ဒီစိတ်ကျရောဂါကြောင့် မိမိကိုယ်ကို သတ်သေမှုတွေဟာလည်း မြင့်သထက် မြင့်တက်လာပါပြီ။ မတော်တဆမုတွေကြောင့် သေဆုံးမုှတွေပြီးရင် ဒုတိယအများဆုံးက ကိုယ့်ကိုယ်ကိုသတ်သေတာတွေပါ။ ကိုယ့်ကိုယ်ကိုသတ်သေတာတွေ တော်တော်များများရဲ့ အဓိကတရားခံကတော့ စိတ်ကျရောဂါခံစားနေရလို့ဖြစ်ပါတယ်။
အဲဒီစမ်းသပ်မှုမှာ အကိုက်အခဲပျောက်ဆေးမှာပါဝင်တဲ့ ဆေးတော်တော်များများက စိတ်ကျရောဂါကို သက်သာစေကြောင်းတွေ့ရှိခဲ့ရပါတယ်။ဒါ့အပြင် ငါးကြီးဆီမှာ ပါဝင်တဲ့ ဒြပ်ပေါင်းတော်တော်များများက စိတ်ကျရောဂါကို သက်သာစေနိုင်တဲ့အပြင် လူတစ်ယောက်ရဲ့စိတ်ကို သာမန်ထက်ပိုမိုကောင်းမွန်အောင် ပြုလုပ်ပေးနိုင်ကြောင်း Insider သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒါကြောင့် စိတ်ကျရောဂါခံစားရတဲ့သူတွေကို အကြံပေးချင်တာက အကိုက်အခဲပျောက်ဆေး၊ ငါးကြီးဆီနဲ့ ကိုလက်စ်ထရောကိုကျစေတဲ့ ဆေးဝါးများကို သုံးစွဲခြင်းက လူတစ်ယောက်ရဲ့ စိတ်ဓာတ်ကျဆင်းနေမှုကို မြှင့်တင်ပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
Crd :Pyi Hein Kyaw

Comments
Post a Comment