Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

အဆစ်အမြစ်ရောင်၊ နာကျင်ကိုက်ခဲတာတွေအတွက် ထိရောက်တဲ့အိမ်တွင်းကုထုံးများ

အသက်အရွယ်ရလာတာနဲ့ လူတွေမှာ အဆစ်အမြစ်ရောင်ရမ်းတာ၊ နာကျင်ကိုက်ခဲတာမျိုး ဖြစ်နိုင်ခြေ များလာပါတယ်။ ဒီလိုအဆစ်ရောင်နာဝေဒနာတွေဟာ အမျိုးအစားအမျိုးမျိုးရှိနိုင်ပါတယ်။ အဖြစ်အများဆုံးက အရိုးအဆစ်ရောင်ရမ်းနာ ဖြစ်ပါတယ်။ ဒီရောဂါမှာဆိုရင် အရိုးတွေကို တည့်မတ်အောင်လုပ်ပေးတဲ့ အရိုးနုအလွှာလေးတွေဟာ အားနည်းလျော့ရဲလာတဲ့အတွက် အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ဖူးယောင်တာ၊ နာကျင်တာမျိုးတွေ ဖြစ်လာပါတယ်။ ဒီလိုအရိုးအဆစ်ရောင်ရမ်းနာတွေကို အိမ်တွင်းကုထုံးတွေနဲ့ ဘယ်လိုသက်သာအောင် နေထိုင်မလဲဆိုတာတော့ brightside ကနေ ကိုးကားဖော်ပြပေးလိုက်ပါတယ်။

ကိုယ်အလေးချိန်ကို ထိန်းပါ



ကိုယ်အလေးချိန်များတဲ့အခါ အရိုးအဆစ်တွေပေါ်မှာ ဝန်ပိမှုဖြစ်စေပါတယ်။ မနိုင်ဝန်ထမ်းရတဲ့အခါ အရိုးအဆစ်တွေကြားထဲက အရိုးနုလေးတွေဟာ အလွယ်တကူ ကျိုးကြေနိုင်ပါတယ်။ ရလဒ်အနေနဲ့ အရိုးအဆစ်ရောင်နာက ပိုဆိုးနိုင်ပါတယ်။ ဒါကြောင့် အဆစ်တွေအပေါ်ဖိအားသက်သာအောင်၊ အဆစ်တွေတောင့်တင်းမနေအောင် ခန္ဓာကိုယ်အလေးချိန်ကို သင့်တင့်မျှတအောင် ထိန်းသင့်ပါတယ်။

နှိပ်နယ်ပေးပါ

(၂၀၁၃) ခုနှစ်တုန်းက အဆစ်ရောင်နာရှိတဲ့လူတွေကို လေ့လာမှုပြုခဲ့ပါတယ်။ ဒီလူတွေကို အုပ်စုနှစ်စုခွဲပြီး တစ်စုကိုတော့ ခပ်ပေါ့ပေါ့ပဲ နှိပ်နယ်ပေးကာ နောက်တစ်စုကိုတော့ သင့်တင့်မျှတရုံအားသုံးပြီး နှိပ်နယ်ပေးပါတယ်။ ရက်သတ္တပတ်(၄) ပတ် အကြာမှာ တွေ့ရတာက သင့်တင့်မျှတရုံအားနဲ့ အနှိပ်ခံတဲ့ ဒုတိယအုပ်စုဟာ အဆစ်ရောင်နေတဲ့နေရာတွေမှာ အနာလျော့သွားတဲ့အပြင် ပိုပြီး လှုပ်ရှားသွားလာလို့ ကောင်းတာကိုလည်း တွေ့ခဲ့ရပါတယ်။

အစာအာဟာရစားသောက်ပုံကို ပြောင်းလဲပါ

အဆီ၊ သကြားနဲ့ သန့်စင်ထားတဲ့ ဂျုံမှုန့်ပါဝင်တဲ့ အစားအသောက်တွေဟာ အူထဲမှာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကိုမွေးဖွားပြီး သွေးဆီပို့လွှတ်ပါတယ်။ ဒီပိုးမွှားတွေကို တိုက်ခိုက်ဖို့ ခန္ဓာကိုယ်ဟာ ကိုယ့်ကိုကိုယ့် ခုခံကာကွယ်ဖို့လုပ်ရာကနေ မမျှော်လင့်ပဲ ကိုယ်ထဲက တစ်ရှူးအကောင်းတွေကိုပါ တိုက်ခိုက်မိသွားပါတယ်။ ဒါဟာ အရိုးအဆစ်ရောင်နာ ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းပါပဲ။
အရိုးအဆစ်ရောင်နာကို သက်သာစေချင်တယ်ဆိုရင် အစားအသောက်စားပုံစားနည်းကို ပြောင်းလဲပစ်ရမှာပါ။ အူကို သက်သာစေပြီး သန့်စင်တဲ့သွေးတွေကိုဖြစ်ပေါ်အောင် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ ပဲနဲ့ အစေ့အဆန်တွေကို များများစားပေးရမှာပါ။ နို့ထွက်ပစ္စည်းတွေနဲ့ ဆီသွတ်ထားတဲ့ အသားတွေကိုတော့ ရှောင်ပေးပါမယ်။

နေ့တိုင်း နေရောင်ခြည်ခံပါ

နေရောင်ခြည်ခံခိုင်းတာကတော့ ဗီတာမင် ဒီ ရအောင်ပါ။ အဝတ်အစားဝတ်ပြီး နေနည်းနည်းလောက် ခံလိုက်ရင်တောင် စာဖတ်သူရဲ့ခန္ဓာကိုယ်ဟာ ဗီတာမင် ဒီ (၂) ပတ်စာလောက် လုံလောက်နေမှာပါ။ တကယ်လို့ စာဖတ်သူဟာ အဆစ်ရောင်နာရှိတယ်ဆိုရင် နေ့တိုင်း နေပူထဲကို မိနစ်အနည်းငယ်လောက် ထွက်ပေးဖို့လိုပါတယ်။ အချိန် အကြာကြီးတော့ မလိုပါဘူး။ သိပ္ပံအထောက်အထားတွေအရ နေရောင်ခြည်ရှားပါးပြီး ရာသီဥတု စွတ်စိုမိုးရွာတဲ့ဒေသမှာနေထိုင်သူတွေဟာ အဆစ်ရောင်တဲ့အခါ နာကျင်မှုဒဏ်ကို ပိုခံစားကြရတယ်လို့ သိရပါတယ်။

ထမင်းစားတိုင်း ဂျင်းစားပေးပါ

ဂျင်းတက်ဟာ ရောင်ရမ်းတာ၊ အဆစ်နာတွေကို ဟန့်တားနိုင်တဲ့ အစွမ်းရှိပါတယ်။ သူ့မှာပါဝင်တဲ့ ဖိုင်တိုကယ်မီကယ် ကွန်ပေါင်းတွေက အဆစ်ရောင်တာကို သက်သာလျော့ပါးစေပါတယ်။ ဂျင်းကို ရေရှည်စားသုံးနိုင်ရင်တော့ အကောင်းဆုံးပါ။ လတ်လတ်ဆတ်ဆတ် စားတာပဲဖြစ်ဖြစ်၊ အမှုန့်ပြုပြီး သောက်တာပဲဖြစ်ဖြစ် ထမင်းစားတိုင်းမှာ မှီဝဲပေးပါ။ အဆစ်ရောင်နာသမားတွေအတွက်တော့ ဂျင်းက အများကြီးအကျိုးပြုတဲ့အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
လင်းလင်း (ShweMom)




Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...