Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ချောင်းဆိုးရင်ကြပ်အတွက် လွယ်ကူ အကုန်အကျနည်းတဲ့ အိမ်တွင်းဆေးနည်းတစ်လက်

ရာသီဥတုအပူအအေး မမျှတဲ့အခါ အအေးမိ၊ ချောင်းဆိုးတာတွေ ဖြစ်တတ်ပါတယ်။ ရာသီဥတုကြောင့် မဟုတ်ဘဲ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းခြင်း၊ ဆေးလိပ်ငွေ့ခံခြင်းနဲ့ အသက်အရွယ် အိုမင်းလာခြင်းတို့ကြောင့်လည်း ချောင်းဆိုးတတ်ပါသေးတယ်။ တကယ်လို့ ချောင်းဆိုးတာ ရက်သတ္တပတ် (၃) ပတ်ထက် ကြာရင်တော့ စိုးရိမ်ဖွယ်ရာလို့ ယူဆနိုင်ပြီး ရက်သတ္တပတ် (၈)ပတ် အထက်ဆိုရင်တော့ နာတာရှည်ချောင်းဆိုးရင်ကြပ်နာလို့ မှတ်ယူနိုင်ပါတယ်။

ချောင်းဆိုးခြင်းဟာ အကြောင်းအရင်းများစွာကြောင့် ဖြစ်နိုင်ပါတယ်။ သာမန်အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ဓာတ်မတည့်တာတစ်ခုခုကို ရှူသွင်းမိတာ၊ အဆုတ်ယောင်တာနဲ့ ကြက်ညှာချောင်းဆိုးတို့ကြောင့် ဖြစ်နိုင်ပါတယ်။ တစ်စုံတစ်ခုနဲ့ ဓာတ်မတည့်တဲ့ အလက်ဂျီရှိသူတွေ၊ ပန်းနာရင်ကြပ်ရှိသူတွေ၊ အစာအိမ်ရောဂါတစ်မျိုးဖြစ်တဲ့ Gastroesophageal reflux disease (GERD)  နဲ့ နှာတွင်းထဲ နှာရည်ယိုသူတွေဟာ နာတာရှည်ချောင်းဆိုးရောဂါကို ခံစားရလေ့ ရှိပါတယ်။

တကယ်တော့ ချောင်းဆိုးရတဲ့အကြောင်းရင်းဟာ အဆုတ်ထဲမှာရှိနေတဲ့ ပြင်ပအရာဝတ္ထုတွေနဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ချောင်းဆိုးရောဂါ ဖြစ်ပွားရတဲ့ အကြောင်းအရင်းကို တစ်ခါတစ်လေမှာ တွေ့ရလွယ်ကူပေမယ့် တစ်ခါတစ်လေတော့လည်း ဘာကြောင့်ရယ်လို့ ကွဲကွဲပြားပြားမသိဘဲ ဆုံးဖြတ်ဖို့ ခက်ခဲလှပါတယ်။

အမှန်တော့ ချောင်းဆိုးတဲ့အခါ ဆေးဆိုင်သွားပြီး ချောင်းဆိုးပျောက်ဆေးရည် ဝယ်သောက်လိုက်ရင် အဆင်ပြေမှာ ဖြစ်ပေမယ့် သုတေသနပညာရှင်တွေဟာ ဆေးဝါးတွေကို အားမကိုးဘဲ အစွမ်းထက်ထိရောက်တဲ့ ဆေးနည်းတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီဆေးနည်းဟာ ဘာကြောင့်ပဲ ချောင်းဆိုးဆိုး ခန္ဓာကိုယ်ရဲ့ အသက်ရှူစနစ်ကို လွယ်လွယ်ကူကူ သန့်ရှင်းနိုင်တဲ့ ဘက်စုံသုံး သဘာဝဆေးနည်းပဲ ဖြစ်ပါတယ်။

ဆေးနည်းက ငှက်ပျောသီးနဲ့ ပျားရည်ကို အဓိကအခြေခံထားပါတယ်။

ပါဝင်ပစ္စည်း

  • ငှက်ပျောသီးမှည့်(၂) လုံး
  • ပျားရည်သန့်သန့် စားပွဲတင်ဇွန်း(၂) ဇွန်း
  • ေရ (၄၀၀ မီလီမီတာ)

ပြုလုပ်နည်း

  • ငှက်ပျောသီးတွေကို ခွက်တစ်လုံးထဲ ထည့်ပြီး ကြိတ်ချေပါ။
  • ရေ(၄၀၀ မီလီမီတာ) ကို ဆူအောင်တည်ပြီး ငှက်ပျောသီးချေထားတဲ့ ခွက်ထဲလောင်းထည့်ပေးပါ။
  • နာရီဝက်လောက် အဖုံးအုပ်ပြီး ထားလိုက်ပါ။
  • ပြီးတဲ့အခါ ပျားရည်ရောကာ ထပ်မွှေပြီး စားသုံးနိုင်ပါပြီ။

တစ်ခါပြုလုပ်ပြီးတိုင်း ပမာဏနည်းနည်းစီနဲ့ တစ်နေ့ကို (၄) ကြိမ်စားသုံးပေးနိုင်ပါတယ်။ အေးနေရင်တော့ ခပ်နွေးနွေးလေး ဖြစ်အောင် အပူနည်းနည်းပေးလိုက်တာ ပိုကောင်းပါတယ်။ ငှက်ပျောသီးဟာ အသက်ရှူလမ်းကြောင်းကို သန့်ရှင်းစေတဲ့အပြင် ဆယ်ရိုတိုနင် လယ်ဗယ်ကို မြင့်မားအောင် အထောက်အကူပြုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေအောင်လည်း အထောက်အကူ ပေးတာကြောင့် စာဖတ်သူတွေကို ညဘက် ကောင်းကောင်းမအိပ်နိုင်အောင် အနှောင့်ယှက်ပေးနေတဲ့ ချောင်းဆိုးရောဂါကို ဖော်ပြထားတဲ့ ဆေးနည်းလေးနဲ့ တိုက်ဖျက်ကြည့်ဖို့ အကြံပြုလိုက်ပါတယ်။

Crd:လင်းလင်း (ShweMom)

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...