Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

ကင်ဆာဖြစ်ပွားနေပြီဆိုတာကို သိနိုင်မယ့် အချက်(၁၃)ချက်


ကင်ဆာဟာခန္ဓာကိုယ်ရဲ့ဘယ်နေရာမှာမဆိုဖြစ်နိုင်တဲ့ရောဂါတစ်မျိုးပါ။လူတိုင်းနီးပါးဖြစ်ပွားနိုင်တဲ့ရောဂါလက္ခ ဏာတစ်ခုလည်းဖြစ်တယ်လို့ အမေရိကန်ကင်ဆာအဖွဲ့အစည်းကပြောပါတယ် ။တစ်ခါတရံ မဖြစ်နိုင်ပါဘူးလို့ထင်ထားတဲ့ရောဂါလက္ခဏာတွေဟာ မသိကျိုးကျွံပြုနေရင်းနဲ့ဖြစ်ပွားတတ်ပါတယ်။
ကင်ဆာဖြစ်ပွားနေတာကိုစောစီးစွာသိရင်တော့ ကုသမှုတွေကိုအကောင်းဆုံးလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ကင်ဆာရောဂါလက္ခဏာတွေနဲ့ပတ်သက်ပြီး အမေရိကန်ကင်ဆာကုသမှုစင်တာမှာ ဆေးပညာကင်ဆာ ရောဂါရှာဖွေကုသရေးပါရဂူတစ်ယောက်ဖြစ်တဲ့ ဒေါက်တာ Ioana Bonta နဲ့ NYU Langone ဆေးဘက်ဆိုင်ရာစင်တာက ရင်သားကင်ဆာဆေးဘက်ဆိုင်ရာကင်ဆာရောဂါရှာဖွေကုသရေးပါရဂူ ဒေါက်တာ Marleen Meyers တို့က Insider.com ကို အခုလိုပဲရှင်းပြခဲ့ပါတယ်။
တစ်ကယ်လို့သင့်ဆီမှာကင်ဆာရောဂါဖြစ်ပွားနေတယ်ဆိုတဲ့ရောဂါလက္ခဏာတွေပြသခဲ့မယ်ဆိုရင် သင်ဟာကြောက်ရွံမနေသင့်ပါဘူး။ကင်ဆာရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်ရဲ့တည်နေရာ၊အရွယ်အစားနဲ့ ကင်ဆာအမျိုးအစား ပေါ်အခြေခံပြီး ကွဲပြားနိုင်ပါတယ်။ဒီရောဂါလက္ခဏာ(၁၃)ခုဖြစ်ပွားနေပြီဆိုရင် ဒါဟာကင်ဆာဖြစ်ပွားမှုရဲ့အစပျိုးခြင်းတွေပဲဖြစ်ပါတယ်။
(၁) ပင်ပန်းနွမ်းနယ်နေမယ်
ပုံမှန်ထက်ပိုပြီးအနားယူအိပ်စက်နေမယ်၊ ထိုင်းမှိုင်းနေမယ် ဒါမှမဟုတ် အားမရှိသလိုဖြစ်ပြီးပင်ပန်းနွမ်းနယ် နေမယ်ဆိုရင်လည်း ဒါဟာကင်ဆာရောဂါဖြစ်နိုင်ခြေရှိတဲ့လက္ခဏာတွေကိုပြသနေတာပဲဖြစ်ပါတယ်။
(၂)အရေပြားမှာ အကြိတ်၊ အဖု၊အသားပိုလေးတွေထွက်လာမယ်
အရေပြားကင်ဆာဖြစ်ပြီဆိုရင် ခန္ဓာကိုယ်ပေါ်မှာ အကြိတ်၊ အဖုနဲ့အသားပိုတွေထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကြီးဟာ ရောင်နေတဲ့အတွက် ပန်းရောင်သန်းနေမှာပါ။အရေပြားကင်ဆာဟာ ကိုယ့်ကိုယ်ကိုယ်သေချာပေါက်မကြည့်ချင်လောက်အောက်ကို ရုပ်ဆိုးပြီးကြောက်စရာကောင်းပါတယ်။ခန္ဓာကိုယ်ပေါ်က အကြိတ်၊ အဖု၊ အသားပိုလေးတွေတစ်ဖြေးဖြေးကြီးထွားလာမယ်ဆိုရင် အင်မတန်မှကြည့်ရဆိုးပါတယ်။ အရေပြားကင်ဆာဟာ သေဆုံးမှုအများဆုံးဖြစ်ပွားနိုင်တဲ့ကင်ဆာတစ်မျိုးဖြစ်ပါတယ်။သေချာတာတစ်ခုကတော့ အရေပြားကင်ဆာဖြစ်ပြီဆိုရင် အရေပြားရဲ့အရောင်ဟာနဂိုမူလအတိုင်းရှိနေမှာမဟုတ်ပါဘူး။လက်သည်း၊ ခြေသည်းအောက်ဘက်တွေအပါအဝင် ထူးဆန်းတဲ့နေရာလေးတွေမှာဖြစ်ပွားတတ်ပါတယ်။
