အခုအချိန်မှာဆိုရင် တစ်ကမ္ဘာလုံးက လူတွေထိတ်လန့်နေကြတဲ့ ဗိုင်းရပ်စ်ပိုးရဲ့ သတင်းတွေကို ကြားမိကြမှာပါ။ လူအသေအပျောက်တွေလည်း များလာတဲ့အပြင် တားဆီးပေးမယ့်ဆေးကလည်း အခုအချိန်အထိ မရှိသေးပါဘူး။ ဒီဗိုင်းရပ်စ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကိုလည်း အစိုးရတွေကိုယ်စီက ထုတ်ပြန်ထားပါတယ်။
Ye Yint Kyaw
ရောဂါထိန်းသိမ်းရေးနဲ့ကာကွယ်ရေးအဖွဲ့ချုပ် (CDC) ရဲ့ ကြေငြာချက်အရ ဒီဗိုင်းရပ်စ်ပိုးမဝင်ရောက်အောင် အထိရောက်ဆုံးကာကွယ်မှုပေးနိုင်တာတစ်ခုကတော့ လက်ကို စက္ကန့် ၂၀ ကြာအောင် ဆပ်ပြာနဲ့ အသေအချာဆေးခြင်းနဲ့ မျက်နှာကို လက်နဲ့ မကိုင်တွယ်မိအောင် ရှောင်ရှားခြင်းပါပဲ။ တကယ်လို့ ဆပ်ပြာနဲ့ ရေ အနီးအနားမှာ မရှိတဲ့အချိန်မှာတော့ Hand Sanitizerလို့ ခေါ်တဲ့ လက်ဆေးရည်နဲ့ ပွတ်သပ်ဆေးကြောလိုက်ရင် ကာကွယ်ပြီးသားဖြစ်တယ်လို့ဆိုပါတယ်။
ဒီလို Hand Sanitizer ဟာ ရောဂါကာကွယ်ပေးနိုင်တယ်ဆိုတဲ့ သတင်းတွေထုတ်ပြန်လိုက်တာနဲ့ Hand Sanitizer အရောင်းအားဟာ တရှိန်ထိုးမြင့်တက်သွားပြီး စတိုးဆိုင်တွေမှာ ပစ္စည်းပြတ်သွားတဲ့အထိ ဖြစ်လာခဲ့ပါတယ်။ Amazon လိုနေရာမျိုးမှာတောင်မှ Hand Sanitizer တွေဟာ ပစ္စည်းပြတ်လတ်နေပါတယ်။
ဒါပေမယ့် စိတ်တော့ ပူစရာမလိုပါဘူး။ အခုအချိန်မှာ လူတိုင်းဝယ်ယူနေကြတဲ့ Hand Sanitizer ကို အိမ်မှာပဲ ကိုယ်ကိုယ်တိုင်လွယ်လွယ်ကူကူ ပြုလုပ်လို့ရမယ့် နည်းလမ်းတွေရှိပါတယ်။
လိုအပ်သောပစ္စည်းများ
လက်ဆေးရည်တစ်ခုပြုလုပ်ဖို့ဆိုတာ ထင်သလောက်မခက်ခဲပါဘူး။ အခုအချိန်မှာ စျေးကွက်ထဲမှာ ရနိုင်သေးတဲ့ ကုန်ကြမ်းတွေနဲ့ ပြုလုပ်လို့ရပါတယ်။ လိုအပ်တဲ့ ကုန်ကြမ်းတွေကတော့ –
– 99 %alcohol volume ရှိတဲ့isopropyl ဒါမှမဟုတ် rubbing alcohol
– ရှားစောင်းလက်ပတ် Gel
– အနံ့အတွက် ကိုယ်နှစ်သက်ရာ essential oil တစ်မျိုးမျိုး
– မွှေဖို့ပန်းကန်၊ ဇလုံ
– ဇွန်းတစ်ချောင်း
– ကေတာ့
– Hand Sanitizerထည့်ဖို့ ပုလင်း
- ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အကြံပြချက်ကတော့ လက်ရေးရည်ဟာ အယ်လ်ကိုဟောဓာတ်ပါတဲ့ လက်ဆေးရည်ဖြစ်ရမှာဖြစ်ပြီး အနည်းဆုံး အယ်လ်ကိုဟော ၆၀ ရာခိုင်နှုန်းပါတဲ့ လက်ဆေးရည်မှသာ effective ဖြစ်ပြီး ပိုးသတ်နိုင်ပါတယ်။ ပန်းကန် ဒါမှမဟုတ် ဇလုံထဲကို isopropyl alcohol ဒါမှမဟုတ် rubbing alcohol ကို သုံးပုံပုံနှစ်ပုံထည့်ပါ။
- ဒုတိယအဆင့်အနေနဲ့ ရှားစောင်းလက်ပတ်Gel ကို သုံးပုံပုံ တစ်ပုံထည့်ပါ။
- ပြီးနောက် ဇွန်းနဲ့ သမအောင် မွှေပါ။
- ဒီနောက်မှာတော့ ကိုယ်နှစ်သက်တဲ့ အနံ့အသက်ရအောင်လို့ essential oil တစ်မျိုးမျိုးထည့်ပါ။
- လွယ်လွယ်ကူကူ အသုံးပြုလို့ရတဲ့ Hand Sanitizer တစ်ခုကို ရပါပြီ။
- ဒီနောက်မှာတော့ ကတော့နဲ့ ထည့်စရာ ပလတ်စတစ်ဘူးထဲကို ထည့်ပြီး အသုံးပြုလို့ရပါပြီ။
- သတိထားစရာတစ်ခုကတော့ isopropyl alcohol အစား လွယ်လွယ်ကူကူ ဝယ်လို့ရတဲ့ အရက်တွေ၊ Vodka တွေကို အသုံးပြုတာက ထိရောက်မှုနည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ Vodka ပုလင်းအများစုမှာ အယ်လ်ကိုဟော ၄၀ ရာခိုင်နှုန်းလောက်ပဲ ပါလို့ပါ။
- isopropyl alcohol ဒါမှမဟုတ် rubbing alcohol တို့ကို ဆေးဆိုင်တွေမှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်။ ဆေးဆိုင်တွေမှာ မရှိရင်တော့ ဓာတုဆေးရောင်းတဲ့ ဆိုင်တွေမှာ မေးမြန်းပြီး ဝယ်ယူလို့ရပါတယ်
Hand Sanitizer ကို ဘယ်လိုထိထိရောက်ရောက် အသုံးပြုမလဲ
လူအများစုကတော့ Hand Sanitizer ကို ဒီအတိုင်းလက်ပေါ်တင်ပြီး ပွတ်သပ်လိုက်ရုံနဲ့တင် သက်သာသွားမယ်ထင်ပါတယ်။ ပညာရှင်တွေ အကြံပြုထားချက်အရတော့ Hand Sanitizer ကို ထိထိရောက်ရောက်အသုံးပြုမယ်ဆိုရင်
– လက်တစ်ပြင်လုံး(လက်ဖဝါး၊ လက်ဖမိုးတို့ အပေါ်)ကို Hand Sanitizer ကို သုတ်လိမ်းပါ၊ ဖြန်းပက်ပါ။
– လက်ဖဝါးကို အချင်းချင်းကို ပွတ်သပ်ပါ။ လက်တစ်ပြင်လုံး နေရာလွတ်မကျန်အောင် သေချာစွာ တိုက်ပွတ်ပါ
– လက်ချောင်းတွေ အကုန်လုံးအထိ ရောက်ရှိအောင် ပွတ်သပ်ပါ
– လက်ခြောက်သွားတဲ့အထိ စက္ကန့် ၃၀ ကနေ ၆၀ အထိ အနည်းဆုံး ပွတ်သပ်ပါ။ တစ်ခါတစ်ရံမှာတော့ ဒီလို Hand Sanitizerထည့်ပြီး လက်ကို ဆေးကြောလေ လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သေလေဖြစ်ပါတယ်။
Crd :
Ye Yint Kyaw


Comments
Post a Comment