Skip to main content

သွေးဆုံးကာနီး အမျိုးသမီးတွေ သွေးကစားရင် ဖြစ်တတ်တဲ့ ” အချက် ၆ ချက် ” နဲ့ ဆေးနည်

အဝတ်အစားဖက်ရှင်ပုံစံ တစ်မျိုးတည်းကိုပဲ နေ့တိုင်းဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်များ

လူတွေ နေ့စဉ်တိုင်း စဉ်းစားတတ်တဲ့ အတွေးတစ်ခုရှိပါတယ်။ အပြင်မသွားခင်မှာ ပိုပြီး စဉ်းစားလေ့ရှိတာပါ။ နေ့စဉ်တိုင်းမှာ အပြင်မထွက်ခင်၊ လူကြားထဲ မသွားခင် ဘာဝတ်သွားရင် ကောင်းမလဲ စဉ်းစားရတာဟာ လူသားတိုင်းရဲ့ အခြေခံအကျဆုံး ရွေးချယ်မှုတွေထဲက တစ်ခုပါ။ “တောင်းအမှာ အကွပ်၊ လူမှာအဝတ်” ဆိုတဲ့ ရှေးစကားအတိုင်းပဲ အဝတ်အစားဆိုတာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ အဆင့်အတန်းဖော်ပြဖို့ အတွက် အရေးကြီးပါတယ်။ ဒါပေမယ့် ခေါက်ရိုးကျိုးနေတဲ့ သတ်မှတ်ချက်တွေကို တွန်းလှန်ပြီးတော့ အခြေခံအကျဆုံး ရွေးချယ်မှုကို ဂရုမစိုက်ပဲ လူမြင်ကွင်းကို ထွက်တိုင်း အဝတ်အစား ဖက်ရှင်ပုံစံ တစ်မျိုးတည်း ကိုဝတ်တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေကို ဖော်ပြပေးလိုက်ပါတယ်။






MARK ZUCKERBERG 
(၂၀၁၄)ခုနှစ်တုန်းက Facebook အသုံးပြုသူတွေနဲ့ အမေးအဖြေပြုလုပ်တဲ့ ပွဲတစ်ပွဲမှာ အခုလိုမျိုးပြောခဲ့ပါတယ်။ “ကျတော့် ဘဝကို အတတ်နိုင်ဆုံး ရှင်းရှင်းလင်းလင်းနဲ့ နေချင်ပါတယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချရမယ့် ကိစ္စတွေကို တတ်နိုင်သမျှ နည်းအောင်လုပ်ချင်လို့ပါ”

BARACK OBAMA 
Vanity Fair မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ (၂၀၁၂)ခုနှစ်က အင်တာဗျူးမှာ အိုဘားမားက “ကျွန်တော် မီးခိုးရောင်နဲ့ အပြာရောင် suits တွေပဲ ဝတ်တာကို ခင်ဗျားတို့ တွေ့မှာပါ။ ကျွန်တော့်ဘဝမှာ စားဖို့နဲ့ ဝတ်ဖို့အတွက် စဉ်းစားပြီး ဆုံးဖြတ်ချက်ချရ တာကို မလုပ်ချင်ပါဘူး။ ဒီထက်ပိုအရေးကြီးပြီး ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ တစ်ခြားကိစ္စတွေ အများကြီးပါ” လို့ ဖြေသွား ခဲ့ပါတယ်။

STEVE JOBS 

ဖက်ရှင်တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ ဝတ်ခဲ့တဲ့ စတိဗ်ဂျော့ဘ်က “ကျွန်တော့်မှာ တစ်ဘဝလုံးစာ ဝတ်စရာ အလုံအလောက်ရှိပါတယ်။ အကျီင်္ထပ်ဝယ်စရာ မလိုတော့ပါဘူး” ဆိုပြီး ပြောခဲ့ဖူးပါတယ်။

DEAN KAMEN

လျှပ်စစ်စကူတာတွေ ထုတ်လုပ်တဲ့ ကမ္ဘာ့ထိပ်တန်းကုမ္ပဏီ Segway တည်ထောင်သူ ဒင်းကေမန်းရဲ့ ပြောစကားပါ။ “ကျွန်တော် အလုပ်လုပ်တဲ့ အချိန်တိုင်းမှာ အလုပ်မှာ ဝတ်ရတဲ့ ဝတ်စုံကို ဝတ်ဆင်ပါတယ်။ မအိပ်ပဲ နိုးနေတဲ့ အချိန်တိုင်း ဟာ ကျျွန်တော့်အတွက် အလုပ်ချိန်ပါ”