(၃)ပြည့်အင့်မှုတွေဖြစ်လာမယ်
သားအိမ်ကင်ဆာဟာ အစောပိုင်းအဆင့်မှာတင်ကို ကုသဖို့တော်တော်ခက်ခဲပါတယ်။ဒီရောဂါဖြစ်ပြီဆိုရင် အစပိုင်းမှာ မအီမသာဖြစ်ပြီး ပြည့်အင့်တာတွေဖြစ်တတ်ပါတယ်။အစာအနည်းငယ်လောက်ပဲစားလိုက်ရင်တောင် ပြည့်အင့်လာတယ်လို့ခံစားရမှာဖြစ်ပါတယ်။
(၄)အစာစားချင်စိတ်တွေပျောက်ဆုံးနေမယ်
ကင်ဆာစဖြစ်ပြီဆိုရင်အစာစားချင်စိတ်တွေပျောက်ဆုံးနေတာလည်း ရောဂါကိုပြသတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။အူမကြီးကင်ဆာ၊သားအိမ်ကင်ဆာ၊အစာအိမ်ကင်ဆာ၊ pancreatic ကင်ဆာနဲ့အဆုတ်ကင်ဆာတွေဖြစ်ပွားမယ်ဆိုရင် အခုလိုအစာစားချင်စိတ်တွေပျောက်ဆုံးမယ့်လက္ခဏာတွေကိုပြသမှာဖြစ်ပါတယ်။
(၅)သိသိသာသာကိုယ်အလေးချိန်ကျဆင်းနေမယ်
သိသိသာသာကိုယ်အလေးချိန်ကျဆင်းသွားတာဟာလည်း ကင်ဆာရောဂါဖြစ်ပွားနေမှုကိုပြသတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။ပင်ပင်ပန်းပန်းဘာမှလုပ်ဆောင်မှုမရှိပဲ အချိန်တိုတွင်း ကိုယ်အလေးချိန်(၁၀)ပေါင်လောက်ကျဆင်းသွားခဲ့မယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီးရောဂါလက္ခဏာကိုစစ်ဆေးသင့်ပါတယ်။
(၆)အမျိုးသမီးတွေ ရင်သားမှာအဖုအပိန့်တွေထွက်မယ်
ဒါဟာရင်သားကင်ဆာဖြစ်နိုင်ခြေရှိတဲ့ လက္ခဏာကိုပြသနေတာဖြစ်ပါတယ်။ဒါ့အပြင် အဖုအပိန့်တွေထွက်တဲ့အတွက်ကြောင့် ရင်သားရဲ့အရောင်ဟာလည်းပြောင်းလဲသွားမှာဖြစ်ပါတယ်။
(၇)အစာအိမ်ရောင်ပြီး အစာစားရာမှာခက်ခဲမှုတွေရှိလာနိုင်
သားအိမ်ကင်ဆာဖြစ်ပြီဆို အစာအိမ်ယောင်လာပြီး အစာစားရာမှာလည်းခက်ခဲမှုတွေရှိလာမှာဖြစ်တဲ့အပြင် ပြည့်အင်မှုတွေကြောင့် မအီမလည်ဖြစ်နေတဲ့ဝေဒနာတွေကိုခံစားရမှာပါ။
(၈)ကိုယ်ပူမယ်၊ ဖျားမယ်
ကင်ဆာရောဂါလက္ခဏာတွေပြသတဲ့အခါ ကိုယ်ပူပြီး ဖျားတာလည်းပါဝင်ပါတယ်။ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့အခြားနေရာတွေကိုပျံ့နှံ့နေပြီဆိုရင် ကိုယ်ပူပြီးဖျားနာတာတွေဆက်လက်ဖြစ်မှာပါ။သွေးကင်ဆာရောဂါသည်တွေမှာလည်း ဒီလိုကိုယ်ပူပြီးဖျားနာတဲ့လက္ခဏာတွေကိုပြသတတ်ပါတယ်။
(၉)ညဘက် ချွေးထွက်မယ်
