Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

လူတော်တော်များများ သတိမထားမိကြတဲ့ ဒူးရင်းရဲ့ ကျန်းမာရေးကောင်းကျိုး ၆ ခု



အရှေ့တောင်အာရှမှာ နတ်သုဒ္ဓါအဖြစ်တင်စားထားကြတဲ့ အသီးတစ်မျိုးရှိပါတယ်။ အဲဒါကတော့ဒူးရင်းသီးပါ။ တော်တေ်ာများများကတော့ ဒူးရင်းသီးစားရင် သွေးတိုးတယ်၊ အနံ့စူးရှလွန်းလို့ ခေါင်းကိုက်တယ်လို့ပဲ သိထားကြပမေယ့် သင်တို့မသိသေးတဲ့ ဒူးရင်းသီးစားခြင်းကြောင့် ရရှိလာနိုင်တဲ့အကျိုးကျေးဇူးပေါင်း များစွာရှိနေပါတယ်။ အဲဒီအထဲမှ ဒူးရင်းသီးနဲ့လုံးဝမဆက်စပ်မိတဲ့ ကျန်းမာရေးကောင်းကျိုး ၅ ခုကို ဖော်ပြပေးသွားမှာမလို့ ဗဟုသုတရအောင် ဖတ်ကြည့်လိုက်ကြပါဦး။

ဒူးရင်းသီးမှာပါတဲ့အာဟာရဓာတ်များ

USDA National Nutruent Database ရဲ့ ဖော်ပြချက်အရ ဒူးရင်းသီးမှာ မထင်မှတ်ထားတဲ့ ဗီတာမင်တွေနဲ့သတ္တုဓာတ်တွေ အများကြီးပါဝင်နေတာကို တွေ့ရပါတယ်။ လုံးဝမထင်ထားတဲ့ ဗီတာမင် စီ ကို တွေ့ရပြီး ဖောလစ်အက်ဆစ်၊ thiamin ဓာတ်၊ riboflavin, niain အပြင် ဗီတာမင် အေးနဲ့ B6 တို့လည်း ပါဝင်နေပါတယ်။ ပိုတက်ဆီယမ်၊ သံဓာတ်၊ ကယ်ဆီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ သံဓာတ်နဲ့ ဖော့စ်ဖောယက်တို့ကိုလည်း ဒူးရင်းသီးထဲမှာ ရှာတွေ့ခဲ့ပါတယ်။ ရေဓာတ်နဲ့ လူ့ခန္ဓာကိုယ်တွင်းရောဂါတွေ ကာကွယ်ပေးတဲ့ phytonutrients, ပရိုတင်းနဲ့ အကျိုးပြုအဆီတွေလည်း ပါဝင်နေပါတယ်။

(၁) ဒူးရင်းသီးနဲ့အစာချေစနစ်

မလေးရှားနိုင်ငံရဲ့ Asian Institute of Medical, Science, and Technology တက္ကသိုလ်မှ Dr. Nurul Arneida Husin ရဲ့ Bioinformation ဆိုတဲ့ ဂျာနယ်မှာတော့ ဒူးရင်းသီးစားခြင်းကြောင့် အစာချေစနစ်ရဲ့လုပ်ဆောင်ချက်တွေ ပိုမိုကောင်းမွန်လာစေတယ်လို့ ရေးသားထားတဲ့ စောင်းပါးတစ်ခုပါရှိနေပါတယ်။ ဖိုက်ဘာဓာတ်ပေါကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် အစာလမ်းကြောင်းတစ်လျှောက်မှာ သာမန်အချိန်တွေထက် အစာချနှုန်း ပိုသွက်စေပြီး ဝမ်းချုပ်ခြင်းနဲ့ ဝမ်းဗိုက်ဖောခြင်း၊ ရင်ပူတာတွေ၊ ဝမ်းဗိုက်ကြွက်သားတောင့်ခြင်းကြောင့် ဖြစ်ပေါ်တတ်တဲ့ ဗိုက်နာမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၂) နှလုံးကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် ဒူးရင်းသီး

အပေါ်မှာဖော်ပြခဲ့တဲ့ ဆောင်းပါးမှာပဲ ၂၀၁၈ ခုနှစ်ရဲ့လေ့လာချက်အရ ဒူးရင်းသီးဟာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုတယ်လို့ သိရပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေတဲ့ အလားတူဖိုက်ဘာမျှင်တွေဟော သွေးတွင်းက LDL ကိုလက်စရောတွေကို နှလုံးသွေးကြောတွေကို ဘေးဖြစ်အောင် ထိခိုက်မှုမလုပ်ခင်မှာပဲ ချေဖျက်ပေးလိုက်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

