Next Shark မှ ဖော်ပြချက်အရ ခေါက်ဆွဲခြောက်ထုပ်တွေဟာ သက်ဆိုးမရှည်စေဘူးဆိုတာကို သုတေသီတို့တွေ့ရှိခဲ့ပါတယ်တဲ့။
လေ့လာချက်ကိုတော့ Jichi ဆေးတက္ကသိုလ်မှ သုတေသနဌာနမှ ဆေးသိပ္ပံပညာရှင်တို့ဟာ ဂျပန်ခေါက်ဆွဲခြောက်နဲ့ဆက်စပ်နေတဲ့ ကျန်းမာရေးဆိုးကျိုးတွေကို ရှာခဲ့ကြရာမှ တွေ့ခဲ့ခဲ့ကြတာဖြစ်ပါတယ်တဲ့။ ဒီအကြောင်းကို Nutrition Journal မှာလည်း ကျန်းမာရေးအသိပေး ဆောင်းပါးအဖြစ် ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
ဂျပန်ခေါက်ဆွဲခြောက်ဆိုတဲ့နေရာမှာ ဂျပန်ရဲ့အဓိကအစားအစာဖြစ်တဲ့ ဂျပန်ရိုးရာခေါက်ဆွဲတွေကို အဓိကဆိုလိုချင်တာပါ။ Ramen လို့ ခေါ်ပါတယ်။ ပုံမှန် ramen တစ်ပွဲမှာ ကာဗိုဟိုက်ဒြိတ်နဲ့ ဆားပါဝင်မှုတွေဟာ သာမန်ဟင်းထက်များပြားစွာ ပါဝင်နေတာကြောင့် ၂ ဆ၊ ၃ ဆလောက် ပိုပြီးရောဂါဖြစ်ပွားနှုန်းမြင့်တက်တတ်ကြပါတယ်။
ဂျပန်နိုင်ငံမှာတော့ ပြည်သူတွေဟာ နေ့တိုင်းလိုလို တစ်နေ့ကို ၃ နပ်နီးပါးလုံး ramen စားနေကြတဲ့လူတွေရှိနေခဲ့တာ ဟိုးအစကတည်းကပါ။ အခုလိုမျိုး ramen စားရင် နှလုံးရောဂါနဲ့ လေဖြတ်ခြင်းတို့ကို မြှင့်တက်စေနိုင်တယ်ဆိုတော့ သတိထားစရာတော့ကောင်းနေပါပြီ။
Crd :Penny
Comments
Post a Comment