Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားတွေနေထိုင်ကြောင်း NASA ပညာရှင်တစ်ဦး ထုတ်ဖော်

NASA မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သိပ္ပံပညာရှင်ဟောင်းတစ်ဦးကတော့ အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားတွေ အမှန်တကယ်နေထိုင်တယ်ဆိုတာ သေချာကြောင်း ဆိုပါတယ်။ သိပ္ပံပညာရှင်ရဲ့နာမည်ကတော့ Gilbert V Levin ဖြစ်ပြီး၊ အငြိမ်းစားယူထားပြီဖြစ်တဲ့ သိပ္ပံပညာရှင်၊ စာရေးဆရာတစ်ဦး ဖြစ်ပါတယ်။
Levin ရဲ့အဆိုအရ အင်္ဂါဂြိုဟ်ပေါ်မှာ နေထိုင်တဲ့ ဂြိုဟ်သားတွေကို လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)ကတည်းက အတည်ပြုနိုင်ခဲ့တာပါတဲ့။ သူဟာ ဒီအကြောင်းကို Scientific American ဂျာနယ်မှာ အတိအလင်းထုတ်ဖော်ရေးခဲ့တာပါ။ (၁၉၇၅)ခုနှစ်မှာ NASA ဟာ Viking စစ်ဆင်ရေးစတင်ခဲ့ရာ၊ အဲဒီအတောအတွင်းမှာ ဂြိုဟ်သားတွေ အင်္ဂါဂြိုဟ်မှာ နေထိုင်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။
NASA ဟာ ထိုစဉ်တုန်းက အင်္ဂါဂြိုဟ်ဆီကို အာကသယာဉ်နှစ်စီးနဲ့ လေ့လာရေးသမား (Lander)နှစ်ဦး စေလွှတ်ခဲ့ကြောင်း၊ ထိုစဉ်က Lander နှစ်ယောက်ရဲ့ ကြိုစားမှုနဲ့ အင်္ဂါဂြိုဟ်မျက်နှာပြင်ရဲ့ ပထမဆုံးကာလာဓာတ်ပုံတွေ ရရှိခဲ့ပါတယ်။ Levin ဟာ ထိုစဉ်က သက်ရှိခြေရာခံစက် Labelled Release စက်တစ်လုံးကို ထိန်းချုပ်မောင်းနှင်ရတာဖြစ်ပြီး၊ (၁၉၇၆)ခုနှစ်မှာ အပြုသဘောဆောင်တဲ့ ရလဒ်ကို လက်ခံရရှိခဲ့တယ်လို့ ဆိုပါတယ်။
သူုတို့ဟာ အပြုသဘောဆောင်တဲ့ ရလဒ်(၄)ခုကို အတည်ပြုနိုင်ခဲ့ပြီး၊ ဒီရလဒ်ကို အတည်ပြုနိုင်ဖို့ မတူညီတဲ့စက်(၅)မျိုးရဲ့ဝန်းရံမှုကို အသုံးပြုကာ အတည်ပြုချက်တွေ ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ၎င်းစက်တွေကို စေလွှတ်လိုက်တဲ့ အာကာသယာဉ်နှစ်စီးက မိုင်(၄၀၀၀)အကွာဆီမှာ နေရာချထားပြီးစုံစမ်းထောက်လှမ်းစေခဲ့တာပါလို့ လ က ပြောပါတယ်။
သူတို့ဟာ မြေသားနမူနာထဲမှာ Microbial respiration ရှိမရှိကို စမ်းသပ်ခဲ့ပေမယ့်၊ သက်ရှိတွေရဲ့ လက္ခဏာရပ်တွေကို ခြေရာမခံနိုင်ခဲ့ပါဘူး။ သို့သော်လည်း NASA ဟာ သက်ရှိအတုအယောင်သဘောမျိုး သို့တည်းမဟုတ် သက်ရှိလို့ ယူဆရတဲ့အရာတွေကို အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Levin ရဲ့အဆိုအရ NASA ဟာ (၂၀၂၀)မှာ အင်္ဂါဂြိုဟ်ဆီကို နောက်ထပ်အာကာသယာဉ်တွေ စေလွှတ်ဦ်းမှာဖြစ်ကြောင်း၊ ဒါပေမယ့် သက်ရှိတွေ အဲဒီအပေါ်မှာ ရှိမရှိစမ်းသပ်ဖို့ ကိရိယာတွေ ပါဝင်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ (၂၀၁၆)ခုနှစ်တုန်းကလည်း Levin ဟာ The Case for Extant Life on Mars and Its Possible Detection by the Viking Labelled Release Experiment ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့ပြီး၊ လူအများ စိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။
လင်းသူရိန်



Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...