယ်တွင်းမှ အန္တရာယ်ရှိတဲ့ အဆိပ်အတောက်တွေကို ကင်းစင်သွားစေပါတယ်။

(၈) ပြတ်ရှရာကို အနာကျက်လွယ်စေပါတယ်

အသေးအမွှား ပြတ်ရှ ဒဏ်ရာတွေအတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဖြူးပေးရင် သွေးထွက်တာကို တိတ်စေပြီး ပိုးသေကာ ချက်ချင်း အနာကျက်တယ်လို့ တချို့က ယုံကြည်ကြပါတယ်။ ငရုတ်ကောင်းမှာ ဘက်တီးရီးယားသတ်တဲ့ ဂုဏ်သတ္တိပါဝင်လို့ပါ။

(၉) ကင်ဆာကို ကာကွယ်ပေးပါတယ်

 ငရုတ်ကောင်းမှုန့်ဟာ ရင်သားကင်ဆာကို တွန်းလှန်ပေးနိုင်ပါတယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ဓာတ်ဟာ ရင်သားကင်ဆာအကျိတ်ကို ကြီးထွားမှု မဖြစ်လာအောင် ကာကွယ်ပေးနိုင်တယ်လို့ မစ်ချီဂန် ကင်ဆာစင်တာရဲ့ လေ့လာမှုအရ သိရပါတယ်။ ငရုတ်ကောင်းကို နနွင်းမှုန့်နဲ့ တွဲသုံးရင် ကင်ဆာကာကွယ်နိုင်တဲ့ အစွမ်းက ပိုရှိလာပါတယ်။

(၁ဝ) နှာခေါင်းပိတ်တာကို သက်သာစေပါတယ်

ငရုတ်ကောင်းမှာပါတဲ့ သဘာဝ နှာစေးပျောက် အာနိသင်ဟာ ချွဲအမြှေးပါးတွေကို လှုံ့ဆော်မှုဖြစ်စေပြီး အရည်ကျဲကျဲ နှာရည်တွေကျကာ နှာခေါင်းပိတ်တာ သက်သာသွားစေနိုင်ပါတယ်။ နှာခေါင်းပိတ်နေရင် ကြက်သား စွပ်ပြုတ်ထဲကို ငရုတ်ကောင်းမှုန့် ဖြူးပြီး စားပေးပါ။ အသက်ရှူလမ်းကြောင်း တစ်လျှောက် ကျန်းမာစေပြီး အသက်ဝဝရှူနိုင်ပါလိမ့်မယ်။


 

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...