(၃) နုငယ်ပျိုမြစ်စေမယ့် ဒူးရင်းသီးရဲ့အစွမ်းသတ္တိ

Antioxidant ဓာတ်တွေပေါကြွယ်ဝပြီး ပါဝင်တဲ့ ဗီတာမင်နဲ့သဘာဝဓာတုဓာတ်တွေကြောင့် ဒူးရင်းသီးဟာ အိုမင်းခြင်းရဲ့လက္ခဏာတွေဖြစ်တဲ့ အရေးအကြောင်းတွေ၊ အသက်ကြီးပိုင်တွေမှာဖြစ်လေ့ဖြစ်ထရှိတဲ့ လူအိုအမှတ်တွေ၊ ကြွက်သားလျော့ရဲခြင်းတွေ၊ ဆံပင်ကျွတ်တာ၊ သွားကျိုးတာ၊ အဆစ်နာဝေဒနာတွေကို ကာကွယ်ပေးပါတယ်။

(၄) အိပ်ပျော်ခြင်းဝေဒနာ insomnia ကို ကုသပေးခြင်း

Medicine ဆိုတဲ့ ဆေးပညာဂျာနယ်မှဖော်ပြချက်အရ ဒူးရင်းသီးတွေမှာ အချိန်ခဏပဲအိပ်လို့ရမယ့် အကျင့်ကို လျော့ကျစေတဲ့ tryptophan နဲ့ amino acid တို့ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီ tryptophan တွေဟာ ဦးနှောက်ထဲရောာက်သွားတဲ့အခါ နွမ်းနယ်မှုတွေကို လျော့ကျစေပြီး ပျော်ရအင်စေတဲ့ဟော်မုန်းတွေကို ထုတ်လွှင့်ပေးကာ ပိုနေတဲ့ serotonin တွေဟာ သွေးကြောထဲကို melatonin အဖြစ် ရောက်သွားခြင်းကြောင့် ခန္ဓာကိုယ်ကိုနွမ်းလျစေပြီး အိပ်ချင်စိတ်ကိုဖြစ်ပေါ်လာစေတာပါ။

(၆) ဖိုမကိစ္စမှာစိတ်ဝင်စားမှုလျော့နည်းတာကို ပြုပြင်ပေးမယ့် ဒူးရင်းသီး

မလေးရှားနိုင်ငံရဲ့ Cyberjaya University College of Medical Sciences က ရှာတွေ့ချက်အရ ဒူးရင်းသီးဟာ aphrodisiac လို့ခေါ်တဲ့ ချစ်တင်းနှောရာမှာ စိတ်ပါလာအောင်လုပ်ပေးတဲ့ဓာတ်တစ်မျိုးကို သဘာဝအလျောက်မသိမသာဖြစ်စေပါလို့ သိရပါတယ်။

(၇) သွေးအားနည်းသူများစားသင့်တဲ့အသီး

အပေါ်မှာဖော်ပြခဲ့တဲ့အတွက် ဖောလစ်အက်ဆစ်တွေ လုံလုံလောကလောက်ပါဝင်တဲ့အတွက် သွေးအားနည်းသူတွေဖို့ စားသင့်တဲ့အသီးတစ်မျိုးလို့ ပြောချင်ပါတယ်။ ဖောလစ်အက်ဆစ်ဟာ သွေးနီဥတွေဖြစ်ပေါ်စေရာမှာ အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပြီး သံဓာတ်၊ ကော့ပါးဓာတ်တို့လည်း ပါဝင်နေတဲ့အတွက် သွေးအားနည်းသူတွေဖို့ ပုံမှန်သွေးအားပြန်ရစေအောင်ကူညီပေးပါတယ်။ သွေးအားနည်းခြင်းကြောင့် ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အစာမကျေခြင်း၊ ပင်ပမ်းနွမ်းနယ်ခြင်း၊ စိုးရိမ်စိတ်များခြင်းနဲ့ သတိမေ့တတ်ခြင်းတို့ ဖြစ်ပေါ်စေပါတယ်။

ဒါပေမဲ့လည်း ဘယ်လောက်ပဲ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတယ်ပြောပြော အရာတိုင်းမှာ ကောင်းတဲ့အချက်နဲ့ မကောင်းတဲ့အချက်နဲ့တော့ အမြဲဒွန့်တွဲနေလျက်ပါ။ ဒူးရင်းသီးမှာ ခန္ဓာကိုယအတွက် အကျိုးပြုစေမယ့် အဆီဓာတ်တွေအများကြီးပါဝင်လို့နေပါတယ်။ ဒါကြောင့် ကိုယ်တွင်းအဆီဓာတ်များသူတွေအနေနဲ့ကတော့ အလွန်အကျွံမစားသင့်ပါဘူး။ ထိုနည်းတူစွာပါပဲ၊ သွေးတိုးနဲ့ဆီးချိုရှိတဲ့လူတွေလည်း ဂရုပြုသင့်ပါတယ်။

Crd :Penny

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...