အခုချိန်ဟာ အားလုံးက စိုးရိမ် ပူပန်နေကြတဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်ပါတယ်။ သာမန်ဖျားနာတာကြောင့်ပဲ ဖြစ်စေ ၊ ကိုဗစ် ကူးစက်ခံရတာကြောင့်ပဲဖြစ်စေ ရုတ်တရက် အနံ့ပျောက်သွားခဲ့ရင် အထိတ်တလန့် မဖြစ်ကြ
ဘဲ တက်ကျွမ်းနားလည်သူကို အကြောင်းကြားပြီး ကုသမှုတွေကို ခံယူသင့်ပါတယ်။ အနံ့ပျောက်ပြီဆိုတာနှင့် စိုးရိမ်မနေဘဲ အနံ့ အမြန်ဆုံး ပြန်ရလာစေဖို့အတွက် လုပ်ဆောင်သင့်ပါတယ်။ အခုပြောပြပေးမယ့် နည်းလမ်းအချို့
ကတော့ သင့်ကို အန္တရာယ်မဖြစ်စေဘဲ အနံ့ကို ရက်ပိုင်း အတွင်း အမြန်ဆုံး ပြန်လည် ရလာစေမယ့် ကုသနည်းတွေပဲဖြစ်ပါတယ်။
၁။လေးညှင်းပွင့် ကို ရှုပါ။
လေးညှင့်ပွင့်ကို အချိန်တိုင်း ရှုနေခြင်းကလည်း ရက်ပိုင်းအတွင်း အနံ့ခံအာရုံ ပြန်ကောင်းလာဖို့အတွက် အထောက်အကူ ပြုစေနိုင်ပါတယ်။ လေးညှင်းပွင့်အနည်းငယ်ကို ဒီအတိုင်း ရှုနိုင်သလို ရေနွေးဆူဆူထဲကို လေးညှင့်
ပွင့်အနည်းငယ်ထည့်ပြီး ရေနွေးငွေ့ကို ရှုခြင်းဖြင့် လည်း အနံ့ခံအာရုံ ပြန်ကောင်းလာစေဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။
၂။ပရုတ်ဆီ
ဒဏ်ကြေ လိမ်းဆေး ဖြစ်တဲ့ ပရုတ်ဆီကိုလည်း အနံ့ပြန်ရဖို့အတွက် ကုသရာမှာ သုံးနိုင်ပါတယ်။ ရေနွေးတစ်ခွက်ထဲကို ပရုတ်ဆီ အနည်းငယ်ထည့်ပေးပါ။ ထို့နောက် သံပုရာသီးကို အရည်လည်း ညှစ်ပြီး အခွံပါထည့်စိမ်ပေး
ပါ။ အနံ့ပြင်းပြင်းရဖို့လိုအပ်တာကြောင့် ပရုတ်ဆီရော သံပုရာ ခွံကိုပါ များများထည့်ပေးဖို့ လိုအပ်ပါတယ်။ပရုတ်ဆီ ရေနွေးငွေ့ကို မကြာခဏ ရှုပေးဖို့ လိုအပ်ပါတယ်။
၃။ချင်းလိမ်းပေးနိုင်ပါတယ်။
ချင်း ကလည်း အနံ့ပြန်ရဖို့အတွက် အထောက်အကူပေးနိုင်ပါသေးတယ်။ ချင်းကို သနပ်ခါးကျောက်ပြင်ပေါ်မှာ အနှစ်ရတဲ့ အထိ ရေအနည်းငယ်နှင့် သွေးပေးပါ။ အနှစ်များများ ရလာပြီဆိုရင်တော့ ချင်းအနှစ်ကို နှာခေါင်းထိပ်
ဝတစ်ဝိုက် လိမ်းပေးရမှာပဲဖြစ်ပါတယ်။ချင်းကို သွေးလိမ်းတဲ့ အခါပူတတ်တာကြောင့် နှခေါင်းအတွင်းထဲ အထိတော့ မလိမ်းလိုက်ပါနဲ့နော်။
၄။သံပုရာသီးရှုပေးပါ။
သံပုရာသီး အလုံးလိုက်ကို ဖိချေပေးပြီး တစ်နေကုန် သံပုရာသီး ပဲ ရှုခြင်းဖြင့် လည်း ရက်ပိုင်း အတွင်း အနံ့ပြန်ရနိုင်ပါတယ်။
အခုပြောပြပေးခဲ့တဲ့ နည်းလမ်းလေးတွေက အနံ့ပျောက်နေတဲ့ လူတွေအတွက် ရက်ပိုင်းအတွင်း အနံ့ပြန်ရစေဖို့အတွက် နည်းလမ်ကောင်းလေးတွေပဲဖြစ်ပါတယ်။ အနံ့စတင်ပျောက်ပြီဆိုတာနှင့် Self Isolation ကို အထူး
သတိထားဆောင်ရွက်သင့်တာဖြစ်ပြီး ကိုယ့်ကိုကိုယ်လည်း ဂရုတစိုက် စောင့်ကြည့်သင့်ပါတယ်။အားလုံးပဲ ကျန်းမာရေးကို ဂရုစိုက်ကြပါနော်။
Comments
Post a Comment