CHRISTOPHER NOLAN




ခရစ်တိုဖာ နိုလန်ဟာ  Batman: The Dark Knight Triology , Intersteller , Inception နဲ့ Dunkirk တို့လို ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ူးခဲ့တဲ့ ဒါရိုက်တာတစ်ဦးပါ။ (၂၀၁၄)ခုနှစ်က New York Times မဂ္ဂဇင်းနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ” နေ့တိုင်း ဘာဝတ်မလဲ စဉ်းစားနေရတာ ဟာ မလိုလားအပ်တဲ့ အချိန်ဖြုန်းတီးမှု တစ်ခုပါ” လို့ ဖြေကြားခဲ့ပါတယ်။

ALBERT EISTEIN

ဟစ်တလာရဲ့ အယူအဆတွေကို မကြိုက်လို့ ဂျာမဏီကနေ အမေရိကန်ကို ရွှေ့ပြောင်းလာခဲ့တဲ့ (၁၉၃၃)ခုနှစ်ကစပြီး အိုင်စတိုင်းဟာ မီးခိုးရောင် ကုတ်အကျီင်္ကိုပဲ နေ့တိုင်း ဝတ်ဆင်ခဲ့ပါတယ်။
Ref : CNN



Comments

Popular posts from this blog

ဒူးနာခါးနာတဲ့ လူတွေအတွက် ဘဲဥပြုပ်ကုထုံး

ဒူးနာခါးနာတဲ့ မိဘတွေအတွက် အကျိုးများမယ့် ဆေးနည်း (ယုံယုံကြည်ကြည်လုပ်ပါ) ဘဲဥကိုပွက်နေသော ရေနွေးအိုးထဲ့ကို ၂ မိနစ်ခန့်ပြုတ်လိုက်ပြီး ဆယ်ယူလိုက်ပါ ။ ဆယ်ယူလိုက်သည့် ဘဲဥကို ပန်းကန်လုံးထဲ့ကို ဖောက်ထည့်လိုက်ပါ ။စားကောင်းစေရန် သကြားအနည်းငယ် သင် စားကောင်းစေလောက် သည့် အနေအထားသို့ထည့်ပြီး ခေါက်စားလိုက်ပါ ။ တခြားမည်သည် အရာမှ ရောစပ်ပြီး မစားရပါ ဘဲဥတလုံးကိုတော့ ကုန်အောင် စားရပါလိမ့်မည် ။တနေ့ကို ဘဲဥတလုံးကို ကုန်အောင်စားရပါလိမ့်မည် ။ ထိုနည်းအတိုင်း နေ့စဉ် ဘဲဥတလုံးစီ စားသုံးရမည်၊ အနည်းဆုံး မိမိအသက်၏ တဝက် အလုံးရေအထိ စားသုံးရမည် ။( ဥပမာ ) အသက် ၄၀-နှစ်ရှိလျှင် အနည်းဆုံး ဘဲဥ အလုံးရေ (၂၀ ) စားသုံးရမည် ။ ထိုထက် များများစားသုံးနိုင်လျှင် ပိုကောင်းပါသည်။ဘဲဥစားသုံးခြင်းသည် လိုအပ်သော ခြင်ဆီဓာတ်အတွက် ပြန်လည်ဖြစ်ပေါ်စေရန်ဖြစ်ပါသည် ။ ထိုကဲ့သို့ စားသုံးခြင်းဖြင့် ခါး-ဒူးတို့တွင် ရိုးတွင်းခြင်ဆီ ခန်းခြောက်ခြင်းကို ပြန်လည်ဖြည့်တင်းပေးပြီး ခါးနာ ဒူးနာများ သက်သာပျောက်ကင်းသွားပါလိမ့်မည်။ ” လေမဖြတ်စေရန် အတွက် ” လေဖြတ် ရောဂါသည် ကြောက်စရာအလွန်ကောင်း၏ ။တစ်ခါထဲသေသွားရင် ဘာမှမဖြစ်သော်လည်း နာတာရှည်မလုပ်နိုင် မကိုင်နိုင်ဘဝသည် သေ...

