အသက်အရွယ်ရလာတာနဲ့အမျှ ဆံပင်တွေဖြူလာတတ်ပေမယ့်၊ တစ်ခါတစ်လေ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ဖြူနေသူတွေကို သင်မြင်တွေ့ဖူးမှာပါ။ တကယ်တော့ ဆံပင်ဖြူခြင်းဟာ ဇရာကြောင့် အပြင် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်ပါတယ်။
ပညာရှင်တွေက ဒီတွေ့ရှိချက်ကို အမှတ်မထင်တွေ့ခဲ့တာပါ။ ဘယ်ကလဲဆိုရင်တော့ အမဲရောင်ကြွက်တွေဟာ ရက်သတ္တပတ်အတော်အကြာမှာ အဖြူရောင်လုံးဝပြောင်းလဲသွားတာကို ရုတ်တရက် သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီနောက် ကြွက်တွေကို စမ်းသပ်ကြည့်လိုက်တဲ့အခါ ပြင်းထန်တဲ့စိတ်ဖိစီးမှုကြောင့် အသားအရည်နဲ့ဆံပင်အရောင်ကို ထိန်းချုပ်တဲ့ stem cells တွေပျက်စီးပြီး ပြောင်းလဲသွားတာလို့ သိခဲ့ပါတယ်။
ဒီလို stem cells တွေပျက်စီးစေမှုမှာ cyclin-dependent kinase (CDK)လို့ခေါ်တဲ့ ပရိုတင်းတစ်မျိုး အဓိကပါဝင်ပတ်သက်နေတာကို ဆက်လက်သိရှိခဲ့ပြီး၊ အဲ့ဒီပရိုတင်းကိုသာ ထိန်းချုပ်နိုင်မယ်ဆိုရင် ဆံပင်အရောင်ပြောင်းခြင်းကို တားဆီးနိုင်တဲ့ ကုသမှုပဲတွေ့ပြီလို့ ပညာရှင်တွေကဆိုပါတယ်။
အဲ့ဒီအခါနောက်ထပ်စမ်းသပ်မှုတစ်ခုအဖြစ် ကြွက်တွေကို သွေးတိုးရောဂါကုသတဲ့ anti-hypertensiveဆေး ထိုးပေးလိုက်တဲ့အခါမှာ အရောင်ပြောင်းတာဟာ ရပ်တန့်သွားခဲ့ပါတယ်တဲ့။
အမျိုးသားနဲ့အမျိုးသမီးတွေဟာ အသက်(၃၀)ကျော်လာတာနဲ့ ဆံပင်အရောင်ဟာ အညိုရောင် ပြောင်းလဲလာကြပါတယ်။ ဒါတွေဟာ သဘာဝအရအိုမင်းလာမှု၊ မျိုးရိုးဗီဇနဲ့ စိတ်ဖိစီးမှုတွေကြောင့် ဖြစ်လာတဲ့အရာတွေပါ။
ဒီအကျိုးသက်ရောက်မှုတွေဟာ ဆံပင်နဲ့အသားအရည်ကို တာဝန်ယူတဲ့ မယ်လမင်းဓာတ် ထုတ်လုပ်ပေးတဲ့ melanocyte stem cells တွေနဲ့ပတ်သက်တာဖြစ်တယ်လို့ Sao Paulo နဲ့ Harvardတက္ကသိုလ်မှ လေ့လာရေးသုတေသီတွေက Nature ဆေးမဂ္ဂဇင်းမှာ ဖော်ပြထားပါတယ်။
Crd:Khaing Sandar

Comments
Post a Comment