Schizophrenia မှာတော့ အဆင့်အမျိုးအစားအနေနဲ့ သုံးမျိုးရှိပါတယ်။ Positive, negative နဲ့ cognitive လို့ခေါ်တဲ့ အမျိုးအစားတွေပါ။ Positive သမားတွေကတော့ ထင်ရောင်ထင်မှားမြင်တာတွေကို အါိကဖြစ်လေ့ရှိပြီး အတွေးတွေလည်း ပုံမှန်မဟုတ်တတ်ပါဘူး။ Negative အမျိုးအစားမှာကျတောာ့ နေ့စဉ်ဘဝလှုပ်ရှားမှုတွေမှာ ပျော်စရာကိစ္စတွေကို မသိစိတ်ကတမင်ရှောင်ဖယ်နေတာမျိုးနဲ့ လှုပ်ရှားမှုတွေတော်တော်များများမှာ ပါဝင်ချင်စိတ်မရှိဘဲ နောက်ပြန်ဆွဲနေတာမျိုးတွေ၊ ခံစားချက်ကို အရမ်းမြိုသိပ်ထားတာတွေ အဓိကဖြစ်တတ်ပြီး cognitive မှာကတော့ အာရုံစူးစိုက်မှုလုံးဝမရခြင်း၊ မှတ်ဉာဏ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ပြဿနာတွေဖြစ်တတ်ပြီး တစ်ခုခုပြောရင် ရှင်းရှင်းလေးကိုပဲ အတွေးတွေလွန်ကာ နားမလည်တော့ဘဲ ဘယ်လိုဆုံးဖြတ်ချက်မျိုးကိုမှ ပိုင်ပိုင်နိုင်နိုင်မချနိုင်တဲ့ လက္ခဏာတွေကို တွေ့ရပါတယ်။
အဖြစ်များတဲ့စိတ်ရောဂါ Schizophrenia ဖြစ်ပြီဆိုတာနဲ့ ပျောက်ကင်းအောင်ကုသဖို့ထက် လက္ခာတွေမဖြစ်အောင်သာ ကာကွယ်ဖို့အတွက် အခွင့်အလမ်းပိုများနေပါတယ်။ သတင်းကောင်းအနေနဲ့တော့ Schizophrenia ဝေဒနာသည်တွေအတွက် ဆေးသောက်စရာမလိုဘဲ သဘာဝကပေးတဲ့ ဝေဒနာသက်သာဆေးတစ်ခုကို မကြာသေးခင်ကမှ ရှာတွေ့ခဲ့ပါတယ်။
အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလိုပါပဲ။ သဘာဝမှရရှိနိုင်တဲ့ ပန်းဂေါ်ဖီစိမ်းမှာ Schizophrenia အတွက် သက်ရောက်မှုအရှိဆုံးဖြစ်စေနိုင်မယ့် အစွမ်းတစ်မျိုးပါရှိနေပါတယ်။ ပန်းဂေါ်ဖီစိမ်းတွေမှာ ဂလူတာမိတ်နဲ့ဂလူတာသိုင်ယွန်တို့ရဲ့ ရှိသင့်ရှိထိုက်တဲ့ ပမာဏကိုထိန်းညှိပေးနိုင်မယ့် ဆက်ဖ်ဖောယာဖိမ်းဓာတ်ပါရှိပါတယ်။ ဒီဓာတုဓာတ်တွေဟာ Schizophrenia ရဲ့ လက္ခဏာတွေဖြစ်ပေါ်စေမယ့် လုပ်ဆောင်ချက်တွေကို ဦးနှောက်ဆဲလ်တွေဆီမရောက်ဖို့ွှတွက် ထိန်းချုပ်ပေးနိုင်ပါတယ်။
လက်ရှိ Schizophrenia ကို သက်သာစေနိုင်မယ့် ဆေးဝါးတွေဟာ လူနာတွေကို တခြားသောဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ လှုပ်ရှားသွားလာဖို့စိတ်ဆန္ဒမရှိတော့တာ၊ မတည်မငြိမ်ဖြစ်စေတာ၊ ကြွက်သားတွေတောင့်တင်းနေစေတာတို့အပြင် ခြေတွေလက်တွေတုန်ရီစေတာမျိုးစတာတွေကို ဖြစ်နေစေပါတယ်။ ယခုလိုပန်းဂေါ်ဖီစိမ်းရဲ့ အကျိုးအာနိသင်တွေကို ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့အတွက်ကြောင့် ရှိရင်းစွဲဆေးဝါးတွေထက် ဘေးသက်ရောက်မှု ပိုနည်းစေမယ့် ဆေးဝါးတွေကို ပန်းဂေါ်ဖီစိမ်းအား အခြေခံပြီး ထုတ်လုပ်နိုင်မလားဆိုတာကိုလည်း ပညာရှင်တွေက စမ်းသပ်လျက်ရှိပါတယ်။ ဒီစစ်တမ်းကိုတော့ စစချင်း Maryland, Baltimore မှ Johns Hopkins ဆေးရုံမှာ လူပေါင်း ၈၁ ယောက်နဲ့ စမ်းသပ်ခဲ့ရင်း အတည်ပြုခဲ့တာဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ စစ်တမ်းအရ ကမ္ဘာပေါ်မှာ Schizophrenia ဝေဒနာကို ခံစားနေရသူပေါင်းဟာဆိုရင်တော့ ၂၁ သိန်းကျော်တောင် ရှိနေပါတယ်။
Source: Daily Mail
Penny
Comments
Post a Comment