သံလွင်ဆီ၏ အသုံးဝင်ပုံ ခုနှစ်မျိုး

သံလွင်ဆီဟာ တခြားဆီတွေထက် ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့် သံလွင်ဆီစားတဲ့ သူတွေက ယေဘုယျအားဖြင့် အသက်ရှည် ကျန်းမာကြတာကို တွေ့ရပါတယ်။  သံလွင်ဆီမှာ ဗီတာမင် အေ၊ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဗီတာမင်စီ၊ ဒီ၊ အီးနဲ့ ကေစတဲ့ ဗီတာမင်ဓာတ်တွေ ပါဝင်ပြီး သံဓာတ်နဲ့ အိုမီဂါ ၉ လည်း ပါဝင်ပါတယ်။ ဒါကြောင့် သံလွင်ဆီဟာ ကင်ဆာကို ကာကွယ်နိုင်ပြီး အယ်လ်ဇိုင်းမား ရောဂါ ရှိသူတွေမှာ ဝေဒနာ သက်သာစေတဲ့ အာနိသင်လည်း ရှိပါတယ်။ ဒါ့အပြင် သံလွင်ဆီဟာ အောက်ပါ အခြေအနေတွေမှာလည်း အသုံးဝင်မှု ရှိပါတယ်။ (၁) ချက်ပြုတ်ခြင်း ဟင်းလျာတွေ ချက်ပြုတ်ရာမှာ တခြားဟင်းချက်ဆီအစား ဒါမှမဟုတ် ထောပတ်အစား အသုံးပြုပေးရင်ကျန်းမာရေးအတွက် ကောင်းကျိုးတွေ အများကြီး ရှိပါတယ်။ (၂) အသားအေရ ရေချိုးပြီးတဲ့အခါ ခန္ဓာကိုယ်ကို သံလွင်ဆီနဲ့ ညင်ညင်သာသာ လိမ်းပေးပါက အစိုဓာတ်ထိန်းတဲ့ အာနိသင်ကို ရရှိစေပါတယ်။ မျက်နှာသစ်ပြီးချိန်မှာ မျက်နှာကို လိမ်းပေးပါ။ အမွေးရိတ်ရာမှာ ဒါမှမဟုတ် မျက်ဝန်းအပါအဝင် မျက်နှာပေါ်က မိတ်ကပ်တွေ ဖျက်ရာမှာ သံလွင်ဆီက အသုံးဝင်ပါတယ်။ (၃) ဆံပင်သား၊ လက်သည်းခြေသည်း ဆံပင်သားပေါ် သံလွင်ဆီ လိမ်းပေးရင် ဆံပင်သား ထိခိုက်ပျက်စီးတာ၊ ဖွာတာ၊ ကျိုးပဲ့တာ စတာတွေကို သက်သာစေပ...

ရင်သားကင်ဆာဝေဒနာအတွက် သပြေသီး

     ဝမ်းတွင်းသို့ ရွှေမှုန့် ကြေးမှုန့် သံမှုန့် မြေဖြူ မှုန့် မြေကြီးမှုန့် ဆံပင်မွှေးများ စသည်တို့ ဝင်ရောက်၍ ဝမ်းဗိုက်အောင့်           ခြင်း ထိုးခြင်းဖြစ်ပါက သပြေသီးကို သတိရကြပါ။ ၁။ သပြေသီးမှည့်ချိန်တွင် သပြေသီးမှည့်(၁၀)လုံးကို ဆားဖြင့် တို့စားခြင်းအား(၇)ရက် ပြုလုပ်ပြီး(၇)ရက်ပြည့်လျှင် မန်ကျည်းဖျော်ရည် သောက်ပေးရသည်။ ဝမ်းတွင်းရှိ အမှုန့် အမွှားများ ဆံပင်ထွေးများ အညစ်အကြေးနှင့် အတူပါသွား        တော့သည်။ ၂။ သပြေခေါက်ကို အမှုန့်လုပ်ပြီး နေ့စဉ် တစ်နေ့ ကော်ဖီဇွန်း(၁)ဇွန်း (၁)လတိတိ စားပြီး ဝမ်းနှုတ်ပေး၍လည်း မလိုလား      အပ်သော အမှုန့်များ ဆံပင်ချည်ထွေးများ ကျစေပါသည်။ ဆံပင်ညှပ်ဆရာတစ်ဦး ပြောပြသောနည်း ဖြစ်ပါသည်။      ဆံပင်ညှပ်ခြင်းဖြင့် အသက်မွေးဝမ်းပြုရာက ဝမ်းတွင်းသို့ ဆံပင်စများ ဝင်သည် များလာကာ ဗိုက်အောင့်သည်ဆို၍      ဆေးအမျိုးမျိုး သောက်သော် လည်း မပျောက်ကင်းနိုင်ခဲ့ပါ။ နောက်ဆုံး သပြေသီးမှည့် ဆေးနည်းဖြင့် အညစ်အကြေ း      နှင့်အတူ ဆံပင်ထွေးများကျသွားသည် ဟု ဆ...