ကျန်းမာရေးကို အထောက်အကူပြုတဲ့ အစားအစာတွေအကြောင်း လူတွေသိရှိပြီးနောက် မှာ ဒီအစားအစာတွေကို လူတွေ လိုက်လံစားသုံးလာကြပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ဘယ်လောက်ပဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအစာဖြစ်ဖြစ် လိုတာထက်ပိုတဲ့အခါ ဆိုးကျိုးဖြစ်စေတယ်ဆိုတာကို မေ့ထားလို့မရပါဘူး။ ကဲအခုလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ superfoods တွေဟာလည်း လိုတာထက်ပိုစားရင် ဘာတွေဖြစ်နိုင်လဲဆိုတာကို Brightside ကဖော်ပြပေးလိုက်ပါတယ်။
Carrots
beta-carotene ဓာတ်အပြည့်ပါတဲ့ မုန်လာဥနီဟာ သင့်ခန္ဓာကိုယ်တွင်း vitamin A ဓာတ်ကို အပြည့်အဝပေးစွမ်းပါတယ်။ ဒါပေမယ့် beta-carotene ကပေးတဲ့ vitamin A ဓာတ်ဟာ ပိုတယ်ဆိုတာမရှိပါဘူး။ ဘယ်လောက်စားစားရရှိတဲ့ ပမာဏကဒီလောက်ပါပဲ။ vitamin A ဓာတ်ပိုရအောင် ပိုစားကာမှ beta-carotene ဓာတ်တွေသာပိုများပြီး သင့်အရေပြားကို အဝါရောင်ဖြစ်လာစေပါတယ်။ ဒါပေမယ့် အန္တရာယ်တော့မပေးပါဘူး။ သင်စားတာလျော့လိုက်ရင် နဂိုအသားအရည်ပြန်ရလာပါလိမ့်မယ်။
Kombucha
Kombucha ဟာ တရုတ်ရိုးရာ ဖျော်ရည်တစ်မျိုးဖြစ်ပြီး အစာခြေစနစ်ကို ကောင်းမွန်စေတဲ့အကျိုးကျေုးဇူးအပြင်၊ အူတွင်းကကောင်းတဲ့ ဘက်တီးရီးယားကို ပိုထုတ်ပေးပါတယ်။ ဒါပေမယ့် FODMAP ဆိုတဲ့ ဒြပ်ပေါင်းတစ်ခုပါဝင်တဲ့အတွက် များများသောက်တဲ့အခါ အချည်ဖောက်တတ်ပြီး ဖောယောင်တာနဲ့ အစာကြေစနစ်ကိုထိခိုက်စေပါတယ်။
Water
ရေဟာ လူတွေအတွက် အရေးအကြီးဆုံးအရာဆိုပေမယ့် ရေကိုအလွန်အကျွံသောက်တဲ့အခါလည်း ဆိုးကျိုးဖြစ်ပါတယ်။ ရေအလွန်အကျွံသောက်ခြင်းကြောင့် electrolyte ဓာတ်မညီမျှဖြစ်ပြီး ဆိုဒီယမ်အဆင့်ကျဆင်းကာ ကျောက်ကပ်ကို အလုပ်ကောင်းကောင်းမလုပ်နိုင်ဖြစ်စေပါတယ်။ နောက် အရေးကြီးတဲ့ဆိုးကျိုးတွေက ဦးနှောက်အတွင်းရေစုဆောင်းခြင်းကြောင့် ဦးခေါင်းခွံမဆန့်နိုင်ဘဲ သွေးဖိအားတိုးလာစေပါတယ်။ ဒါဟာ သာမာန်လူတွေအတွက် လေ့ကျင့်ခန်းအပြင်းမထန်လုပ်လို့ ရေအသာက်များတဲ့ အားကစားသမားတွေမှာ ပိုဖြစ်တယ်လို့သိရပါတယ်။
Avocado
ထောပတ်သီးမှာ အမျှင်ဓာတ်နဲ့ ဗီတာမင်ဓာတ် များစွာ ပါဝင်ပါတယ်။ သူက သင့်ရဲ့ မကောင်းတဲ့ကိုလက်စတော(LDL)တွေလျော့နည်းစေနိုင်ပြီး၊ ကောင်းကျိုးပေးတဲ့အဆီဓာတ်များစွာပါတာကြောင့် သင့်ဆဲလ်တွေကို စောင့်ရှောက်ပေးပါတယ်။ ဒါပေမယ့်အဆီကအဆီပါပဲ။ ထောပတ်သီးတစ်လုံးဟာ ကယ်လိုရီ(၂၄၀)ပါဝင်တာကြောင့် ဒီပမာဏာဟာ လူတစ်ယောက်ရဲ့ကယ်လိုရီစားသုံးမှုရဲ့ 10%-20% ခန့်ဖြစ်တာကြောင့် ကယ်လိုရီအများအပြားစားတဲ့အခါ သွေးလွှတ်ကြောပိတ်ဆို့မှုကို ဖြစ်နိုင်ပါတယ်။
Chia Seeds
chia seeds မှာ omega-3 များစွာပါဝင်တာကြောင့် သူ့ကို superfood အဖြစ်သတ်မှတ်ကြပါတယ်။ ဒါပေမယ့် အခုထိသူ့မှာကျန်းမာရေးနဲ့ညီညွတ်တဲ့ဆိုတဲ့ အထောက်အထားမရှိသေးပါဘူး။ တကယ်တော့ chia seeds ဟာ ဆော်လမွန်ငါးလောက် omega 3 ပါဝင်မှုမများဘဲ၊ ဆော်လမွန်ငါးလောက် omega 3 ရဖို့ဆို chia seeds (၁၀၀)ဂရမ်လောက်စားသုံးဖို့လိုပါတယ်။နောက်ပြီး၊ chia seeds (၁၀၀)ဂရမ်ဟာ ကယ်လီရီ(၅၀၀)ခန့်နဲ့ညီမျှတယ်လို့သိရပါတယ်။
Crd:Khaing Sandar





Comments
Post a Comment