ရေဓာတ်
မနက်အိပ်ယာနိုးနိုးချင်း သင့်ဝမ်းဗိုက်ထဲကို ဖြည့်ဆည်းဖို့က ရေတစ်ခွက်ဖြစ်ပါတယ်။ မနက်ခင်းမှာ အစာမရှိသေးတဲ့ ဝမ်းထဲကို ရေသောက်ချလိုက်တာက အကျိုးများစွာ ဖြစ်စေပါတယ်။ သွေးထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပစ်နိုင်လို့ အသားအရေကိုလည်း ကြည်လင်စေသလို အူလမ်းကြောင်းကိုလည်း ရှင်းလင်းပေးတဲ့အတွက် ရောဂါများစွာကိုလည်း ကြိုတင်ကာကွယ်ထားစေပါတယ်။
စိတ္ထားမႈ
မနက်ခင်းကို အကောင်းမြင်တဲ့စိတ်၊ တက်ကြွရွှင်လန်းနေတဲ့ စိတ်နဲ့ အစပြုရင် တစ်နေ့တာ ဆောင်ရွက်သမျှ အဆင်ပြေအောင်မြင်နိုင်ပါတယ်။ အားလပ်ရက်လိုမျိုး အချိန်ရတဲ့နေ့တွေဆို တရားထိုင်တာ၊ တရားနာတာ လုပ်ပေးသင့်ပြီး အလုပ်နဲ့ ကျောင်းရှိတဲ့ နေ့တွေမျိုးဆိုရင်တော့ ပျော်ရွှင်စရာအတွေးလေးတွေသာ ရွေးတွေးပေးတာမျိုး၊ နားကျပ်နဲ့ သံစဉ်အေးအေးလေး နားထောင်တာမျိုးတွေ၊ တရားနာတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။
ကိုယ်လက်လှုပ်ရှား
မနက်နိုးတဲ့အခါ ပုံမှန်လုပ်သင့်တဲ့ အမူအကျင့်တွေထဲမှာ ကိုယ်လက်လှုပ်ရှား လုပ်ပေးဖို့လည်း ပါဝင်ပါတယ်။ အပြင်းအထန်မဟုတ်ရင်တောင် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းတွေ လုပ်ပေးသင့်ပါတယ်။ အကျိုးကျေးဇူးတွေကတော့ ခန္ဓာကိုယ်တွင်း ဇီဝလည်ပတ်မှုကို မှန်ကန်စေတဲ့ အပြင် သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာလည်း အားအင်ပိုရသွားစေပါတယ်။
မနက္စာ
လူတစ်ယောက်ရဲ့ တစ်နေ့တာမှာ အရေးကြီးဆုံးကတော့ မနက်စာပါပဲ။ တစ်နေ့တာကို အားအင်ပြည့်စွာ စတင်နိုင်ဖို့ မနက်စာကို အာဟာရပြည့်ဝစွာ စားဖို့လည်း လိုပါတယ်။ တချို့အပြင်စာတွေမှာဆိုရင် အရောင်ဆိုးဆေးတွေ၊ မသန့်တဲ့ဆီ နောက်တစ်မျိုးခေါ်ရရင်တော့ ပြန်ကြော်ဆီတွေ ပါဝင်နေတဲ့အတွက် အာဟာရဓာတ် ပြည့်ပြည့်ဝဝမပေးနိုင်တဲ့အပြင် ကျန်းမာရေးအတွက် ဆိုးကျိုးတွေပါ ဖြစ်စေတတ်ပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေမှာ ဓာတုပစ္စည်းတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲလာခြင်းရဲ့ အကျိုးဆက်အနေနဲ့ နေ့စဉ်စားနေတဲ့ ထမင်းနဲ့ ဟင်းမှာတောင် အာဟာရဓာတ် လုံလောက်ပြည့်ဝစွာ မပါဝင်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါ့ကြောင့်လည်း ပုံမှန်စားနေကျအစားအသောက်တွေကနေ အာဟာရပြည့်ဝစွာ ရရှိ မရှိဆိုတာ တွေးစရာတစ်ခုလို ဖြစ်လာပါတယ်။ အဲ့ဒီလို အာဟာရလိုအပ်ချက်လေးတွေ ပြီးပြည့်စုံအောင် ထပ်မံဖြည့်ဆည်းပေးဖို့ ထမင်းနဲ့ဟင်းအပြင် အိုဗာတင်းတစ်ခွက်သောက်ပြီး ထပ်မံအားဖြည့်လို့ရတယ်ဆိုတဲ့ အချက်လေးကို အကြံပေးပါရစေ။ မုယောစပါးက ထုတ်ထားတဲ့ အိုဗာတင်း Malted Milk မှာ ခန္ဓာကိုယ်အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ် ၂၃ မျိုးနဲ့ ပရိုတင်းဓာတ်တို့ ကြွယ်ဝစွာ ပါဝင်ပြီး အိုဗာတင်းတစ်ခွက်မှာ နွားနို့ ၂ ခွက်စာ ကယ်ဆီယမ်ဓာတ် ပါဝင်တဲ့အတွက် အာဟာရပြည့် နံနက်စာအတွက် အရွေးချယ်သင့်ဆုံး ဖြစ်ပါတယ်။





Comments
Post a Comment