ရာသီဥတုကြောင့်ပူအိုက်ပြီး ချွေးထွက်တာမျိုးမဟုတ်ပဲ ပုံမှန်ထက်လွန်ကဲပြီးချွေးထွက်များလာမယ်ဆိုရင်တော့ ဒါဟာခန္ဓာကိုယ်မှာ ကျန်းမာရေးချို့တဲ့မှုတွေကိုပြသနေတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။ဒီလိုပဲ သွေးကင်ဆာရောဂါ ခံစားနေရတဲ့သူတွေဟာလည်း ညဘက်မှာချွေးအလွန်အကျွံထွက်လေ့ရှိတဲ့ရောဂါလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
(၁၀) ဆက်တိုက်ချောင်းဆိုးမယ်၊ အသံဝင်မယ်
ပုံမှန်ချောင်းဆိုးပြီးအသံဝင်တာဟာ ကင်ဆာရောဂါဖြစ်ပွားလို့မဟုတ်ပါဘူး။ဒါပေမယ့် (၃)ပတ်ကနေ(၄)ပတ်လောက်ကြာရှည်ပြီး အသံဟာပျောက်ဆုံးနေခဲ့မယ်ဆိုရင် ဒါဟာ လည်ချောင်းကင်ဆာရောဂါလက္ခဏာဖြစ်ပွားမှုကိုပြသနေတာဖြစ်တယ်လို့ဗြိတိန်ကင်ဆာရောဂါရှာဖွေရေးဌာနကပြောပါတယ်။ လည်ချောင်းကင်ဆာဖြစ်ရင် အသက်ရှုမဝဖြစ်ပြီး အစာမျိုချရာမှာလည်း ခက်ခဲမှုတွေဖြစ်စေနိုင်ပါတယ်။
(၁၁) နာကျင်မှုဝေဒနာတွေခံစားရမယ်
Gym မှာသွားကစားထားလို့ ကိုယ်တွေလက်တွေနာကျင်ကိုက်ခဲတာဟာ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်ပါ။ဒါပေမယ့် ဘယ်မှလဲမသွား ဘာမှလဲမလုပ်ထားပဲ (၃)ရက်ထက်ပိုပြီးကိုယ်တွေလက်တွေနာကျင်ကိုက်ခဲနေမယ် ဆိုရင်တော့ပြဿနာရှိနိုင်ပါတယ်။ခန္ဓာကိုယ်က ဘယ်နေရာမှာကင်ဆာဖြစ်နေတယ်ဆိုတာပေါ်မူတည်ပြီး ဒီကိုက်ခဲမှုဝေဒနာတွေကစောစီးစွာရောဂါလက္ခဏာပြသလေ့ရှိပါတယ်။
(၁၂) သွေးအားနည်းရောဂါဖြစ်ပွားမယ်
သွေးအားနည်းရောဂါရှိသူတိုင်းဟာ ကျန်းမာရေးချို့တဲ့ကြပါတယ်။သွေးအားနည်းရောဂါကနေတစ်ဆင့် သွေးဖြူဥများပြီး သွေးနီဥတွေနည်းလာမယ်ဆိုရင် ဒါဟာ သွေးကင်ဆာရောဂါလက္ခဏာကိုပြနေတာပဲဖြစ်ပါတယ်။ အူမကြီးကင်ဆာဖြစ်ပွားရင်လည်း သွေးအားနည်းရောဂါဖြစ်ပွားတတ်ပါတယ်။
(၁၃)ရေအိမ်သွားတဲ့အချိန်မှာ ပြောင်းလဲမှုတွေကိုတွေ့ရမယ်
ကင်ဆာရောဂါဖြစ်ပွားနေပြီဆိုရင် ကျင်ကြီးစွန့်တဲ့အချိန်ပြောင်းလဲမှုနဲ့ဆီးသွားတဲ့အချိန်တွေမှာ အနည်းငယ်ကွဲပြားခြားနားတဲ့ရောဂါလက္ခဏာတွေကိုတွေ့ရမှာပါ။မစင်ထဲမှာသွေးပါနေရင် ဒါဟာကောင်းတဲ့လက္ခဏာမဟုတ်ပါဘူး။အစာအိမ်ကင်ဆာ သို့မဟုတ် အူမကြီးကင်ဆာဖြစ်ပွားနေမယ်ဆိုရင် ဒီလိုလက္ခဏာတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Thae Su

Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...