unicode
ရောဂါဝေဒနာခံစားနေရသော ဝေဒနာရှင်မျိုးစုံမှ အသီးသီး တောင်းဆိုလာကြသော ဆေးနည်းများအတွက် အစွမ်းထက်သော မြန်မာ့ရိုးရာသဘာဝဆေးနည်းများကို ကျန်းမာရေးသတင်းများမှ အများအကျိုးကို မျှော်ကိုး၍ ဖော်ပြပေးလိုက်ပါသည်။
(၁) ပန်းနာရင်ကျပ်ရောဂါအတွက်
ယူကလစ်ပင်၏ အရွက်အစိမ်း ခပ်သန့်သန့်ကို ၇ ရွက်ခန့် ခူ၍ ရေ ၃ ခွက် ၁ ခွက် ပြုတ်ကာ ၎င်းအနံ့ကို ရှူရှိုက်ပေးပါ။ အသက်ရှူလွယ်ကူလာ၍ ပန်းနာရင်ကျပ် ချက်ချင်း သက်သာလာပါမည်။
(၂) မီးယပ်ရောဂါအတွက်
ရှားစောင်းလက်ပတ်၏ အတွင်းသားကို ခြစ်ယူ၍ ပေါက်ပင်ပဉ္စငါးပါးနှင့်မီးရှို့ကာ ရလာသော ပြာကို ချက်သည့်ဆားအနည်းငယ်ဖြူးကာ စားသုံးပေးပါက မီးယပ်သွေးစင်ကြည်၍ သက်သာပျောက်ကင်းပါသည်။
(၃) ဆီးပူ၊ ဆီးအောင့်၊ ဆီးထိုးနေလျှင်
ရှားစောင်းအတွင်းသားကို ခြစ်ယူ၍ ဆန်ဆေးရည်ဖြင့် စိမ်ကာ သကြားအနည်းငယ်ထည့်၍ သောက်သုံးပေးပါက ဆီးရောဂါများ သက်သာပျောက်ကင်းပါသည်။
(၄) အစားအစာထဲ အဆိပ်အတောက်ဖြစ်လျှင်
သနပ်ခါးပင်၏ အမြစ်ကို အမှုန့်ကြိတ်၍ ၃ ကျပ်သားခန့်ကို သကြားအနည်းငယ်၊ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်းခန့်ဖြင့် ရော၍ ရေနွေးဖြင့် သောက်လျှင့် အဆိပ်ပြေစေပါသည်။
(၅) ပျို့ခြင်း၊ အန်ခြင်း၊ နှလုံးနာခြင်းများအတွက်
နံနံစေ့ကို သကြားနှင့်ပြုတ်၍ အအေးခံကာ ဆန်ဆေးရည်အနည်းငယ်နှင့် ရောစပ်၍ သောက်ပေးပါက ပျို့ခြင်း၊ အန်ခြင်း၊ နှလုံးနာခြင်းများပျောက်ကင်းစေပါသည်။ (အထူးသဖြင့် ကိုယ်ဝန်တည်ကာစ အမျိုးသမီးများအတွက် ဆေးကောင်းတစ်လက်ဖြစ်ပါသည်)။
(၆) ပွေး၊ ဝဲ၊ နှင်းခူများပေါက်လျှင်
သင်္ဘောမဲဇလီရွက်ဖြင့် တစ်နေ့ကို ၂ ကြိမ် ညင်သာစွာ ပွတ်တိုက်ပေးလျှင် ပွေး၊ ဝဲ၊ နှင်းခူများ သက်သာပျောက်ကင်းစေပါသည်။ အရွက်ကို ထောင်း၍ တမာရွက်ပြုတ်ရည်နှင့် လိမ်းပေးပါက ဝဲနာ၊နူနာများ ပျောက်ကင်းပါသည်။
(၇) နားကိုက်ရောဂါအတွက်
ကြက်သွန်နီကို မီးဖုတ်၍ အရည်ညစ်ယူကာ အရည်ခပ်နွေးနွေးဖြင့် နားထဲကို အနည်းငယ်စီ စွပ်ပေးလျှင် နားကိုက်သက်သာစေပါသည်။
(၈) ဆီးနာခြင်း၊ ဆီးအောင့်ခြင်း၊ ဓမ္မတာလွန်ခြင်းများအတွက်
ကန်စွန်းရိုးနီပင်ကို ဘူးရွက်၊ မန်ကျီးရွက်တို့နှင့် ရောကြိတ်၍ ဆန်မှုန့်ညက်နှင့်ဖျော်၍ ဆီးခုံပေါ် အုပ်ထားပေးပါက ၁၅ မိနစ်အတွင်း ဆီးကျဆင်း၏။ ဓမ္မတာလွန်ခြင်းလည်း ရပ်တန့်စေပါသည်။
(၉) ကျောက်တည်၊ ဆီးပူ၊ ဆီးချုပ်ရောဂါများအတွက်
သံမနိုင်ကျောက်မနိုင်ပင်၏ ပဉ္စငါးပါးကို အရည်ညစ်ယူကာ ကျိုချက်၍လည်းကောင်း၊ အခြောက်လှန်းထားကာ လက်ဖက်ရည်ကဲ့သို့ ပြုလုပ်၍ သောက်လျှင် ဆီးပူ၊ ဆီးချုပ်များသက်သာပျောက်ကင်း၍ ကျောက်တည်သူများ ကျောက်ကို ကျသွားစေနိုင်ပါသည်။
(၁၀) သွားနာခြင်း၊ သွားဖုံးယောင်ခြင်းများအတွက်
နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေထက်ဝက်ခန်းအောင်ပြုတ်၍ ၎င်းဆေးရည်ဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာခြင်း၊ သွားဖုံးယောင်များ၊ သွားဖုံးမှ ပြည်ယိုခြင်းများ သက်သာပျောက်ကင်းစေပါသည်။
ကျန်းမာရေးသတင်းများ စာမျက်နှာကို ဖတ်ရှူသူ မိဘပြည်သူများအားလုံး ရောဂါဝေဒနာကင်းစင်၍ ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ
zawgyi
(၂) မီးယပ်ရောဂါအတွက်
(၇) နားကိုက်ရောဂါအတွက်
နန်းလုံးကြိုင်ပင်၏ အခေါက်ကို ရေထက်ဝက်ခန်းအောင်ပြုတ်၍ ၄င်းဆေးရည်ဖြင့် ပလုတ်ကျင်းခြင်း၊ ငုံခြင်းများ ပြုလုပ်ပေးပါက သွားနာခြင်း၊ သွားဖုံးယောင်များ၊ သွားဖုံးမှ ပြည်ယိုခြင်းများ သက်သာပျောက်ကင်းစေပါသည်။
ကိုးကား ။ ။ မြန်မာ့ဆေးကျမ်းများ
Comments
Post a Comment