ကော်ဖီကြိုက်သူတွေအတွက်တော့ ကော်ဖီတစ်ခွက်ဟာ နံနက်ခင်းတစ်ခုကို ပြည့်စုံသွားစေတဲ့ အရာတစ်ခုပါ။
ဒါ့အပြင်ကော်ဖီမှာ အရိုးအဆစ်ကိုသန်မာစေတဲ့ အကျိုးအာနိသင်လည်းရှိနေပြန်ပါသေးတယ်။ တကယ်လို့သင်ဟာ ကော်ဖီမကြိုက်သူတစ်ယောက်ဆိုရင်တော့ သင့်ကျောရိုးကိုသန်မာစေမယ့်အရာကို လက်လွတ်လိုက်ရသလို ဖြစ်ပါတော့မယ်။ဘာကြောင့်လဲဆိုရင် ကော်ဖီသောက်သုံးခြင်းဟာ ကဖိန်းဓာတ်အပြည့်အဝရရှိရုံသာမကဘဲ အရိုးအဆစ်တွေကိုလည်း ပိုမိုသန်မာစေတယ်လို့ လေ့လာချက်အသစ် တစ်ခုအရ သိရှိခဲ့ပါတယ်။ အရိုးပွရောဂါနဲ့ပတ်သက်ပြီး တရုတ်လူမျိုး(၅၆၄)ဦးကို နှိုင်းယှဉ်လေ့လာတဲ့အခါ အဲ့ဒီထဲက ပုံမှန်ကော်ဖီသောက်သုံးသူတွေဟာ မသောက်သူတွေထက် အရိုးဓာတ်သိပ်သည်းဆပိုကောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
ဒီလေ့လာချက်ကို ဟောင်ကောင်တက္ကသိုလ်မှ သုတေသီတွေက လုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ မကြာခဏ ကော်ဖီသောက်သူတွေမှာ အရိုးအဆစ်သန်မာစေတဲ့ အရိုးဓာတ်သိပ်သည်းဆဟာ သိသိသာသာမြင့်မားနေတာဖြစ်ပါတယ်။မတူညီတဲ့ မော်လီကျူသုံးမျိုးဟာ ကော်ဖီသောက်သုံးခြင်းရယ်၊ အလွယ်တကူမကျိုးလွယ်တဲ့ strong bones နှစ်ခုစလုံးရယ်နဲ့ဆက်စပ်မှုရှိနေတာကို တွေ့ခဲ့တာပါ။
တွေ့ရှိတဲ့အချက်တွေဟာ နည်းပါးသေးတယ်လို့ဆိုကြပေမယ့်၊ လေ့လာမှုထဲ မပါဝင်တဲ့ပညာရှင်တွေကတောင် ဒီအထောက်အထားတွေအရ ကော်ဖီသောက်ခြင်းကြောင့် အရိုးတွေကိုသန်မာစေတယ်ဆိုတဲ့ သုံးသပ်ချက်ကို ချဖို့ လုံလောက်တယ်လို့ ပြောထားပါတယ်။
ဒါဟာ ကော်ဖီများများသောက်သူတွေအတွက် ကော်ဖီဟာ ကျန်းမာရေးဆိုးကျိုးသက်ရောက်မှုရှိစေတယ်ဆိုတဲ့ စိုးရိမ်မှုတွေကိုလျော့ကျစေမယ့် သတင်းကောင်းတစ်ခုဆိုလည်း မမှားတော့ပါဘူး။
Khaing
Comments
Post a Comment