![]() |
သင့်နှာခေါင်းနဲ့လည်ချောင်းမှာ ဗိုင်းရပ်စ်ကူးစက်တဲ့အခါ ရိုးရိုးအအေးမိဖျားနာတာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမယ့် ရိုးရိုးအအေးမိတာလောက်ကတော့ အသက်အန္တရာယ်စိုးရိမ်ရမယ့် အခြေအနေမဟုတ်ပါဘူး။ ရိုးရိုးအအေးမိတဲ့အခါ နှာစေးတာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်ခဲတာနဲ့ ခေါင်းကိုက်တာ၊ နှာချေတာနဲ့ အနည်းငယ်ဖျားနာတာတွေဖြစ်ပေါ်တတ်ပါတယ်။ နှစ်ရက်သုံးရက်ကြာပြီးနောက်မှာ ချွဲထလာပြီး အရောင်က အဝါသို့မဟုတ်အစိမ်းရောင်ဖြစ်တတ်ပြီး၊ ရိုးရိုးအအေးမိခြင်းဟာ များသောအားဖြင့် ငါးရက်ကနေ(၇)ရက်အတွင်း ကုသနိုင်ပါတယ်။
တုတ်ကွေးရောဂါက ရုတ်တရက်ဖြစ်ပေါ်ပြီး ၊ အအေးမိတာနဲ့ကွာခြားမှုရှိပါတယ်။ သူက အသက်သေနိုင်သည်အထိ စိုးရိမ်ရပါတယ်။ တုတ်ကွေးရဲ့လက္ခဏာတစ်ချို့က အပူချိန်40°C အထိ ကိုယ်ပူချိန်မြင့်တက်တာ၊ ချမ်းတာ၊ ချောင်းဆိုးတာ၊ မောပန်းတာ၊ လည်ချောင်းနာတာ၊ ပျို့တက်တာ၊ အော့အန်တာ၊ ဝမ်းလျှောတာ၊ အသက်ရှုကျပ်တာ၊ ခေါင်းကိုက်တာ၊ မျက်စိခြောက်တာ၊ အဖုအပိန့်ထွက်တာတွေ ဖြစ်ပေါ်တတ်ပါတယ်။ သေချာမကုသဘူးဆိုရင် အခြေအနေပိုဆိုးပြီး အဆုတ်ရောင်ရောဂါဖြစ်ပွားလာနိုင်ပါတယ်။
ကိုလိုနာဗိုင်းရပ်စ်(covid19)
ကိုလိုနာဗိုင်းရပ်စ်ဖြစ်ပွားတဲ့လက္ခဏာတွေက ပုံမှန်အသက်ရှုလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေလို ဖျားနာတာ၊ ချောင်းခြောက်ဆိုးတာ၊ မောပန်းတာ၊ အသက်ရှုကခက်ခဲတာတွေဖြစ်တတ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံ ဖျားနာတဲ့ လက္ခဏာမပြဘူးလို့သိရပါတယ်။ ပိုပြီးပြင်းထန်လာတဲ့အခါ အဆုတ်ရောင်ရောဂါအဖြစ်ဆိုးဝါးလာပြီး ၊ အသက်ရှုလမ်းကြောင်းကို ပြင်းပြင်းထန်ထန်ထိခိုက်တာ၊ ကျောက်ကပ်ပျက်စီးတာနဲ့သေဆုံးသည်အထိဖြစ်နိုင်ပါတယ်။ သင့်အနေနဲ့ဝူဟန်မြို့ကနေပြန်လာသူဖြစ်ဖြစ်၊ တရုတ်ကိုသွားတဲ့ ဘယ်သူနဲ့မဆို ဆက်ဆံတဲ့အခါ အထူးဂရုပြုရမှာဖြစ်ပါတယ်။ ကျန်းမာရေးကို (၁၄)ရက်ကြာစောင့်ကြည့်ပြီး အထက်ပါ လက္ခဏာတွေဖြစ်နေသေးပါက ဆေးရုံကို ချက်ချင်းသွားရောက်ကုသဖို့လိုအပ်ပါတယ်။
ဘယ်ဗိုင်းရပ်စ်မဆို ကာကွယ်နိုင်ဖို့အတွက် သင့်ပြုလုပ်ရမှာကတော့ လက်တွေကို ဆပ်ပြာနဲ့ရေနွေးနဲ့စင်ကြယ်အောင်ဆေးကြောဖို့၊ ဆေးကြောတဲ့အခါ လက်ကို စက္ကန့်(၂၀)လောက်ပွတ်တိုက်ဖို့အကြံပြုပါတယ်။ ရေမရှိတဲ့အခါ အရက်အခြေခံတဲ့လက်သန့်စင်ဆေးတွေကို သုံးသင့်ပြီး၊ ချောင်းဆိုးနှာချေတဲ့အခါ တစ်သျူးနဲ့အုပ်ဖို့လိုပါတယ်။ တစ်သျူးကိုအမှိုက်ပုံးထဲစနစ်တကျဖြစ်ဖို့နဲ့၊ အစားအစားတွေကို ကျက်အောင်ချက်စားဖို့၊ ချောင်းဆိုးနှာချေနေသူနဲ့ ခြောက်ပေအကွာနေဖို့ လိုအပ်ကြောင်းဖော်ပြလိုက်ပါတယ်။
Khaing Sandar


Comments
Post a Comment