(1) အငန်တွေလျှော့ပါ
ကော်ဖီထဲမှာပါဝင်တဲ့ ကဖိန်းဓာတ်ဟာ သွေးတိုးဖြစ်စေဖို့ လုံလောက်တဲ့ ပမာဏပဲဖြစ်ပါတယ်။ကော်ဖီအရမ်းကြိုက်ရင်လည်း တစ်နေ့ကို အနည်းဆုံးကော်ဖီတစ်ခွက်ထက် ပိုမသောက်တာ အကောင်းဆုံးပါပဲ။ကောဖီမကြိုက်တဲ့သူတွေအတွက်ကတော့ အကောင်းဆုံးလို့ပဲ ပြောလိူ့ရကာတယ်။
(3) ချောကလက် များများစားပါ
ချောကလက်ဆိုတိုင်းလည်း အရမ်းမပျော်သွားပါနဲ့။ ကျွန်တော်ပြောတာ အနက်ရောင်ချောကလက်ပါ။ အနက်ရောင်ချောကလက်မှာပါဝင်တဲ့ flavonoids ဆိုတဲ့ ဓာတ်တစ်မျိုးက သွေးလည်ပတ်မှုအားကောင်းစေပြီး သွေးကြောတွေကိုပွင့်စေပါတယ်။
(4) ပိုတက်ဆီယမ်ပါဝင်တဲ့ အစားအစာ များများစားပါ
ခန္ဓာကိုယ်မှာ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတာ အကောင်းဆုံးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ သွေးလည်ပတ်မှုကို ကောင်းမွန်စေပါတယ်။ ဒါကြောင့် ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ထောပတ်သီး၊ငှက်ပျောသီး၊ခရမိးချဉ်သီး၊အာလူး၊ပဲအမျိုးမျိုး၊အစေ့အဆံ၊တူနာငါးနဲ့ ဆော်လ်မွန်ငါးတို့ကို စားသုံးသင့်ပါတယ်။
(5) ဆေးလိပ်ဖြတ်ပါ
ဆေးလိပ်တစ်လိပ်ကို မီးညှိသောက်သုံးလိုက်ခြင်းက သွေးတိုးဖြစ်စေနိုင်တာ ခဏပါပဲ။ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေနဲ့ သွေးလည်ပတ်မှုကို ဒုက္ခပေးတာ တစ်သက်လုံးပါပဲ။ဒါ့ကြောင့် ဆေးလိပ်မသောက်ခြင်းကတော့ အကောင်းဆုံးပါပဲ။
(6) စိတ်ဖိစီးမှုတွေ မဖြစ်အောင်နေပါ
ပြောတာကတော့လွယ်ပါတယ်။ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ဖိစီးမှုကို ထန်းချုပ်ရတာအရမ်းခက်ခဲပါတယ်။ စိတ်ဖိစီးမှုတွေများလာရင် နှလုံးခုန်နှုန်းတွေ မြင့်တက်လာစေပြီး သွေးဖိအားများလာစေပါတယ်။အဲဒီစိတ်ဖိစီးမှုကြောင့်ပဲ အစားအစာတွေကို စိတ်ကြိုက် စားနေမိရင်လဲ ခန္ဓာကိုယ်အတွက် မကောင်းစေနိုင်ပါဘူး။
(7) အရက်မသောက်ပါနဲ့
သွေးပေါင်တက်ခြင်းရဲ့ ၁၅ရာလိုင်နှုန်းဟာ အရက်သောက်ခြင်းနဲ့ ဆက်စပ်နေတာ သင်သိပါသလား။အရက်ကို တစ်နေ့တစ်ခွက်ပဲ သောက်တာ အကောင်းဆုံးပါပဲ။အယ်၍ အမျိုးသမီးတွေက တစ်ခွက်နဲ့ အထက်၊အမျိုးသားတွေက နှစ်ခွက်နဲ့အထက်နေ့စဉ်သောက်သုံးရင် သွေးတိုးဖြစ်စေနိုင်ဖို့ အခြေအနေကောင်းတစ်ခုပါပဲ။
Pyi Hein Kyaw
Comments
Post a Comment